Skip to main content
x

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ မိန့်ခွန်းထပ်ဆင့်ရှင်းလင်းပွဲ အစည်းအဝေးကျင်းပ

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ မိန့်ခွန်းထပ်ဆင့်ရှင်းလင်းပွဲ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ် ၊ လွိုင်ကော်မြို့ ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ ဦးခင်မောင်ဦးက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ ပြည်သူလူထုသို့ပြောကြားခဲ့သည့် မိန့်ခွန်းအား အစည်းအဝေးသို့တက်ရောက်လာသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများကို ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ အတွင်းရေးမှူးက အထွေထွေဆွေးလုပ်ငန်းပိုင်းဆိုင်ရာများကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများက ဌာနအလိုက် လုပ်ငန်းပိုင်းဆိုင်ရာများကို တင်ပြဆွေးနွေးခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။