ရွာသစ်မြို့၏ ဒေသဆိုင်ရာအချက်အလက်များ

၂၀၁၈ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလကုန်အထိ ရွာသစ်မြို့၏ ဒေသဆိုင်ရာအချက်အလက်

အခန်း(၁)

နိဒါန်းနှင့်နောက်ခံသမိုင်း


နိဒါန်း

၁။ ရွာသစ်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ဘောလခဲ ခရိုင်၊ ဘောလခဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအောက်ရှိ ဌာန တစ်ခုဖြစ်ပြီး တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာ ရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်ရေး ဟူသော ရည်မှန်းချက်တာဝန်များကို အောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ရွာသစ်မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ကြသည့် အဆင့်ဆင့် သော အမှုထမ်းများသည်မြို့အဆင့်မှ အောက်ခြေရပ်ကွက်/ကျေးရွာ အုပ်စုအဆင့်အထိ ဌာနစုအသီးသီးတွင် တာဝန်ထမ်းဆောင်ကြရပြီး နိုင်ငံတော်အုပ်ချုပ်ရေးယန္တရား ချောမွေ့စွာလည်ပတ်ရေးတွင် ပါဝင် ဆောင်ရွက်ခြင်း၊ ဝန်ကြီးဌာန၏ ရည်မှန်းချက်တာဝန်များ၊ အခြား ဝန်ကြီးဌာနမှ ပေးအပ်သောတာဝန်များနှင့် ပြည်နယ်အစိုးရအဖွဲ့မှ ပေးအပ်သောလုပ်ငန်း တာဝန်များကို ကျေပွန်စွာထမ်းဆောင်နေကြ ရသည်ဖြစ်ရာ ဒေသဆိုင်ရာအချက်အလက်များ ပြုစုထားရှိခြင်း သည် များစွာအရေးပါလာပါသည်။ ဒေသဆိုင်ရာအချက်အလက်များ ပြုစုခြင်းဖြင့် မိမိတို့၏ လုပ်ငန်းဆောင်ရွက်ရာတွင် အထောက်အကူ ပြု သကဲ့သို့အကြီးအကဲများ နယ်မြေကွင်းဆင်းရာတွင် နယ်မြေဒေသ ၏ အချက်အလက်များကို လွယ်ကူစွာ သိရှိနိုင်မည်ဖြစ်ပါသည်။ ဤစာအုပ်သည် ရွာသစ်မြို့၏ ဒေသဆိုင်ရာ အချက်အလက်များအား (၂၀၁၈ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလကုန်)အထိ အခြေအနေကို သက်ဆိုင် ရာဌာနအသီးသီးမှ ပေးပို့သော ကိန်းဂဏန်းများနှင့်အညီ ပြုစုတင်ပြထား ခြင်းဖြစ်ပါသည်။


ဒေသသမိုင်းအကျဉ်း

၂။ ရွာသစ်မြို့ဖြစ်ပေါ်လာပုံမှာ ကယားပြည်နယ် စော်ဘွားကြီး စောလဖော်သည် စောလုံမြို့တွင် နန်းစိုက်နန်းဦးစံချိန်ကာလအထိ နေထိုင်ခဲ့ပြီး နယ်ချဲ့အင်္ဂလိပ်တို့ သီပေါမင်းအား ဖမ်းဆီးသွားသည်ဟု ကြားသိရသောအခါ နယ်ချဲ့လက်အောက်တွင် မနေလိုတော့သဖြင့် စောလုံမြို့အရှေ့ဘက်တွင် ရွာတည်နေခဲ့ရာ ၄င်းရွာကို စောလုံရွာသစ် ဟုခေါ်တွင်ခဲ့ပါသည်။ နယ်ချဲ့တို့က စောလုံမြို့ကို သိမ်းပိုက်ပြီး စော်ဘွားကြီးအား မေးရာတွင် ရွာသစ်တွင် နေထိုင်ကြောင်း သိရသဖြင့် ခေါ်ခိုင်းရာ သူ၏ဆင်ခေါင်းအား ရွာသစ် စော်ဘွားအဖြစ် လွှဲပြောင်းပေးအပ်ပြီး အင်္ဂလိပ်ထံစေလွှတ်ရာ ဆင်ခေါင်း စောလဝီ အား ထပ်ဆင့် စော်ဘွားခန့်အပ်၍ စောလုံအား အုပ်ချုပ်စေခဲ့ပါသည်။ ယခင် စောလဖော်စော်ဘွားကြီးကဲ့သို့ စောလဝီလက်ထက်တွင်လည်း ကျွန်းသစ်လုပ်ငန်းကို မော်လမြိုင်မြို့ရှိ ကုန်သည်ကြီးများဖြင့် ဆက်လက် လုပ်ကိုင်ခဲ့သည့်အပြင် ရှမ်းပြည်နယ်နှင့်မော်လမြိုင်မြို့မှ လက်လုပ်လက်စားများ ရောက်ရှိလာပြီး အိမ်ခြေ(၁၀၀၀)ခန့်ဖြင့် ရွာသစ်ကျေးရွာ အဖြစ်စည်ကားစွာ ရပ်တည်ခဲ့ပါသည်။ (၁၉၇၆)ခုနှစ် တွင် ကရင်နီသောင်းကျန်းသူများ ရွာအတွင်း ဝင်ရောက်မီးရှို့ဖျက်ဆီး ခြင်းခံခဲ့ရပါသည်။ ယခုအခါ ရွာသစ်တွင် ရှမ်းလူမျိုးများအများဆုံး နေထိုင်ပြီး ပိတ်ချင်း၊ အုန်း၊ ငှက်ပျောပင်၊ စပါး တို့ကိုစိုက်ပျိုး လုပ်ကိုင် လျက်ရှိပါသည်။ ရွာသစ်မြို့သည် ယခင်က ဘောလခဲမြို့နယ်၏ ကျေးရွာအုပ်စုအဆင့်သာ တည်ရှိပြီးမြို့နယ်ခွဲအဖြစ် ပြည်ထဲရေး ဝန်ကြီးဌာန၏ ၃၀-၇-၂၀၀၂ ရက်စွဲပါစာအမှတ် ၊ ၁၀၀ / ၂၄ - ၂၅ / ဦး ၁ ဖြင့် ရပ်ကွက်(၂)ရပ်ကွက်၊ ကျေးရွာအုပ်စု(၂)အုပ်စု၊ ဧရိယာ (၁၁၄၆၉၃)ဧကဖြင့်ဖွဲ့စည်းပေးခဲ့ပြီး ၂၀၀၂ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့မှ စတင်၍ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါသည်။ ယခုအခါမြို့နယ်ခွဲစကားရပ်အား ပြည်ထဲရေးဝန်ကြီး ဌာန၏ ( ၂၂-၅-၂၀၁၄ )ရက်စွဲပါအမိန့်ကြော်ငြာစာ(၆၁၁/၂၀၁၄) ဖြင့် ပယ်ဖျက်ပြီး ရွာသစ်မြို့နယ်ခွဲအား ရွာသစ်မြို့ဟု ပြင်ဆင်ဖွဲ့စည်း သတ်မှတ်လိုက်ပါသည်။

အခန်း(၂)

ပထဝီဝင် အနေအထား



တည်နေရာနှင့် အကျယ်အဝန်း

၃။ ရွာသစ်မြို့သည် ‌မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၀၉ မိနစ် နှင့် ၁၉ ဒီဂရီ - ၁၅ မိနစ်အကြား အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၂၉ မိနစ်နှင့် ၉၇ ဒီဂရီ ၃၀ မိနစ် အကြားတွင် တည်ရှိပါသည်။ အရှေ့မှအနောက် သို့ (၁.၁၂၂)မိုင်နှင့် တောင်မှ မြောက်သို့ ( ၁.၂၆၂ )မိုင် ရှည်လျားပါ သည်။ မြို့၏ ဧရိယာစတုရန်းမိုင်မှာ (၁.၀၁၉) မိုင်ဖြစ်ပါသည်။


နယ်နမိတ်

၄။ ရွာသစ်မြို့၏ အရှေ့ဘက်တွင် သံလွင်မြစ်နှင့် ဟွေအောကျေးရွာ အုပ်စု၊ တောင်ဘက်တွင် လွယ်ဝိုင်းကျေးရွာအုပ်စု၊ အနောက်ဘက်တွင် သစ်တစ်ပင် တောင်နှင့် မြောက်ဘက်တွင် ဝမ်လွဲ့ကျေးရွာအုပ်စုတို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပါသည်။


မြေမျက်နှာသွင်ပြင်

၅။ ရွာသစ်မြို့သည် မြေပြန့်လွင်ပြင်အဖြစ် တည်ရှိပြီး ရွာသစ်မြို့ ၏ အနောက်ဘက်တွင် တောင်ကုန်းတောင်တန်းများရှိပါသည်။ ရွာသစ် မြို့သည် အနောက်ဘက်မှ အရှေ့ဘက်သို့ နိမ့်ဆင်းသွားပါသည်။


ရေဆင်း

၆။ ရွာသစ်မြို့တွင် ပင်မသဘာဝရေထွက်ပေါက်ကြီးမှ စိမ့်ထွက်လာ သော ချောင်း၊ မြောင်းများပေါများသည့် ဒေသတစ်ခုဖြစ်ပြီး အရပ်လေး မျက်နှာစလုံးသို့ စီးဆင်းလျက်ရှိပါသည်။ ဒေသအတွင်းရှိ ရေအရင်း အမြစ် အများစုမှာ ထုံးဓါတ် အများဆုံးပါဝင်ပြီး ရေချိုများဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေများအဖြစ် အသုံးပြုကြပါသည်။ ရွာသစ် မြို့၏အရှေ့ဘက်တွင် ထင်ရှားသော မြစ်မှာ သံလွင်မြစ် ဖြစ်ပါသည်။ သံလွင်မြစ်သည် စက်လှေများ သွားလာနိုင်သော မြစ်ဖြစ်ပါသည်။


ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်

၇။ ရွာသစ်မြို့၏ ပျမ်းမျှပင်လယ်ရေမျက်နှာပြင်အထက် အမြင့်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

စဉ် မြို့ ပင်လယ်ရေမျက်နှာပြင် အမြင့်(ပေ)
ရွာသစ်မြို့ ၁၀၂၇

 

၂၀၁၇ ခုနှစ်၊ ဧပြီလမှ ၂၀၁၈ ခုနှစ်၊ မတ်လအထိ သတင်းအချက်အလက်အပြည့်အစုံ ဖတ်ရှု့ရန်

၂၀၁၈ ခုနှစ်၊ ဧပြီလမှ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလအထိ သတင်းအချက်အလက် အပြည့်အစုံဖတ်ရှု့ရန်