ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး

colonel myint way 
 အမည်     ဗိုလ်မှူးကြီးမြင့်ဝေ
အဘအမည်    ဦးမောင်ခိုင်(ကွယ်လွန်)
လူမျိုး/ဘာသာ    ဗမာ/ဗုဒ္ဓ
 မွေးသက္ကရာဇ်     ၁၂-၅-၁၉၆၆
မွေးဖွားရာဇာတိ    သထုံမြို့
 ပညာအရည်အချင်း    

B.Sc(Chemistry), M.A(Defence.Studies)

မဲဆန္ဒနယ် -
ကိုယ်စားပြုပါတီ/ တသီးပုဂ္ဂလ တပ်မတော်သားကိုယ်စားလှယ်
ပြည်နယ်အစိုးရအဖွဲ့တွင် ထမ်းဆောင်သည့်တာဝန်

ပြည်နယ်လုံခြုံရေးနှင့်နယ်စပ် ရေးရာ ဝန်ကြီးဌာန၊ ဝန်ကြီး

 စတင်တာဝန်ထမ်းဆောင်သည့်နေ့    ၂၇-၂-၂၀၁၇

 

ကိုယ်ရေးဖြစ်စဉ်အကျဉ်းချုပ်

၁၉၆၆ ခုနှစ်၊ မေလ(၁၂)ရက်နေ့ ကျိုက္ကော်ရွာ၊ သထုံမြို့နယ်တွင် (အဖ)ဦးမောင်ခိုင်၊ (အမိ) ဒေါ်ရွှေရင်တို့မှ မွေးဖွားပါသည်။ ၁၉၇၁ ခုနှစ်တွင် အမက ရွာကြားရွာ၌ စတင်၍ ကျောင်းပညာသင်ကြားခဲ့ ပါသည်။ ၁၉၇၅ ခုနှစ်တွင် စတုတ္ထတန်းအောင်ပြီး ၁၉၇၆ ခုနှစ်တွင် ကျိုက္ကော်ရွာ၊ အထကကျောင်းသို့ ဆက်လက်ပညာသင်ကြားခဲ့ပါသည်။ ၁၉၈၀ ခုနှစ်တွင် အဆိုပါကျောင်း၌ အဋ္ဌမတန်းအောင်မြင်ပြီး ၁၉၈၃ ခုနှစ် တွင် ဒဿမတန်းအောင်မြင်ခဲ့ပါသည်။ ၁၉၈၄-၈၅ ခုနှစ်တွင် မော်လမြိုင်ဒီဂရီကောလိပ်၌ ဒုတိယနှစ် (ဓါတုဗေဒ)ဖြင့် အောင်မြင်ခဲ့ပြီး ၁၉၈၇ ခုနှစ်တွင် မန္တလေးတက္ကသိုလ်မှ ဓါတုဗေဒသာသာဖြင့် ဘွဲ့ရရှိခဲ့ပါ သည်။ ၁၉၈၆ ခုနှစ်၊ ဇန်နဝါရီလ(၈)ရက်နေ့တွင် တပ်မတော်သို့ ဝင်ရောက်၍ ဆေးအောင်ခဲ့ပါသည်။ ယနေ့ထိတပ်မတော်တွင် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။

 

တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဌာန/လုပ်ငန်း/အဖွဲ့အစည်းများ

၁။ ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင်
၂။

ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးအဖြစ်-

  • ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
  • ပြည်နယ်ရဲတပ်ဖွဲ့
  • ပြည်နယ်အကျဉ်းဦးစီးဌာန
  • ပြည်နယ်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန
  • ပြည်နယ်မီးသတ်ဦးစီးဌာန
  • ပြည်နယ်နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများကို တာဝန်ယူ ဆောင်ရွက်ရပါသည်။

 

 

ခေတ်အဆက်ဆက် ကယားပြည်နယ်ကို အုပ်ချုပ်ခဲ့သူများ

ပါလီမန်အုပ်ချုပ်ရေးကာလ

   အမည်  ခုနှစ်
sit-khon-li

စဝ်ခွန်လီ(ကန္ဒရဝတီနယ်)

(၁၉၁၀ မှ ၁၉၃၀ ထိ)
sat-wanna 

ကရင်နီပြည်နယ်ကောင်စီဥက္ကဌ
ဦးစဝ်၀ဏ္ဏ 

(၁၉၄၈ မှ ၁၉၅၂ ထိ)
 mahar-tayay-sithu-u-sein မဟာသရေစည်သူ ဦးစိန် (ပါလီမန်အတွင်း၀န်)  (၁၉၄၈ မှ ၁၉၆၀ ထိ)
 mahar-tayay-sithu-sat-ngedu

စဝ်ငယ်ဒူး(ဘောလခဲနယ်)

(၁၉၅၂ မှ ၁၉၆၂ ထိ) 
 sat-wanna ကယားပြည်နယ်ကောင်စီနှင့်၀န်ကြီး

ဦးစဝ်၀ဏ္ဏ

(၁၉၅၆ မှ ၁၉၆၀ ထိ) 
 thiri-pyanchi-ooayemyalay ကယားပြည်နယ်ဦးစီးအဖွဲ့

သီရိပျံချီ ဦးအေမြလေး 

(၁၉၆၂ မှ ၁၉၇၄ ထိ) 
 u-kyaw-sin

ကယားပြည်နယ်ပြည်သူ့ကောင်စီဥက္ကဌ
ဦးကျော်ဒင် 

(၁၉၇၄ မှ ၁၉၈၈ ထိ)

 

ပြည်နယ်ငြိမ်ဝပ်ပိပြားရေးတည်ဆောက်ရေးအဖွဲ့အုပ်ချုပ်ရေးကာလ

   အမည်  ခုနှစ်
 maung-kyi

ဗိုလ်မှူးချုပ် မောင်ကြည်

(၁၉၈၈ မှ ၁၆.၄.၁၉၉၆ ထိ)

 

ပြည်နယ်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီအုပ်ချုပ်ရေးကာလ

   အမည်  ခုနှစ်
kyaw-win 

ဗိုလ်မှူးချုပ် ကျော်၀င်း 

(၂၃.၄.၁၉၉၆ မှ ၁၆.၄.၁၉၉၈ ထိ)
 hla-taung-myint ဗိုလ်မှူးကြီး လှသောင်းမြင့်   ( ၁၉.၄.၁၉၉၈ မှ ၁၇.၁၂.၁၉၉၈ ထိ)
 myint-thein ဗိုလ်မှူးချုပ် မြင့်သိန်း   ( ၁၇.၁၂.၁၉၉၈   မှ ၂၃.၈.၁၉၉၉ ထိ)
 nyink-hlaing ဗိုလ်မှူးချုပ် ညွှန့်လှိုင်   ( ၂၃.၈.၁၉၉၉ မှ ၁၄.၆.၂၀၀၂ ထိ)
 thein-swe ဗိုလ်မှူးကြီး သိန်းဆွေ   (၁၅.၆.၂၀၀၂ မှ ၃၀.၉.၂၀၀၃ ထိ)
 myint-oo

ဗိုလ်မှူးကြီး မြင့်ဦး  

( ၁.၁၀.၂၀၀၃ မှ ၁၃. ၉. ၂၀၀၄ ထိ)
 hla-myiint-shwe ဗိုလ်မှူးချုပ် လှမြင့်ရွှေ   (၈.၅.၂၀၀၅ မှ ၁၈.၈.၂၀၀၆ ထိ)
 nyint-tin ဗိုလ်မှူးချုပ် ညွှန့်တင်  (၁၈.၈.၂၀၀၆ မှ ၂၂.၆.၂၀၀၈ ထိ)
 win-myint ဗိုလ်မှူးချုပ် ၀င်းမြင့်  (၂၃.၆.၂၀၀၈ မှ ၃၀.၃. ၂၀၁၁ ထိ)
ပြည်နယ်အစိုးရအဖွဲ့ အုပ်ချုပ်ရေးကာလ
 u khin maung oo

ဦးခင်မောင်ဦး
ပြည်နယ်ဝန်ကြီးချုပ်

 (၃၁.၃.၂၀၁၁ မှ ၃၀.၃. ၂၀၁၆ ထိ)
 u l foul show

ဦးအယ်လ်ဖောင်းရှို
ပြည်နယ်ဝန်ကြီးချုပ်

 (၃၁.၃.၂၀၁၆ မှ ယနေ့ ထိ)

 

 

 

 

ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ

u_hla_htwe 
 အမည်     ဦးလှထွေး
အဘအမည်    ဦးသက်ထွန်း
လူမျိုး/ဘာသာ    ဗမာ/ဗုဒ္ဓ
 မွေးသက္ကရာဇ်     ၂၉-၃-၁၉၅၄
မွေးဖွားရာဇာတိ    မိုင်းဆတ်မြို့၊ရှမ်းပြည်နယ်
 ပညာအရည်အချင်း     ဝိဇ္ဇာဘွဲ့(သမိုင်း)
မဲဆန္ဒနယ်    ရှားတောမြို့နယ် အမှတ်(၂)မဲဆန္ဒနယ်
ကိုယ်စားပြုပါတီ/တသီးပုဂ္ဂလ    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပြည်နယ်အစိုးရအဖွဲ့တွင် ထမ်းဆောင်သည့်တာဝန်    ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ
 စတင်တာဝန်ထမ်းဆောင်သည့်နေ့     ၈.၂.၂၀၁၆

 

ကိုယ်ရေးဖြစ်စဉ်အကျဉ်းချုပ်

  • အခြေခံပညာကို အမှတ်(၇)မူလတန်းကျောင်း၊ အလက(၁)၊ အထက(၁)တို့တွင် သင်ယူခဲ့ပါ သည်။
  • တက္ကသိုလ်ပထမနှစ်နှင့် ဒုတိယနှစ်ကို လှိုင်တက္ကသိုလ်၊ တတိယနှစ်နှင့် စတုတ္ထနှစ်ကို ရန်ကုန်တက္ကသိုလ် တို့တွင် စာပေးစာယူကျောင်းသားဘဝဖြင့် သင်ယူခဲ့ရာ(၁၉၈၇)ခုနှစ်တွင် ဝိဇ္ဇာဘွဲ့(သမိုင်း)ရရှိခဲ့ပါသည်။
  • ၁၉၈၄ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ သမဝါယမဦးစီးဌာန၊ ၁၉၉၅ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့တွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
  • ရှားတောမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကင်းစင်ခဲ့ရာမှ ၂၀၁၅ ခုနှစ်တွင် ရှားတော မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဆိုင်းဘုတ်များ ပြန်လည်တင်ခဲ့ပြီး သတင်းနှင့်ပြန်ကြားရေး တာဝန်ယူ၍ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရှားတောမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရပါသည်။

 

တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဌာန/လုပ်ငန်း/အဖွဲ့အစည်းများ

  • ပြည်နယ်လွှတ်တော်
  • မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ဝင်(MPU)
  • အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ဗဟိုကော်မတီဝင်

ပြည်နယ်ဝန်ကြီးချုပ်

u l foul show 
 အမည်     ဦးအယ်လ်ဖောင်းရှို
အဘအမည်    ဦးသန်းသရီးရှို
လူမျိုး/ဘာသာ    ကယန်း+ရှမ်း/ဗုဒ္ဓ
 မွေးသက္ကရာဇ်     ၅.၂.၁၉၇၉
မွေးဖွားရာဇာတိ    လောပိတရှမ်းရွာ၊ လွိုင်ကော်မြို့
 ပညာအရည်အချင်း     ပညာရေးဘွဲ့(B.Ed)
မဲဆန္ဒနယ်   

မယ်စဲ့မြို့နယ်မဲဆန္ဒနယ်၊ အမှတ်(၂)

ကိုယ်စားပြုပါတီ/တသီးပုဂ္ဂလ    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပြည်နယ်အစိုးရအဖွဲ့တွင် ထမ်းဆောင်သည့်တာဝန်    ပြည်နယ်ဝန်ကြီးချုပ်
 စတင်တာဝန်ထမ်းဆောင်သည့်နေ့      ၃၀-၃-၂၀၁၆ 

ကိုယ်ရေးဖြစ်စဉ်အကျဉ်းချုပ်

 

  • လောပိတရှမ်းရွာ လွိုင်ကော်မြို့နယ်၌ မွေးဖွားခဲ့သည်။
  • အခြေခံပညာကို လွိုင်ကော်မြို့၊ အလက(ရှမ်းရွာ)၊ အလက(မယ်စဲ့)နှင့် အထက(တောင်ငူ)တို့တွင် သင်ယူ ခဲ့ပါသည်။
  • ၂၀၀၁ ခုနှစ်စ၍ ပညာရေးဌာနတွင် မူ/ပြ၊ လယ်/ပြ၊ ထက်/ပြ တာဝန်များအဆင့်ဆင့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ် (စစ်ကိုင်း)မှ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့(B.Ed) ရရှိခဲ့ပါသည်။
  • မယ်စဲ့မြို့နယ်ပညာရေးမှူးရုံးတွင် လက်ထောက်မြို့နယ်ပညာရေးမှူးတာဝန်ကိုလည်း ထမ်း ဆောင်ခဲ့ပါသည်။
  • နိုင်ငံဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်တွင် နိုင်ငံတော်မှ ချီးမြှင့်သော နိုင်ငံတော် အေးချမ်း သာယာရေးတံဆိပ်၊ ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေးတံဆိပ်များ ရရှိခဲ့ပါသည်။
  • ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မယ်စဲ့မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ ပါသည်။

 

 

 

 

 

တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဌာန/လုပ်ငန်း/အဖွဲ့အစည်းများ

ပြည်ထောင်စုအဆင့်

၁။ ပြည်ထောင်စုဘဏ္ဍာရေးကော်မရှင်  အဖွဲ့ဝင်
၂။ ဗဟိုလယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုများပြန်လည်စိစစ်ရေးကော်မတီ  အဖွဲ့ဝင်
၃။ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးလုပ်ငန်းအဖွဲ့များ  အဖွဲ့ဝင်
၄။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင်
၅။ အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ အဖွဲ့ဝင်
၆။

အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ (စီမံခန့်ခွဲရေးဆပ်ကော်မတီ)

အဖွဲ့ဝင်
၇။ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့နှင့် ဗဟိုလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်

 

 

ပြည်နယ်အဆင့်

၁။ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်
၂။ ပညာရေးဘွဲ့(B.Ed) (၅)နှစ် သင်တန်းသားရွေးချယ်ရေးကော်မတီ နာယက
၃။ ခရီးသွားလုပ်ငန်းစီမံချက်ပြည်နယ်ကြီးကြပ်မှုကော်မတီ နာယက
၄။ စက်မှုရပ်ကွက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးကော်မတီ နာယက 
၅။  ပြည်နယ်အဆင့် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ နာယက
၆။  ကန္တရဝတီဂေါက်ကွင်း အမှုဆောင်ကော်မတီ နာယက 
၇။  ပြည်နယ်စီမံကိန်းကော်မရှင် ဥက္ကဋ္ဌ 
၈။  ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ 
၉။  ပြည်နယ်မြေလွတ်မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ 
၁၀။  ပြည်နယ်လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ
၁၁။  ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ 
၁၂။  မြို့ပြဒေသစီမံကိန်းရေးဆွဲရေးဦးစီးကော်မတီ ဥက္ကဋ္ဌ 
၁၃။  ပြည်နယ်အဆင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရင်းရေးကောင်စီ ဥက္ကဋ္ဌ 
၁၄။  ပြည်နယ်အရေးပေါ်ကာလ စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ 
၁၅။

တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးလုပ်ငန်းအဖွဲ့

ဥက္ကဋ္ဌ

ပြည်နယ်တရားသူကြီးချုပ်

pyinae-chairman 
 အမည်     ဦးကျော်လင်းမောင်
အဘအမည်    ဦးဘကြွယ်
လူမျိုး/ဘာသာ    ဗမာ/ဗုဒ္ဓ
 မွေးသက္ကရာဇ်     ၁၅-၇-၁၉၅၆
မွေးဖွားရာဇာတိ    ဒါန်းတိုင်ရွာ၊ ဘုတလင်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး
 ပညာအရည်အချင်း     ဥပဒေဘွဲ့
မဲဆန္ဒနယ်    -
ကိုယ်စားပြုပါတီ/တသီးပုဂ္ဂလ    -
ပြည်နယ်အစိုးရအဖွဲ့တွင် ထမ်းဆောင်သည့်တာဝန်    ပြည်နယ်တရားသူကြီးချုပ်
 စတင်တာဝန်ထမ်းဆောင်သည့်နေ့     ၂၉-၂-၂၀၁၂

 

ကိုယ်ရေးဖြစ်စဉ်အကျဉ်းချုပ်

  • စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ဒါန်းတိုင်ရွာတွင် အဘ ဦးဘကြွယ်၊ အမိ ဒေါ်သန်းတင်တို့မှ မွေးဖွားပါသည်။ သူငယ်တန်းမှ စတုတ္တတန်းအထိကို ဒါန်းတိုင်ရွာ အ.မ.ကတွင် ပညာသင်ကြားခဲ့ပါသည်။ ပဉ္စမတန်းမှ ဒဿမတန်းအထိကို ဘုတလင်မြို့၊ အ.ထ.ကတွင် ပညာသင်ကြားခဲ့ပါသည်။ ၁၉၇၆ ခုနှစ်တွင် စာပေးစာယူသင်တန်း တွင် တက်ရောက်ပညာသင်ကြားခဲ့ပါသည်။ ၁၉၈၁ခုနှစ်တွင် ဥပဒေဘွဲ့ရရှိခဲ့ပါသည်။
  • (၃-၉-၁၉၈၄)ခုနှစ်တွင် ဗဟိုတရားရုံး၌ တရားရေးဝန်ထမ်း အဆင့်-၄ အဖြစ် အလုပ်ဝင်ရောက်ခဲ့ပါသည်။ အမြို့မြို့အနယ်နယ်တွင် တရားရေးဝန်ထမ်းအဆင့်-၄၊ မြို့နယ် တရားသူကြီး၊ တရားရေးဝန်ထမ်း အဆင့်-၃၊ တရားရေးဝန်ထမ်းအဆင့်-၂၊ တရားရေးဝန်ထမ်းအဆင့်-၁ အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး၊ (၂၉-၉-၂၀၀၉)မှ (၂၃-၁-၂၀၁၁) ထိ ကယားပြည်နယ်တွင် ပြည်နယ်တရားသူကြီး (ညွှန်ကြားရေးမှူးအဆင့်)တာဝန်ထမ်းဆောင်ခဲ့ပါသည်။ (၂၅-၁-၂၀၁၁)မှ (၂၅-၃-၂၀၁၁)ထိ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာခုံရုံးတွင် ညွှန်ကြားရေးမှူးတာဝန်ထမ်းဆောင်ခဲ့ပါသည်။
  • (၃၀-၃-၂၀၁၁)ရက်နေ့တွင် ကယာပြည်နယ်တရားလွှတ်တော်၊ တရားသူကြီး တာဝန်ထမ်းဆောင်၍ (၂၉-၂-၂၀၁၂)ရက်နေ့တွင် အဆိုပါရုံး၌ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့ပါသည်။

 

တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဌာန/လုပ်ငန်း/အဖွဲ့အစည်းများ

၁။ ပြည်နယ်တရားလွှတ်တော်၊ တရားသူကြီးချုပ်