၁။ လျှောက်ထားသူကာယကံရှင်မှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လျှောက်ထားရာတွင် ပါရှိမည့်အချက်များ
(က) လျှောက်လွှာ။ (လျှောက်လွှာတွင်တံဆိပ်ခေါင်းကပ်လျှက် ကွင်းဆင်းဦးပိုင်များ ဖော်ပြသော မြေပုံကြမ်းလျှောက်ထားရန်)
( ခ) လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏မြေစာရင်းပုံစံ (၁၀၅၊၁၀၆)။
( ဂ) မြေပိုင်ဆိုင်မှုအထောက်အထား။
(ဃ) လျှောက်ထားမြေသည် လယ်မြေ၊ ယာမြေ (သို့မဟုတ်) မြေလွတ်မြေရိုင်း ဖြစ်ပါက အခြားနည်းအသုံးပြုခွင့်(သို့မဟုတ်) မြေလွတ်မြေရိုင်းလုပ်ကိုင်ခွင့် ရရှိရပါမည်။
၁။ လျှောက်ထားသူကာယကံရှင်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လျှောက်ထားရာတွင် ပါရှိရမည့်အချက်များ
(က) ကာယကံရှင်၏ လျှောက်လွှာ။
( ခ) လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ မြေစာရင်းပုံစံ (၁၀၅)၊ မြေစာရင်း ပုံစံ(၁၀၆)။
( ဂ) မြေပိုင်ဆိုင်မှုအထောက်အထား။
( ဃ) လျှောက်ထားမြေသည် လယ်မြေ၊ ယာမြေ (သို့မဟုတ်) မြေလွတ်မြေရိုင်း ဖြစ်ပါက အခြားနည်းအသုံးပြုခွင့်(သို့မဟုတ်) မြေလွတ်မြေရိုင်းလုပ်ကိုင်ခွင့် ရရှိရပါမည်။
( င) လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ မြေရာဇဝင်စစ်ဆေးချက်။