ကယားပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းဆပ်ကော်မတီမှ လွိုင်ကော်မြို့၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲကျင်းပ
ကယားပြည်နယ်၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ပညာသင်ကြားနေသည့် လူငယ်များအားကျောင်းပိတ်ရက် ကာလအတွင်း နေ့စဉ်အသုံးပြုလျက်ရှိသည့် ဆပ်ပြာအမျိုးမျိုးနှင့် လူသုံးကုန်ပစ္စည်းများ၏ ထုတ်လုပ်မှုနည်းပညာကို သိရှိစေရန်နှင့် ပညာသင်ကြားသည့်ကာလပြီးဆုံးပါက အတန်းပညာ အပြင် အသက်မွေးဝမ်းကျောင်းပညာတစ်ခုရရှိစေပြီး ၎င်းတို့၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း (၂/၂၀၂၆)ဖွင့်ပွဲကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ၂၁ ရက်နေ့၊ နံနက်(၉း၃၀)နာရီခွဲ အချိန်က ကျင်းပခဲ့ပါသည်။
သင်တန်းကို ကယားပြည်နယ်အစိုးရအဖွဲ့၏ ဘဏ္ဍာငွေထောက်ပံ့မှုဖြင့် ကယားပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ဆပ်ကော်မတီမှ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ် ဒေသနှင့်တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်း၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကယားပြည်နယ် အလုပ်သမားညွှန်ကြားရေးမှူးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွည် ချက်နှင့် သင်တန်းဖွင့်အမှာစကားပြေားကြား၍ သင်တန်းသုံးကုန်ကြမ်းပစ္စည်းများကို သင်တန်း ဆရာထံလွှဲပြောင်းပေးအပ်ကာ တက်ရောက်လာသောဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သင်တန်း သား/သင်တန်းသူများ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။
အဆိုပါ သင်တန်းကို ၂၁-၁၁-၂၀၂၆ ရက်နေ့မှ ၂၅-၁၁-၂၀၂၆ရက်နေ့အထိ(၅)ရက်ဖွင့်လှစ်၍ စာတွေ့/လက်တွေ့ သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသား/သူ စုစုပေါင်း၂၀ဦး တက်ရောက်လျက် ရှိကြောင်း သိရှိရပါသည်။
