ကယားပြည်နယ် အစိုးရအဖွဲ့ ကကြီးမှူး၍ မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲ ပြုလုပ်ကျင်းပ
ကယားပြည်နယ် အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ ကွင်းပြင်၌ ကျင်းပ ပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ ၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီ
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြန်မာ့ရိုးရာ စုပေါင်းထမနဲ ထိုးပြိုင်ပွဲ၌ ပြိုင်ပွဲဝင် အသင်းများ ယှဉ်ပြိုင်ရာတွင် အသုံးပြုမည့် စားသောက်ကုန် ပစ္စည်းများကို လိုက်လံကြည့်ရှု၍ ပြိုင်ပွဲဝင်များအား အားပေးစကားပြောကြားပြီး ပြိုင်ပွဲဝင်များ၏ အားကြိုးမာန်တက် စုပေါင်း ထမနဲထိုးယှဉ်ပြိုင်နေမှုများကို လှည့်လည် ကြည့်ရှု အားပေးခဲ့ကြသည်။
ထို့နောက် အမှတ်ပေးဒိုင်အဖွဲ့များက စုပေါင်းထမနဲထိုးပြိုင်ပွဲတွင် အခင်းအကျင်းပြင်ဆင်မှု ၊ ပြိုင်ပွဲဝင်များ ဝတ်စားဆင်ယင်မှု ၊ စည်းလုံးညီညွတ်မှု ၊ အရသာကောင်းမွန်မှု ၊ သန့်ရှင်း သပ်ရပ်မှုနှင့် အချိန်မီပြီးစီးမှု စသည့် သတ်မှတ်ထားသော အမှတ်ပေးစည်းမျဉ်းများနှင့် အညီ အမှတ်ပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက စုပေါင်းထမနဲ ထိုးပြိုင်ပွဲတွင် ဆုရရှိသည့် ပြိုင်ပွဲဝင်အသင်းများအားလည်းကေ