Skip to main content
x

ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ၂၀၂၂ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲ လွိုင်ကော်မြို့၌ ဆက်လက်ဖြေဆို

ကယားပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ၂၀၂၂ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲကို  လွိုင်ကော်မြို့ သာသနာ့ဗိမာန်တော်ကြီး၌  ဧပြီလ ၃၀ရက်နေ့၌ စတင်ဆင်ယင် ကျင်းပပြုလုပ်ခဲ့ပြီး ယနေ့တွင် သီလက္ခန္ဓဝဂ္ဂပါဠိအဌကထာ ဘာသာရပ် (ပထမနေ့)ကို စာဖြေသံဃာ ၂၄ ပါးက ဆက်လက်ဖြေဆိုလျှက်ရှိရာ မေလ ၁၃ ရက်နေ့ထိ ပြည်နယ်အတွင်းမှ ပထမပြန် စာမေးပွဲအတွက် စာဖြေသံဃာ ၂၆၅ပါးနှင့် ဓမ္မစရိယစာမေးပွဲအတွက် စာဖြေသံဃာ ၄၃ပါး ၊ စုစုပေါင်း စာဖြေသံဃာ ၃၀၈ပါးက လွိုင်ကော်မြို့စာဖြေဌာနတွင် နေ့အလိုက် ဘာသာရပ်အသီးသီးကို ဆက်လက်ဖြေဆို သွားမည်ဖြစ်သည်။
ဓမ္မာစရိယကျမ်းရင်း(၃)ကျမ်း၊ မြန်မာဂုဏ်ထူး(၇)ကျမ်းနှင့် ပါဠိဂုဏ်ထူး(၃) ကျမ်းစာမေးပွဲကို ဖြေဆိုရမည့်နေ့ရက်များအလိုက် ဆက်လက် ဖြေဆိုကြမည်ဖြစ်ပြီး စာမေးပွဲများကို ဩဝါဒစရိယ ဆရာတော်ကြီး (၃)ပါး၊ ဓမ္မာရိယကြီးကြပ်ရေး ဆရာတော်(၆)ပါး၊ ပြည်နယ်သာသနာရေးမှူးနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြသည်။
အစိုးရဓမ္မာစရိယစာမေးပွဲတွင် ဓမ္မာစရိယကျမ်းရင်း(၃)ကျမ်းဖြစ်သည့်  ပါရာဇိကကဏ္ဍပါဠိအဌကထာ၊ သီလက္ခန္ဓဝဂ္ဂပါဠိအဌကထာ၊ ဓမ္မသင်္ဂဏီပါဠိအဌကထာတို့ကို မေလ(၆)ရက်နေ့အထိ လည်းကောင်း ၊ မြန်မာဂုဏ်ထူး(၇)ကျမ်းနှင့် ပါဠိဂုဏ်ထူး(၃)ကျမ်းကို မေလ(၇)ရက်မှ(၉)ရက်နေ့အထိ လည်းကောင်း ၊  ပါဠိပထမပြန်စာမေးပွဲကို မေလ(၅)ရက်မှ(၁၃)ရက်အထိ လည်းကောင်း ဆက်လက်ဖြေဆိုသွားရမည် ဖြစ်ကြောင်း  ပြည်နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။