Skip to main content
x

လွိုင်ကော်မြို့တွင် သက်ကြီးဘိုးဘွားများကျန်းမားရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကလေးငယ်များအား အဟာရတိုက်ကျွေး

ကယားပြည်နယ်၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းက ပြည်နယ်ဘိုးဘွားရိပ်သာရှိ သက်ကြီးဘိုးဘွား များအား ကျန်းမားရေးစောင့်ရှောက်ပေးနေမှုနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသို့ သွားရောက်ပြီး ကလေးသူငယ်များအား အဟာရဖြည့်ဆွတ်စာများ တိုက်ကျွေးခဲ့သည်။
ဦးစွာ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် လွိုင်ကော်မြို့ ပြည်နယ်ဘိုးဘွားရိပ်သာသို့ သွားရောက်၍ ဘိုးဘွားရိပ်သာရှိ အဖိုး ၊ အဖွား (၂၅) ဦးအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို လှည့်လည်ကြည့်ရှု သည်။ ဆက်လက်၍ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အဖိုးနှင့်အဖွားများအား အဟာရာဖြည့်ဆွတ်စာ များ ပေးအပ်ခဲ့သည်။    
ထို့နောက် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် လွိုင်ကော်မြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသို့ သွားရောက်ပြီး ကလေးသူငယ်များအား စာသင်ကြားနေမှုအား ကြည့်ရှုအားပေးကာ ကလေးသူငယ်များအား အဟာရဖြည့်ဆွတ်စာများ တိုက်ကျွေးခဲ့ကြပြီး ဆရာမများအား စာသောက်ကုန်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။