Skip to main content
x

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၁) ကျင်းပ

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ်(၃/၂၀၂၁)ကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစိန်ဦး ၊   ပြည်နယ်ဥပဒေချုပ် ဦးကြည်မြိုင် ၊ ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော်နှင့် တာဝန်ရှိသူတို့က တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ၊ ပြည်နယ်ဝန်ကြီးချုပ် ၊ ဦးခင်မောင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး (၂/၂၀၂၁) ဆုံးဖြတ်ချက်မှ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကော်မတီအတွင်းရေးမှူး ဒေါက်တာထွန်းထွန်း ကဆွေးနွေးတင်ပြခဲ့သည်။
ဆက်လက်၍ ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီအတွင်းရေးမှူး ဒေါက်တာထွန်းထွန်းက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က အမိန့်ကြော်ငြာစာအမှတ် (၂၆/၂၀၂၁)ဖြင့် ထုတ်ပြန်ထားသည့် တိုင်းဒေသကြီး/ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီများက လိုက်နာကျင့်သုံးရမည့် လုပ်ထုံးလုပ်နည်းများ ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ကုမ္ပဏီဖွဲ့စည်းမှတ်ပုံတင်ခြင်းတို့အတွက် ပြုစုရေးဆွဲထားသည့် စံချိန်စံညွှန်းမီ လုပ်ထုံးလုပ်နည်းများ Standard Operation Procedure (SOP)  မူကြမ်းကို အတည်ပြုပေးနိုင်ရန် ၊ ကယားပြည်နယ်အတွင်းရှိ ခွင့်ပြုမိန့်/အတည်ပြုမိန့်ဖြင့် လုပ်ငန်းဆောင်ရွက်နေသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို သိရှိနိုင်ရန် ၁၆-၈-၂၀၂၁ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံသူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့မှုအခြေအနေများ ၊ COVID-19 Fundမှ ထုတ်ပေးထားသည့်ချေးငွေများ အကျိုးရှိစွာ အသုံးချမှုအပေါ် စိစစ်ကြပ်မတ်ရေးအဖွဲ့ဝင်များနှင့် ချေးငွေရယူထားသည့် လုပ်ငန်းရှင်များ တတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည့် အခြေအနေများနှင့် အထွေထွေကိစ္စရပ်များစသည်တို့ကို ဆွေးနွေးတင်ပြခဲ့သည်။
ဆက်လက်ပြီး ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ၊ ပြည်နယ်ဝန်ကြီးချုပ် ၊ ဦးခင်မောင်ဦးနှင့် ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင် ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစိန်ဦးတို့က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။