လွိုင်ကော်ခရိုင်RSS

Add your listing here

Loikaw District

မြို့နယ်

loikaw-map

မြို့ ၆ ( လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတော၊လွိုင်လင်လေး၊နန်းမယ်ခုံ )
ရပ်ကွက် ၃၆
ကျေးရွာအုပ်စု ၅၄
ကျေးရွာ ၄၂၉
လူဦးရေ ၂၄၅၅၄၅
အိမ်ထောင်စု ၄၅၄၀၈
မိုးရေချိန်(လက်မ) ၂၆.၄၂
အပူချိန်(ဒီဂရီ) မြင့်(၄၂.C)-အနိမ့်(၅.C)
အသားတင်စိုက်ပျိုးမြေ(ဧက) ၁၄၅၂၄၆
ပလပ်မြေ(ဧက) ၆၂၀၄
ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော(ဧက) ၅၃၆၈၀၂
တောရိုင်း(ဧက) ၃၄၃၅၀၄
မြေရိုင်း(ဧက) ၃၇၃၈၀
စိုက်ပျိုးခြင်းမပြုနိုင်သောမြေ ၅၅၃၁၃၂
လေယာဉ်ကွင်း
တက္ကသိုလ်
ကောလိပ် 


တည်နေရာအကျယ်အဝန်း

လွိုင်ကော်ခရိုင်သည် မြောက်လတ္တီတွဒ် ၁၉ဒီဂရီ ၀ မိနစ်နှင့် ၁၉ဒီဂရီ ၅၇ မိနစ်ကြား၊ အရှေ့ လောင်ဂျီတွဒ် ၉၆ဒီဂရီ ၄၉ မိနစ်နှင့် ၉၇ဒီဂရီ ၅၃မိနစ်အကြားတွင် တည်ရှိပြီး အကျယ်အဝန်းမှာ (၂၅၃၄.၇၉)စတုရန်းမိုင်၊ ဧကအားဖြင့် (၁၆၂၂၂၆၈)ဧက ရှိပါသည်။ အရှေ့မှအနောက်သို့  (၆၅)မိုင်ခန့်ရှိပြီး တောင်မှမြောက်သို့ (၆၃)မိုင်ခန့် ရှိပါသည်။

နယ်နိမိတ်

လွိုင်ကော်ခရိုင်သည် မြောက်ဘက်တွင် ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ်၊ မောက်မယ်မြို့နယ် အရှေ့ဘက်တွင် ထိုင်းနိုင်ငံ၊ တောင်ဘက်တွင်ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်၊ မယ်စဲ့မြို့နယ်၊ ဖားဆောင်းမြို့နယ် ၊ အနောက်ဘက်တွင် ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်၊ ကရင်ပြည်နယ် သံတောင်မြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျှက် တည်ရှိပါသည်။

မြေမျက်နှာသွင်ပြင်

လွိုင်ကော်ခရိုင်၏ မြေမျက်နှာပြင် အနေအထားမှာ တောင်ကုန်းတောင်တန်းများ လွင်ပြင်များပါဝင်ပြီး ပင်လယ်ရေမျက်နှာပြင် အထက်(၉၈၅)ပေမှ ပေ(၆၀၀၀)အတွင်း တည်ရှိပါ သည်။ အမြင့်ဆုံးတောင်မှာ ရှားတောမြို့နယ်ရှိ လွိုင်လန်တောင်ဖြစ်၍ ပင်လယ်ရေမျက်နှာပြင် အထက်ပေ ၇၂၁၂  ဖြစ်၍ လွိုင်ကော်ခရိုင်၏ အနိမ့်ဆုံးအရပ်ဒေသမှာ ရှားတောမြို့နယ်ဖြစ်ပါသည်။

ရာသီဥတု

လွိုင်ကော်ခရိုင်၏ ရာသီဥတုမှာ (သုံးရာသီ)ရာသီဥတုဖြစ်ပြီး အမြင့်ဆုံးအပူချိန်မှာ စက်တင်ဘာလတွင် (၄၂)ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး အနိမ့်ဆုံးအပူချိန်မှာ ဒီဇင်ဘာလတွင် (၅)ဒီဂရီစင်တီဂရိတ်ဖြစ်ပါသည်။ ပုံမှန်မိုးရေချိန်မှာ (၂၆.၄၂)လက်မဖြစ်ပြီး မိုးရွာရက်မှာ (၇၃)ရက်  ခန့်ရှိပါသည်။

ရေဆင်း

လွိုင်ကော်ခရိုင်တွင် တည်ရှိသောမြစ်ချောင်းများမှာ ရှားတောမြို့နယ်တွင် သံလွင်မြစ် ၊ပွန်ချောင်း ၊ ဖရူဆိုမြို့နယ်တွင် ထူးချောင်းနှင့် လွိုင်ကော်မြို့နယ်တွင် ဘီလူးချောင်းတို့ဖြစ်ပါသည်။မြစ်ချောင်းများအားလုံးသည် မြောက်မှတောင်သို့စီးဆင်းပြီး ရေချိုမြစ်ချောင်းများဖြစ်ပါသည်။ စိုက်ပျိုးရေနှင့်သောက်သုံးရေအတွက်အသုံးပြုပြီး ရေကြောင်းဆက်သွယ်ရေးအတွက် အသုံးပြုနိုင် ခြင်းမရှိပါ။

 

၂၀၁၇ ခုနှစ်၊ ဧပြီလမှ ၂၀၁၈ ခုနှစ်၊ မတ်လအထိ သတင်းအချက်အလက်အပြည့်အစုံ ဖတ်ရှု့ရန်

၂၀၁၈ ခုနှစ်၊ ဧပြီလမှ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလအထိ သတင်းအချက်အလက် အပြည့်အစုံဖတ်ရှု့ရန်

လွိုင်ကော်မြို့နယ်

၂ (လွိုင်ကော်၊ လွိုင်လင်းလေး)

တည်နေရာအကျယ်အဝန်း လွိုင်ကော်မြို့နယ်သည် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်တွင်ပါဝင်ပြီး မြောက်လတ္တီတွဒ် ၁၉ဒီဂရီ ၁၄ မိနစ်နှင့် ၂၀ဒီဂရီ ၅၉ မိနစ်ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၇ဒီဂရီ ၀၇မီနစ်နှင့် ၉၇ဒီဂရီ ၂၂မိနစ်အကြားတွင် တည်ရှိပါသည်။ အကျယ်  အဝန်းမှာ (၅၉၈.၀၆)စတုရန ...

လူဦးရေ၁၁၆၇၉၅
အိမ်ထောင်စု၂၁၂၈၈
ဒီးမော့ဆိုမြို့နယ်

၂(ဒီးမော့ဆို၊ နန်းမယ်ခုံ)

တည်နေရာအကျယ်အဝန်း ဒီးမော့ဆိုမြို့နယ်သည် ကယားပြည်နယ် လွိုင်ကော်ခရိုင်တွင်ပါဝင်ပြီး မြောက်လတ္တီတွဒ် ၁၉ဒီဂရီ ၁၅မိနစ်နှင့် ၁၉ဒီဂရီ ၄၅မိနစ်အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၀ဒီဂရီ ၁၅မိနစ်နှင့် ၉၇ဒီဂရီ ၂၅မိနစ်အကြားတွင် တည်ရှိပါသည်။ အကျယ်အဝန်းမှာ (၄၅၉.၆၃)စတုရန်းမိုင်ရှ ...

လူဦးရေ၈၅၅၃၃
အိမ်ထောင်စု၁၅၇၂၅
ဖရူဆိုမြို့နယ်

၁(ဖရူဆို)

တည်နေရာအကျယ်အဝန်း ဖရူဆိုမြို့နယ်သည် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်တွင်တည်ရှိပါသည်။ ဖရူဆိုမြို့နယ်သည် မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၁၇မိနစ်နှင့် ၁၉ ဒီဂရီ ၅၈မိနစ်ကြား အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၀ မိနစ်နှင့် ၉၇ ဒီဂရီ ၇၃မိနစ် အကြားတွင် တည်ရှိပြီး အကျယ်အဝန်းမှာ (၆ ...

လူဦးရေ၂၉၉၁၉
အိမ်ထောင်စု၅၈၈၂
ရှားတောမြို့နယ်

၁(ရှားတော)

တည်နေရာအကျယ်အဝန်း ရှားတောမြို့နယ်သည် ကယားပြည်နယ်၏ အရှေ့ဘက် လွိုင်ကော်ခရိုင်တွင်တည်ရှိပါသည်။ ရှားတောမြို့နယ်သည် မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၁၀ မိနစ်နှင့် ၁၉ ဒီဂရီ ၂၇ မိနစ်ကြား အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၂၇ မိနစ် နှင့် ၉၇ ဒီဂရီ ၅၁ မိနစ် အကြားတွင် တည်ရှိပြီး အ ...

လူဦးရေ၇၂၀၁
အိမ်ထောင်စု၁၄၀၃
လွိုင်လင်လေးမြို့

၁(လွိုင်လင်လေး)

တည်နေရာအကျယ်အဝန်း လွိုင်လင်လေးမြို့သည် ကယားပြည်နယ်၊လွိုင်ကော်ခရိုင်၊လွိုင်ကော်မြို့နယ်တွင် တည်ရှိပါသည်။ လွိုင်လင်လေးမြို့သည် မြောက်လတ္တီတွဒ် ၁၉ဒီဂရီ ၅၂ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၇ဒီဂရီ ၁၃မိနစ် ကြားတွင်တည်ရှိပြီး အကျယ်အ၀န်းအားဖြင့် စတုရန်းမိုင်ပေါင်း ...

လူဦးရေ၃၇၈၅
အိမ်ထောင်စု၆၈၃
နန်းမယ်ခုံမြို့

၁(နန်းမယ်ခုံ)

တည်နေရာအကျယ်အဝန်း နန်းမယ်ခုံမြို့သည် ကယားပြည်နယ်၊လွိုင်ကော်ခရိုင်၊ဒီးမော့ဆိုမြို့နယ်တွင် တည်ရှိပါသည်။ နန်းမယ်ခုံမြို့သည် မြောက်လတ္တီတွဒ် ၁၉ဒီဂရီ ၄၀ မိနစ်နှင့် ၁၉ဒီဂရီ ၃၉ မိနစ် ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၇ဒီဂရီ ၆ မိနစ်၊ ၂၆.၆၉ စက္ကန့်နှင့် ၉၇ဒီဂရီ ၆ မိနစ်၊ ၂ ...

လူဦးရေ၂၃၁၂
အိမ်ထောင်စု၄၂၇