Skip to main content
x

ကယားပြည်နယ်အတွင်း ခရိုင် ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ကယားပြည်နယ်အတွင်း ခရိုင် ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့ ၊ မွန်းလွဲ ၂ နာရီအချိန်က ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အစည်းအဝေးတွင် ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဌ ဦးခင်မောင်ဦး (ခ) ဘူးရယ် က ခရိုင် ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် ဒေသကိုယ်စားပြုသူတစ်ဦး  ရွေးချယ်ရာတွင် သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် အညီရွေးချယ် ဆောင်ရွက်ကြဖို့လိုအပ်မှာဖြစ်ကြောင်း ၊ သက်ဆိုင်ရာဌာနအသီးသီးတွင် ဌာနဆိုင်ရာလုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ကြရန် ထုတ်ပြန်ထားသည့် ညွှန်ကြားချက် များကို တိကျစွာလိုက်နာ ဆောင်ရွက်သွားကြရန် နှင့် မိမိအနေဖြင့် ပြည်နယ်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များကို အဓိက အလေးထား လုပ်ဆောင်သွား မှာဖြစ်ကြောင်း ၊ လက်ရှိဆောင်ရွက်နေကြသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း အရှိန်မပျက် အကောင်းဆုံးဆက်လက်ဆောင်ရွက် သွားမှာဖြစ်ကြောင်း ၊ ဘတ်ဂျက်တွေ သုံးစွဲရာမှာလည်း ဉပဒေ များနဲ့အညီသုံးစွဲဆောင်ရွက်သွားရန် လိုအပ်မှာဖြစ်ကြောင်း ၊  လွတ်လပ်ပြီးတရားမျှတ သော ရွေးကောက်ပွဲဖြစ်လာစေရေးအတွက် ဆက်လက်ဆောင်ရွက် သွားမှာဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် အစည်းဝေးသို့ တက်ရောက်လာကြသည့် ခရိုင် ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌများက ခရိုင် / မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ်ပါဝင်မည့် ဒေသကိုယ်စားပြုသူတစ်ဦး ရွေးချယ် ဆောင်ရွက် ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြဆောင်ရွက်ခဲ့သည်။ ဒေသကိုယ်စားပြုအမည်စာရင်းများအား ခရိုင် ၊ မြို့နယ်အလိုက် တင်ပြချက်များအပေါ်မူတည်ပြီး ဆုံးဖြတ်အတည်ပြုပေးသွားမှာဖြစ်ကြောင်း နှင့် ဆောင်ရွက်နိုင်မှုရှိမရှိ မှန်ကန်စွာရွေးချယ်ရန်လိုကြောင်းဖြင့်  အစည်းအဝေးသို့တက်ရောက်လာကြသူများက ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။ အစည်းအဝေးတွင် ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး နှင့် တာဝန်ရှိသူများ ၊  ခရိုင် ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။