Skip to main content
x
သီရိမင်္ဂလာတောင်တော်(တောင်ကွဲစေတီတော်)

သီရိမင်္ဂလာတောင်တော်ပေါ်ရှိ တောင်ကွဲစေတီတော်မြတ်သည် ကယားပြည်နယ်၏ အထင်ကရ ဘာသာရေးမှတ်တိုင်တစ်ခုဖြစ်သည်။ မတူညီသော ပုံသဏ္ဍာန်အမျိုးမျိုးရှိသည့် သဘာဝ တောင်ထိပ်()ခုတွင် စေတီတော်(၁၂)ဆူအား တည်ထားကိုးကွယ်ထားပါသည်။ ပထမဆုံးသော စေတီတော်ကို (၁၉)ရာစုနှစ်တွင် လွိုင်ကော်မြို့စားကြီးမှတည်ထားကိုးကွယ်ခဲ့ပါသည်။ သီရိတောင် (သို့) မင်္ဂလာသီရိတောင်ဟုခေါ်ဝေါ်ခဲ့ရာမှ သီရိမင်္ဂလာတောင်ဟူ၍ (၁၉၇၀)ခုနှစ်လောက်က ပြောင်း လဲခေါ်တွင်ခဲ့ပါသည်။ ကျက်သရေမင်္ဂလာနှင့် ပြည့်စုံသောတောင်ဟု အဓိပ္ပါယ်ရပါသည်။

သီရိမင်္လာတောင်တော်သည် အမြင့် (၃၈၇) ပေ ရှိပါသည်။ လွိုင်ကော်မြို့၏ အဓိက အချက်အခြာကျသောနေရာတွင် တည်ရှိပြီး စေတီတော်ပေါ်မှနေ၍ လွိုင်ကော်မြို့၏ ရှုခင်းများကို တွေ့ရှိခံစားနိုင်ပါသည်။

 

စေတီတော်(၁၂)ဆူ၏ အမည်နှင့် တည်ဆောက်ခဲ့သည့် ခုနှစ်များ

၁။      ရွှေယပ်တောင်စေတီတော် (၁၈၉၅ ခုနှစ်)

၂။       ရွှေရင်အေးစေတီ              (၁၉၁၃ ခုနှစ်)

၃။      ကျောက်သမ္ဗာန်                (၁၉၁၄ ခုနှစ်)

၄။      အောင်တော်မူစေတီ          (၁၉၂၉ ခုနှစ်)

၅။      ဆုတောင်းပြည့်စေတီ        (၁၉၂၉ ခုနှစ်)

၆။      ပြည်လုံးချမ်းသာ               (၁၉၃၃ ခုနှစ်)

၇။      အောက်ကျိုက်ထီးရိုးစေတီ  (၁၉၃၃ ခုနှစ်)

၈။      အထက်ကျိုက်ထီးရိုးစေတီ  (၁၉၃၄ ခုနှစ်)

၉။      ရွှေပြည်အေးစေတီ            (၁၉၅၀ ခုနှစ်)

၁၀။    ဇေယျာသိဒ္ဓိ(ပါရမီ)စေတီ    (၁၉၉၂ ခုနှစ်)

၁၁။    ကန္ဒရဝတီစေတီ               (၁၉၉၄ ခုနှစ်)

၁၂။     ရွှေပိတုန်းစေတီ                (၁၉၉၂ ခုနှစ်)