လွိုင်ကော်မြို့တွင် သီလရှင်များအား ဝတ်စုံ၊ ဝတ္ထုငွေ၊ ဆွမ်းဆန်တော်နှင့် ဆီများလှူဒါန်း
ကယားပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကယားပြည်နယ် အမျိုးသမီး ရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ သီလရှင်များ အား ဝတ်စုံ၊ ဝတ္ထုငွေ၊ ဆွမ်းဆန်တော်နှင့် ဆီများ လှူဒါန်းခြင်း အခမ်းအနားကို ယနေ့မွန်းလွဲက လွိုင်ကော်မြို့ သာသနာ့ဗိမာန်၌ ကျင်းပရာ ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ဘောက်နမ်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ နာယက၊ အဖွဲ့ဝင်များနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက လွိုင်ကော်မြို့ရှိ သီလရှင်စာသင်တိုက်များမှ သီလရှင် ဆရာကြီး၊ ဆရာလေး (၁၃၇) ပါးအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို လှည့်လည် ကြည့်ရှုသည်။
ဆက်လက်၍ အခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆို ကန်တော့ပြီး ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် တက်ရောက်လာကြသူများက သီလရှင်ဆရာကြီး ဆရာလေးများအား ဝတ်စုံ၊ ဝတ္ထုငွေ၊ ဆွမ်းဆန်တော်နှင့် ဆီများကို ဆက်ကပ်လှူဒါန်းကြ သည်။
ထို့နောက် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက၊ အဖွဲ့ဝင်များနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက သီလရှင်ဆရာကြီး ဆရာလေးများအား အချိုရည်များ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။
