Skip to main content
x

ကယားပြည်နယ် အသေးစား ၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ လုပ်ငန်းညှိနှိုူင်း အစည်းအဝေးကျင်းပပြုလုပ်

ကယားပြည်နယ် အသေးစား ၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ လုပ်ငန်းညှိနှိုူင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေး ခန်းမ၌ ကျင်းပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ကယားပြည်နယ် အသေးစား ၊ အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီအဖွဲ့ဝင် များတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက်အသေးစား ၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်ရန် လိုအပ်ကြောင်း ၊ သို့မှသာ ပြည်နယ်၏  စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း ၊ လုပ်ငန်းများအောင်မြင်စေရန်  သက်ဆိုင်ရာ ဌာနအသီးသီးနှင့် လုပ်ငန်းရှင်များညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ရန်လိုကြောင်း ၊ စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ပြည်နယ်ရှိ သယံဇာတ အရင်းအမြစ် များကို အခြေခံပြီး အဆင့်မြင့်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက် သွားကြရန်လိုအပ်ကြောင်း ၊  လွိုင်ကော်စက်မှုဇုန် ကိုလည်း ယခုထက်ပိုမို ဖွံ့ဖြိုးလာအောင် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ၊ MSME လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် သက်ဆိုင်ရာဌာနများ ၊ MSME လုပ်ငန်းရှင်များကို အပြည့်အဝပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကယားပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ၊ ပြည်နယ်ဦးစီးမှူး ဦးမျိုးလွင်က အသေးစား ၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်နယ်အတွင်း လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေး သို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များက မိမိတို့ကဏ္ဍအလိုက် လုပ်ငန်းများ ဆောင်ရွက်နေမှုများ ၊ လုပ်ငန်းလိုအပ်ချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ဆောင်ရွက်ပေးရမည့် လုပ်ငန်းများ နှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။