Skip to main content
x

ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အမျိုးသားအသက်(၂၁)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အမျိုးသားအသက်(၂၁)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ မွန်းလွဲ ၃:၃၀ အချိန်က လွိုင်ကော်မြို့ ၊ ဒေါဥခူရပ်ကွက် ၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပခဲ့ပြီး လွိုင်ကော်မြို့နယ် အသင်းနှင့် ဖရူဆိုမြို့နယ် အသင်းတို့ယှဉ်ပြိုင်ကစားရာ လွိုင်ကော်မြို့နယ် အသင်းက တစ်ဂိုး ၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
ဆက်လက်၍ ဆုရရှိသူများအား ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးအပ်ရာ ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ရဲမှူးကြီးမျိုးဆွေက ဒိုင်အဖွဲ့အား ဂုဏ်ပြုဆုငွေချီးမြှင့်ပေးအပ်ခဲ့ပြီး ၊ ပြည်နယ်ဥပဒေချုပ် ဦးကြည်မြိုင်က ကြက်ခြေနီအဖွဲ့အား ဂုဏ်ပြုဆုငွေချီးမြှင့်ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး နေရာအလိုက် အကောင်းဆုံး ကစားသမားများအား ဆုချီးမြှင့်ရာ ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးစန်းဝေက အကောင်းဆုံး ရှေ့တန်း ကစားသမား  အားဆုချီးမြှင့်ခဲ့ပြီး  ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးစောဟူးဟူးက အကောင်းဆုံး အလယ်တန်း ကစားသမားနှင့် အကောင်းဆုံး နောက်တန်းကစားသမား တို့အား ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးစိန်ဦးက အကောင်းဆုံး ဂိုးသမားဆုနှင့် အကောင်းဆုံး ကစားသမားဆုတို့အား ပေးအပ်ချီးမြှင့်ခဲ့ပြီး ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီးမြင့်ဝေက တတိယဆုရရှိသော ဖားဆောင်းမြို့နယ်အသင်းအား ငွေသားဆု(၅)သိန်း နှင့် တစ်ဉီးချင်းဆုတံဆိပ် များချီးမြှင့်ခဲ့သည်။
ယင်းနောက်  ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးအံ့မော်က ဒုတိယဆုရရှိသော ဖရူဆိုမြို့နယ်အသင်းအား ငွေသားဆု(၇)သိန်း နှင့် တစ်ဦးချင်းဆုတံဆိပ်များချီးမြှင့်ခဲ့ပြီး ကယားပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးခင်မောင်ဦးက ပထမဆုရရှိသော လွိုင်ကော်မြို့နယ်အသင်းအား ငွေသားဆု(၁၀)သိန်း နှင့် တံခွန်စိုက်ဖလား ချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။