လွိုင်လင်လေးမြို့ဒေသဆိုင်ရာအချက်အလက်များ

အခန်း(၁)

နိဒါန်းနှင့် ဒေသသမိုင်း


နိဒါန်း

၁။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးဝန်ကြီးဌာနအောက်ရှိဌာနတစ်ခုဖြစ်ပြီးတရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာ အေးချမ်းသာယာရေး၊ နိုင်ငံတော်အစိုးရ၏ မူဝါဒများအကောင်အထည် ဖော်ရေး၊ ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်ဖော်ဆောင်ရေး၊ ပြည်သူ ဗဟိုပြုဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရေးဟူသော ရည်မှန်းချက် တာဝန်များကိုအောင်မြင်အောင်ဆောင်ရွက်လျက်ရှိပါသည်။  အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ကြသည့် အဆင့်ဆင့်သော အရာထမ်း၊ အမှုထမ်းများသည် ရုံးချုပ်အဆင့်မှ အောက်ခြေရပ်ကွက်/ ကျေးရွာအုပ်စုအဆင့်အထိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အသီးသီး တွင်တာဝန်ထမ်းဆောင်ကြရပြီး နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားချောမွေ့ စွာလည်ပတ်နိုင်ရေးတွင်ပါဝင်ဆောင်ရွက်ခြင်း၊ဝန်ကြီးဌာန၏ ရည်မှန်းချက် တာဝန်များ၊ အခြားဝန်ကြီးဌာနမှ ပေးအပ်သောတာဝန်များနှင့် ဒေသန္တရ အစိုးရအဖွဲ့များမှ ပေးအပ်သော လုပ်ငန်းတာဝန်များကို ကျေပွန်စွာ   ထမ်းဆောင်နေကြရသည်ဖြစ်ရာ ဒေသဆိုင်ရာအချက်အလက်များပြုစု ထားရှိခြင်းသည်များစွာအရေးပါလာပါသည်။ဒေသဆိုင်ရာအချက်အလက်များ ပြုစုခြင်းဖြင့် မိမိတို့၏ လုပ်ငန်းဆောင်ရွက်ရာတွင် အထောက် အကူပြုသကဲ့သို့ အကြီးအကဲများ နယ်မြေသို့ကွင်းဆင်းရာတွင် နယ်မြေ၏ အချက်အလက်များကို လွယ်ကူစွာသိရှိနိုင်မည်ဖြစ်ပါသည်။ ဤစာအုပ်သည် လွိုင်လင်လေးမြို့၏ ဒေသဆိုင်ရာ အချက်အလက်များ (၂၀၁၉ခုနှစ်၊စက်တင်ဘာလကုန်ထိအခြေအနေ)ကို သက်ဆိုင်ရာဌာန အသီးသီးမှ ပေးပို့သောကိန်းဂဏန်း များနှင့်အညီ ပြုစုတင်ပြထားခြင်း ဖြစ်ပါသည်။


ဒေသသမိုင်းအကျဉ်း

၂။  လွိုင်လင်လေးမြို့သည် ရှေးခေတ်ကယားပြည်နယ်၊ စော်ဘွား များ အဆက်ဆက်မှ နေရာယူအုပ်ချုပ်ခဲ့သောကြောင့် ခုနှစ်သက္ကရာဇ် ဖော်ပြရန်ခက်ခဲပါသည်။ ရှေးယခင်က ကုန်းပျက်ရှမ်းရွာ၊ အိမ်ခြေ(၃၀)၊ ကုန်းပျက်ကယားရွာအိမ်ခြေ(၄၀)ခန့်ဖြစ်၍ အရှေ့ဘက်တွင်ကျိုင်းတုံရွာ၊ အိမ်ခြေ(၃၀)ခန့်နှင့် လွိုင်လင်ကျေးရွာအိမ်ခြေ(၄၀)ခန့်၊ ဘုရားတောင် အရှေ့ဘက်တွင်ရှိခဲ့ပြီး စော်ဘွားလက်ထက်အခေါ်ဟိန်(ခ) လက်ထောက် မြို့ပိုင်(၁)ဦးအုပ်ချုပ်ခဲ့ပြီး ထီးစဲခါးတိုက်နယ်သတ်မှတ်ပြီး ရွာပေါင်း(၃၀) ကျော်ရှိ၍ တောင်ယာနှင့်လယ်သမားများဖြစ်ကြပါသည်။ စိုက်သီးနှံ အမျိုးအမည်အလိုက် ထွက်ရှိသီးနှံ(၁၀)ပုံ(၁)ပုံ အခွန်တော်ကောက်ခံ၍ လွိုင်ကော်စော်ဘွားထံသို့အပ်နှံခဲ့ရပါသည်။ ၁၉၇၂ခုနှစ်တွင် တော်လှန် ရေး ကောင်စီအစိုးရမှ မြို့အုပ်ချုပ်ရေးမှူးအား ဥပဒေဖြင့်ရုပ်သိမ်းပြီး လွိုင်လင်လေးကျေးရွာအုပ်စု၊ထီးစဲခါးကျေးရွာအုပ်စု၊တီးလုံကျေးရွာအုပ်စု ဟူ၍ အသီးသီးဖွဲ့စည်းခဲ့ပြီး လုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီ(၅)ဦးစီဖြင့် ခန့်အပ်အုပ်ချုပ်စေခဲ့ပါ သည်။

လွိုင်လင်လေးမြို့သည် ယခင်ကလွိုင်ကော်မြို့နယ်၏ ကျေးရွာ အုပ်စု အဆင့်သာတည်ရှိပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ (၂၂-၁၀-၂၀၁၇) ရက်စွဲပါအမိန့် ကြော်ငြာစာအမှတ်(၁၃၈၇/၂၀၁၇)ဖြင့် ရပ်ကွက်(၃) ရပ်ကွက် ပါဝင်သော မြို့အဖြစ်ဖွဲ့စည်းခဲ့ပါသည်။

 

အခန်း(၂)

ပထဝီဝင် အနေအထား


တည်နေရာနှင့် အကျယ်အဝန်း

၃။ လွိုင်လင်လေးမြို့သည်  မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၅၂ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၁၃ မိနစ်တွင် တည်ရှိပါသည်။ မြို့၏ စတုရန်းမိုင်ဧရိယာအကျယ်အဝန်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

စဉ် မြို့ စတုရန်းမိုင်
လွိုင်လင်လေးမြို့ ၅၉၈.၀၆
မြို့ချုပ် ၅၉၈.၀၆


နယ်နိမိတ်

၄။ လွိုင်လင်လေးမြို့၏ အရှေ့ဘက်တွင် လွိုင်ကော်မြို့နယ်၊ တီးလုံ ကျေးရွာအုပ်စုနှင့် ထီးစဲခါးကျေးရွာအုပ်စု၊ အနောက်ဘက်တွင် ပိန်းချစ် ကျေးရွာအုပ်စု၊ တောင်ဘက်တွင် လွိုင်ကော်မြို့နယ်နှင့် မြောက်ဘက် တွင် ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်တို့နှင့် ထိစပ်လျှက်ရှိပါသည်။


မြေမျက်နှာသွင်ပြင်

၅။ လွိုင်လင်လေးမြို့သည် တောင်ကုန်းတောင်တန်းများအကြား တည်ရှိသော မြို့ဖြစ်ပါသည်။


ရေဆင်း

၆။ လွိုင်လင်လေးမြို့အတွင်း အနောက်အရပ်မှ အရှေ့အရပ်သို့ စီးဆင်းလျှက်ရှိသော ချောင်းငယ်(၁)ချောင်းရှိ၍ အဆိုပါချောင်းအား ဒေသခံများမှနမ့်တဘက်ချောင်းဟုခေါ်တွင်ကြပါသည်။ ၎င်းမြစ်ချောင်းမှ ရေချိုဖြစ်၍ သောက်သုံးရေနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် အဓိက အသုံးပြုလျှက်ရှိပါသည်။


ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်

၇။ လွိုင်လင်လေးမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ပျှမ်းမျှ အမြင့်မှာ (၂၅၅၅)ပေ အထက်တွင် တည်ရှိပါသည်။

 

၂၀၁၇ ခုနှစ်၊ ဧပြီလမှ ၂၀၁၈ ခုနှစ်၊ မတ်လအထိ သတင်းအချက်အလက် အပြည့်အစုံဖတ်ရှု့ရန်

၂၀၁၈ ခုနှစ်၊ ဧပြီလမှ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလအထိ သတင်းအချက်အလက် အပြည့်အစုံဖတ်ရှု့ရန်

၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ သတင်းအချက်အလက်များ အပြည့်အစုံဖတ်ရှု့ရန်