Skip to main content
x

လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင် ကယားပြည်နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ခြင်း ၊ စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့ အစည်းများနှင့် မသန်စွမ်းသူများအား ထောက်ပံ့ပေးအပ်ခြင်း

ကယားပြည်နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်း ၊ စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့အစည်း များနှင့်မသန်စွမ်းသူများအား ထောက်ပံ့ပေးအပ်ခြင်းကို မေလ ၁ရက်  နံနက် ၉:၀၀ နာရီက လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော လူမှုဝန်ထမ်းလုပ်ငန်းများ ၊ ထိရောက်ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေး ၊ ဘေးအန္တရာယ်ကိုကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းရှိသော လူအဖွဲ့အစည်းတစ်ရပ်ဖြစ်လာစေရေး ၊ ထိခိုက်လွယ်အုပ်စုများကို ပိုမိုပံ့ပိုးနိုင်ရေး ၊ ဝန်ကြီးဌာနအနေဖြင့် ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အခြေခံကျသော စာရင်းဇယားအချက်အလက်များ ရရှိနိုင်ရေးနှင့် အကျိုးခံစားခွင့်ရှိသည့် ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့နိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြတဲ့ ဒေသအာဏာပိုင်အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် သက်ဆိုင်သူအားလုံးကို အထူးပင်ကျေးဇူးတင်ရှိ ပါကြောင်းနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ လူမှုအဖွဲ့အစည်းများနှင့် ပြည်သူလူထုတစ်ရပ်လုံးက ဆက်လက်ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခင်မောင်ဦးက လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ပြည်နယ်အတွင်းမှာရှိတဲ့ သက်ကြီးဘိုးဘွားများကို ၂၀၁၈ - ၂၀၁၉မှာ (၅၄၁)ဦး ၊ ၂၀၁၉ - ၂၀၂၀မှာ (၆၄၂)ဦး ၊ ၂၀၂၀-၂၀၂၁မှာတော့ (၈၆၈)ဦး ထောက်ပံ့ပေးနိုင်တဲ့အတွက် အဘိုးအဘွားများအနေနဲ့ စိတ်ဓါတ်ခွန်အား ၊ မိသားစုအတွင်း ပေါင်းစည်းညီညွတ်ခြင်းများနှင့် လူမှုဘဝအားမာန်များ ရရှိခံစားလာကြရပါတယ် ၊ ဒါအပြင့် ကယားပြည်နယ်အတွင်းမှာ  ဖွဲ့စည်းဆောင်ရွက်လျှက်ရှိတဲ့ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှာ ရှိတဲ့ကလေးသူငယ်များ ၊ အမျိုးသမီးများနှင့် ဘိုးဘွားများအတွက် ဆန်ရိက္ခာ ၊ စားစရိတ် ၊ ဝတ်စရိတ်တို့ကို လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ နှစ်စဉ်ပံ့ပိုးပေးလျက်ရှိတာကြောင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်း များအတွက် များစွာအထောက်အကူဖြစ်ပါတယ်၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ ရေရှည်တည်တံ့ရေးနှင့် ကာကွယ်စောင့်ရှောက်ရန်လိုအပ်နေတဲ့ ကလေးသူငယ်များ ၊ အမျိုးသမီးများကို မိမိတို့ ရပ်ရွာဒေသအတွင်းမှာပဲ ကာကွယ်စောင့်ရှောက်ပေးနိုင်ရေး ၊ ဒေသအတွင်း စေတနာ့ဝန်ထမ်းလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး ထောက်ပံ့ပေးတာဖြစ်လို့လည်း အထူးကျေးဇူးတင်ဝမ်းမြောက်ရပါကြောင်း  အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ထောက်ပံ့ရခြင်းအကြောင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
၎င်းနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ လူမှုဝန်ထမ်းဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ခု ၊ ဘဏ္ဍာရေးနှစ်အတွက် ကယားပြည်နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၈၆၈)ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေ ၊ ကယားပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ငွေ ၊ ကယားပြည်နယ်အတွင်းရှိ မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေ နှင့်ကယားပြည်နယ်အတွင်းရှိ ထောက်ပံ့ငွေစုစုပေါင်း (၁၀၁၁.၅၄)သိန်းအား လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခင်မောင်ဦးထံ ပေးအပ်ခဲ့သည်။
ဆက်လက်၍ လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က လွိုင်ကော်မြို့နယ်အတွင်းရှိ ဘိုးဘွားရိပ်သာ(၂)ခု ၊ ပရဟိတဂေဟာ(၃)ခု နှင့် အမျိုးသမီးဂေဟာ(၁)ခုတို့အတွက် ထောက်ပံ့ငွေစုစုပေါင်း (၃၃၃.၁၅)သိန်းအား စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများသို့ ထောက်ပံ့ကြေးငွေများပေးအပ်ခဲ့ပြီး ကယားပြည်နယ် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ၊ လွိုင်ကော် ၊ ဒေသကွပ်ကဲရေးမှူး ၊ ဗိုလ်မှူးချုပ်ထွန်းနိုင်ဦးက ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ဒေါရောက်ခူပရဟိတဂေဟာ ၊ မြို့မပရဟိတဂေဟာ ၊ ဒေါညေးခူပရဟိတဂေဟာ(၃)ခုတို့အတွက် ထောက်ပံ့ငွေ(၁၄၆.၀၇)သိန်းအား စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ကြေးငွေများပေးအပ်ခဲ့သည်။
ထို့နောက် ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမြင့်ဝေက ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ဖူးပွင့်ဝေစည်ပရဟိတဂေဟာ ၊ ချမ်းမြေ့သိဒ္ဓိပရဟိတဂေဟာ ၊ ဇေယျသုခပရဟိတဂေဟာ(၃)ခုအတွက် ထောက်ပံ့ငွေ(၉၆.၁၂)သိန်းအား စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ကြေးငွေများပေးအပ်ခဲ့ပြီး လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက ဖရူဆိုမြို့နယ်အတွင်းရှိ ပရဟိတဂေဟာ(၁)ခုအတွက် ထောက်ပံ့ငွေ(၂၆.၄၆)သိန်းအား စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ကြေးငွေများပေးအပ်ခဲ့သည်။
ယင်းနောက် လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းက ဘောလခဲမြို့နယ်အတွင်းရှိ ပရဟိတဂေဟာ(၂)ခုအတွက် ထောက်ပံ့ငွေ(၁၁၅.၄၄)သိန်းအား စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ကြေးငွေများပေးအပ်ခဲ့ပြီး လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းရွှေက လွိုင်ကော်မြို့နယ် ၊ ဘောလခဲမြို့နယ် ၊ မယ်စဲ့မြို့နယ်အတွင်းရှိ မသန်စွမ်းသူများ (၁၁၃)ဦးအတွက် ထောက်ပံ့ကြေးငွေ(၃၃.၉)သိန်း ပေးအပ်ခဲ့သည်။
၎င်းနောက် တက်ရောက်လာသောစေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်(၁)ဦးဖြစ်သည့် လွိုင်ကော်မြို့နယ် တပ်ဦးလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှ ဂေဟာမှူးဦးစန်းတင့်က ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်းသိရသည်။