Skip to main content
x

နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ ကယားပြည်နယ်အတွင်းရှိ ယာယီတိုက်ပွဲရှောင်ပြည်သူများအား တွေ့ဆုံအားပေးပြီး အခြေခံစားကုန်များ ထောက်ပံ့ပေးအပ်

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်တွင်ကျရောက်မည့် (၇၁)နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားသို့တက်ရောက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီး များသည် ယနေ့မွန်းလွဲပိုင်းတွင် တပ်မတော်လေယာဉ်ဖြင့် လွိုင်ကော်လေဆိပ်သို့ ရောက်ရှိကြရာ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်  တိုင်းမှူးဗိုလ်ချုပ်လှမိုး၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့်အတူ ကယား တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့များ ၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူငယ်များ ၊ သင်တန်း ကျောင်းမှ ကျောင်းသားတို့က အကအလှများ ဖြင့် နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့်       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးစောဒယ်နီယယ် ၊ ဉီးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်လှမိုး၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းနှင့် တာဝန်ရှိသူ တို့သည် လွိုင်ကော်မြို့ ခရစ်တော်ဘုရင်ဗဟိုဘုရားကျောင်းသို့ သွားရောက်ပြီး လွိုင်ကော်ကက်သလစ် သာသနာမှ ကျောင်းထိုင်ဘုန်းတော်ကြီးများနှင့် ဘုရားကျောင်းတွင် ယာယီနေထိုင်လျက်ရှိသည့် ကယားပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေး စကားပြောကြားပြီးနောက်  ယာယီတိုက်ပွဲရှောင် ပြည်သူများအား အခြေခံစားကုန်များ ဖြစ်သော ဆန်၊ဆီ၊ဆား စသည့်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ဥတ္တရာရုံဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ဥတ္တရာရုံဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တ ဇိနောဘာသ အား ဖူးမြော်ကြည်ညိုပြီးလှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် ဘုန်းတော်ကြီးကျောင်းရှိ  ယာယီတိုက်ပွဲရှောင်ပြည်သူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားပြီး အခြေခံစားကုန်များဖြစ်သော ဆန်၊ဆီ၊ဆား စသည့်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
(၇၁)နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားကို ကယားပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်ပြီး  ဇန်နဝါရီ(၁၅) ရက်တွင် လွိုင်ကော်မြို့ ကယားပြည်နယ်ခန်းမ၌ ကယားပြည်နယ်နေ့ မုဒ်ဦးဖွင့်ပွဲ၊ သဝဏ်လွှာဖတ်ပွဲနှင့် လူထုအခမ်းအနား၊ ၊ ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆု ပစ္စည်းများချီးမြှင့်ခြင်း အခမ်းအနားတို့ကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြည်နယ်နေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့် လွိုင်ကော်မြို့၊ ဦးသီရိကတ္တရာကွန်ကရစ်လမ်းနှင့် မင်းကျောင်းကတ္တရာ ကွန်ကရစ်လမ်းဖွင့်ပွဲများကို ဖွင့်လှစ်ခဲ့ပြီး ပြည်နယ်အားကစားကွင်းအတွင်း မီတာ(၄၀၀) Synthetic ဖွင့်ပွဲ၊ ကိုယ်ကာယလေ့ကျင့်ရေး အားကစားခန်းမဖွင့်ပွဲ ၊ ဌာနဆိုင်ရာပြခန်းဖွင့်ပွဲတို့ဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။