ကယားပြည်နယ်ဝန်ကြီးချုပ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနေမှုများအား ကြည့်ရှုအားပေး
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ၊ ကုသရေး လုပ်ငန်းများတွင် အဓိကကျသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ ၊ ဌာနဆိုင်ရာများ ၊ လူမှုရေးအသင်း အဖွဲ့များ ပူးပေါင်း၍ ကယားပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိသည်။
ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ၊ မြို့နာမ်စေတီတော် ၊ ဓမ္မာရုံနှင့် သာသနာ့ဗိမာန်တော်ကြီး၌ သံဃာတော်များ ၊ သီလရှင်များနှင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံ နေမှုများအား ကြည့်ရှုအားပေးပြီး ကာကွယ်ဆေး ထိုးနှံပြီးစီး သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။
ကယားပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ၊ ဒုတိယအကြိမ် ၊ တတိယအကြိမ်နှင့် စတုတ္ထအကြိမ်များကို ပြည်သူများအား ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ နေ့စဉ်ထိုးနှံပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။