အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု၊ ကုန်းသာကျေးရွာ၊ ရပ်ကွက် (၄)ရှိ နေအိမ်ခြံဝင်းအတွင်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် ဝင်ရောက်ရှာဖွေရာ၌ သိမ်းဆည်းရရှိခဲ့ သည့် ပျမ်းမျှ (Sb – 10.89%) ပါဝင်သော အဆင့်နိမ့်ခနောက်စိမ်းသတ္တုရိုင်း (၂၀၀) တန်ခန့်အား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားရှိပြီး တရားရုံးအမှုပြီးပြတ်သဖြင့် တင်ဒါလုပ်ထုံးလုပ်နည်းများ နှင့်အညီ ရောင်းချမည်ဖြစ်ပါ၍ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည် -
(က) တင်ဒါလျှောက်လွှာစတင်ရောင်းချမည့်ရက် - ၅-၈-၂၀၂၆ (ဗုဒ္ဓဟူးနေ့)
( ခ ) တင်ဒါလျှောက်လွှာ - ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဈေးပိုင်း
ရောင်းချမည့်နေရာ ရပ်ကွက်၊ကမ်းနားလမ်း၊ကယားပြည်နယ်
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးရှိ သတ္တုတွင်းဦးစီးဌာန၊ ကယားပြည်နယ် ရုံးခန်း
( ဂ ) တင်ဒါပိတ်ရက်နှင့်အချိန် - ၂၅-၈-၂၀၂၆ (အင်္ဂါနေ့)(၁၆း၀၀) နာရီ
(ဃ) တင်ဒါဖွင့်ဖောက်မည့်နေရာ - ကယားပြည်နယ်အစိုးရအဖွဲ့၊သယံဇာတနှင့်
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန၊ ပြည်နယ်ဝန်ကြီးရုံးခန်း
( င ) တင်ဒါဖွင့်ဖောက်မည့်အချိန် - ၂၈-၈-၂၀၂၆(သောကြာနေ့)(၁၀:၀၀)နာရီ
၂။ အသေးစိတ်သိရှိလိုပါက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာန၊ ကယားပြည်နယ်ရုံး ဖုန်းအမှတ်၊ ၀၉-၂၅၀၉၆၆၇၃၂၊ ၀၉-၆၉၉၉၀၈၃၇၂ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
