Skip to main content
x

ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများ ၊ ပုဂ္ဂလိကဘဏ်မန်နေဂျာများ တွေ့ဆုံ

ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများ ၊ ပုဂ္ဂလိကဘဏ်မန်နေဂျာများတွေ့ဆုံပွဲကို ယနေ့ မွန်းလွဲပိုင်းက ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခင်မောင်ဦး(ခ)ဘူးရယ်က ပြည်နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများနှင့် ပုဂ္ဂလိကဘဏ်များအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်ခဲများ ၊ လိုအပ်ချက်များရှိပါက ဆွေးနွေးတင်ပြကြရန်ဖြစ်ကြောင်း ဆွေးနွေးချက်များပေါ်မူတည်၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြဆောင်ရွက်ရမည့် ကိစ္စရပ်များရှိပါကလည်း အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ကျန်းမာရေးဝန်ထမ်းများ ၊ ပုဂ္ဂလိကဘဏ်မန်နေဂျာတို့က လက်ရှိဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေးလုပ်ငန်းများနှင့် ဘဏ်လုပ်ငန်းအခြေအနေများကို တင်ပြကြရာ ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ၊ ကယားပြည်နယ် ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်လွိုင်ကော် ဒေသကွပ်ကဲရေးမှူးနှင့်တာဝန်ရှိသူတို့က လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးပြီး လုံခြုံရေးအခက်အခဲများရှိ ပါက ကြိုတင် တင်ပြဆောင်ရွက်ပေးကြရန်ပြောကြားခဲ့သည်။ အဆိုပါတွေ့ဆုံပွဲသို့ ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၊ ကယားပြည်နယ် ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်လွိုင်ကော် ဒေသကွပ်ကဲရေးမှူး ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊  ကျန်းမာရေးဝန်ထမ်းများနှင့် ပုဂ္ဂလိကဘဏ်တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်းသိရှိရသည်။