Skip to main content
x

အစိုးရနည်းပညာအထက်တန်းကျောင်း(လွိုင်ကော်)၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်

ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့်  မြို့ရွာသန့်ရှင်းသာယာလှပရေး ၊ ရေစီးရေလာ ကောင်းမွန်စေရေး ၊ ခြင်အန္တရာယ်နှင့် အခြားရောဂါများ ကင်းဝေးရေးအတွက် ဌာနဆိုင်ရာရုံး အဆောက်အအုံများ၊ အဆင့်မြှင်ပညာတက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများ ၊ ဝန်ထမ်းအိမ်ရာ များ ၊  အများပြည်သူများနှင့် သက်ဆိုင်သည့် နေရာများတွင် အပတ်စဉ် စုပေါင်း သန့်ရှင်းရေးလုပ်ငန်း များဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ၊ ဦးဇော်မျိုးတင် နှင့် အဖွဲ့က အစိုးရနည်းပညာအထက်တန်းကျောင်း(လွိုင်ကော်)၌ ဌာနဆိုင်ရာ အသီးသီးရှိ ဝန်ထမ်း များ ၊ လွိုင်ကော်တပ်နယ်မှ တပ်မတော်သားများ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ၊ မီးသတ် တပ်ဖွဲ့ဝင် များ ၊ စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူများက ကျောင်းဝန်းအတွင်းတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုများ ၊ သစ်ပင်ခြုံနွယ်ခုတ်ထွင်ရှင်းလင်းနေမှုများ ၊ ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေး အတွက်ပြုပြင်ရန် လိုအပ်သည့်နေရာများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြပြီး ကျောင်းသား ၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည်များကို လမ်းညွှန်မှာ ကြားခဲ့သည်။ 
ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကယားပြည်နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများ အပါအဝင် မြို့နယ်အသီးသီးတွင်  မြို့များသန့်ရှင်း သာယာလှပစေရေး ၊ ခြင်အန္တရာယ်နှင့် အခြား ရောဂါများ ကင်းဝေးစေရေးအတွက် ဌာနဆိုင်ရာရုံးများ ၊ အများပြည်သူများနှင့် သက်ဆိုင်သည့် နေရာများ ၊ စာသင်ကျောင်းများနှင့် ရပ်ကွက်ကျေးရွာများတွင် ဌာနဆိုင်ရာ ဝန်ထမ်းများ နှင့် ပြည်သူများ ပါဝင်သော အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။