Skip to main content
x

၂၀၂၁ ခုနှစ် ၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကယားပြည်နယ် လွိုင်ကော်မြို့၌ ၂၀၂၁ ခုနှစ် ၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက ကယားပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ ဦးခင်မောင်ဦး (ခ) ဘူးရယ် က မိမိတို့မြန်မာနိုင်ငံတွင် နှစ်စဉ်နှစ်တိုင်း ဘာသာရေးဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲကို နိုင်ငံတော်အဆင့် စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်ခဲ့ပါကြောင်း ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေမှု အခြေအနေများကြောင့် နိုင်ငံတော်အဆင့် စုစည်း၍ စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် နိုင်ငံတော်အဆင့် သာသနာဆိုင်ရာများ တံဆိပ်တော်ချီးမြှင့် ဆက်ကပ်ခြင်းခံရသည့် ဆရာတော်သံဃာတော်များ နှင့် သီလရှင်များအား မိမိတို့ပြည်နယ်မှ ထပ်ဆင့် ချီးမြှင့်ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း ၊ ထို့ကြောင့် တက်ရောက်လာကြသူများ အနေဖြင့်သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ဆပ်ကော်မတီအလိုက် ဆွေးနွေးတင်ပြပေးစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကော်မတီဝင် ဦးစန်းဝေက မဟာမင်္ဂလာအခမ်းအနား ကျင်းပရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသည့် သက်ဆိုင်ရာ ဆပ်ကော်မတီအသီးသီးက ဆွေးနွေးတင်ပြကြရာ  တာဝန်ရှိသူတို့က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး နှင့် ဆပ်ကော်မတီများမှတာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။