Skip to main content
x

ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၁)ကျင်းပ

ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၃/၂၀၂၁)ကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခင်မောင်ဦး (ခ) ဘူးရယ် က ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ သက်ဆိုင်ရာဌာနအသီးသီးတွင် ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရန်ဖြစ်ကြောင်း ၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ များနှင့်အညီ ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း ထုတ်ပြန်ထားသည့်ညွှန်ကြားချက်များ ကို တိကျစွာလိုက်နာ ဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း အဖွင့်အမှာစကားတွင်ပြောကြားခဲ့သည်။ ထို့နောက် ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးအံ့မော်က နိုင်ငံတော်စီမံခန့်ခွဲရေးကောင်စီမှ ထုတ်ပြန်ထားရှိသည့် ဥပဒေပြင်ဆင်ချက်များ ၊ ညွှန်ကြားချက်များအား ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများက မိမိတို့ ဌာနအလိုက် ဆောင်ရွက်သည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြရာ ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ အဆိုပါ အစည်းအဝေးတွင် ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ ၊ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးနှင့်  ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။