လွိုင်ကော်ခရိုင်ဒေသဆိုင်ရာအချက်အလက်များ


အခန်း(၁)

နိဒါန်းနှင့်ဒေသသမိုင်း


နိဒါန်း

၁။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာနအောက်ရှိဌာနဖြစ်ပြီး တရားဥပဒေစိုးမိုးရေး၊ရပ်ရွာ အေးချမ်းသာယာရေး၊ နိုင်ငံတော်အစိုးရ၏ မူဝါဒများ အကောင် အထည်ဖော်ရေး၊ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်ဖော်ဆောင်ရေးနှင့် ပြည်သူဗဟိုပြုဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ‌‌ဆောင်ရွက်ရေးဟူသော ရည်မှန်းချက်တာဝန်များကို အောင်မြင်အောင် ဆောင်ရွက်လျှက် ရှိပါသည်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင် ကြသည့် အဆင့်ဆင့်သော အရာထမ်း၊ အမှုထမ်းများသည် ရုံးချုပ် အဆင့်မှ အောက်ခြေရပ်ကွက်/ကျေးရွာအုပ်စုအဆင့်အထိ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးအသီးသီးတွင် တာဝန် ထမ်းဆောင် ကြရပြီး နိုင်ငံတော် အုပ်ချုပ်ရေးယန္တရား ချောမွေ့စွာလည်ပတ်ရေးတွင် ပါဝင် ဆောင်ရွက်ခြင်း၊ ဝန်ကြီးဌာန၏ ရည်မှန်းချက်တာဝန်များ၊ အခြား ဝန်ကြီးဌာနမှ ပေးအပ်သောတာဝန်များနှင့် ဒေသန္တရအစိုးရအဖွဲ့များမှ ပေးအပ်သော လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နေကြ ရသည်ဖြစ်ရာ ဒေသဆိုင်ရာအချက်အလက်များ ပြုစုထားရှိခြင်းသည် များစွာအရေးပါလာပါသည်။ ဒေသဆိုင်ရာအချက်အလက်များ ပြုစု ခြင်းဖြင့် မိမိတို့၏ လုပ်ငန်းဆောင်ရွက်ရာတွင် အထောက်အကူပြု သကဲ့သို့ အကြီးအကဲများ နယ်မြေသို့ကွင်းဆင်းရာတွင် နယ်မြေ၏ အချက်အလက်များကို လွယ်ကူစွာ သိရှိနိုင်မည်ဖြစ်ပါသည်။ စာအုပ် သည် လွိုင်ကော်ခရိုင်၏ ဒေသဆိုင်ရာ အချက် အလက်များ (၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအထိ) ခရိုင်အတွင်းရှိ မြို့နယ်များနှင့် သက်ဆိုင်ရာ ဌာနအသီးသီးမှ ပေးပို့ သော ကိန်းဂဏန်းများနှင့်အညီ ပြုစုတင်ပြထား ခြင်းဖြစ်ပါသည်။


ဒေသသမိုင်းအကျဉ်း

၂။ ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်ကို ပြည်ထဲရေးဝန်ကြီးဌာန ၏ (၇-၁၂-၁၉၉၂)ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် ခရိုင်အဖြစ် ဖွဲ့စည်း ခဲ့ပါ သည်။ လွိုင်ကော်ခရိုင်အတွင်း နေထိုင်ကြသော ဒေသခံလူမျိုး များမှာ ကယား၊ မနုမနော(မွန်နူ)၊ ဂေဘား၊ ကယော၊ ကယန်း (ပဒေါင်)၊ကယန်း(ဂေခို)၊ယင်းဘော်(ကငန်း)၊ ဇယိမ်း(လထ)၊ယင်းတလဲ လူမျိုးများ အပြင်ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းတို့နှင့်အတူ နိုင်ငံဖွား တရုတ်၊ မွတ်စလင်၊ ဟိန္ဒူလူမျိုးများ နေထိုင်လျှက်ရှိပါ သည်။ လွိုင်ကော်ခရိုင်အား လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့၊  ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့၊ ဖရူဆိုမြို့နယ်နှင့် ရှားတောမြို့နယ် (၄)မြို့နယ်၊ မြို့(၂)မြို့ ဖြင့် ဖွဲ့စည်းထားပါသည်။

အခန်း(၂)

ပထဝီဝင် အနေအထား


တည်နေရာ နှင့်အကျယ်အဝန်း

၃။ လွိုင်ကော်ခရိုင်သည် ‌မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၅၉မိနစ်နှင့် ၂၀ ဒီဂရီ ၁၀မိနစ်ကြား အရှေ့လောင်ဂျီတွဒ် ၉၆ဒီဂရီ ၄၆မိနစ် နှင့် ၉၈ ဒီဂရီ ၅၂ မိနစ်အကြားတွင် တည်ရှိပါသည်။  ခရိုင်၏ဧရိယာအကျယ် အဝန်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-။

စဉ် မြို့နယ် မြို့နယ်ဧရိယာ စတုရန်းမိုင် မြို့များဧရိယာ စတုရန်းမိုင်
လွိုင်ကော် ၅၈၇.၃၀၉ ၁၀.၀၃
 ၂ လွိုင်လင်လေး - ၀.၄၅၁
ဒီးမော့ဆို ၄၅၉.၆၉ ၀.၉၇၆
နန်းမယ်ခုံ - ၀.၅၆၅
ဖရူဆို ၆၄၂.၉၁ ၀.၉၀
ရှားတော ၈၃၄.၉၁ ၀.၂၇
  ခရိုင်ချုပ် ၂၅၂၄.၀၉၉ ၁၃.၁၉၂

 


နယ်နိမိတ်

၄။ လွိုင်ကော်ခရိုင်သည် မြောက်ဘက်တွင် ရှမ်းပြည်နယ် ဆီဆိုင် မြို့နယ်၊ မောက်မယ်မြို့နယ် အရှေ့ဘက်တွင်ထိုင်းနိုင်ငံ၊ တောင်ဘက် တွင် ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်၊ မယ်စဲ့မြို့နယ်၊ ဖားဆောင်း မြို့နယ်၊ အနောက်ဘက်တွင် ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ ကရင် ပြည်နယ်၊ သံတောင်မြို့နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်လျှက် တည်ရှိ ပါသည်။


မြေမျက်နှာသွင်ပြင်

၅။ လွိုင်ကော်ခရိုင်၏ မြေမျက်နှာပြင် အနေအထားမှာ တောင်ကုန်း တောင်တန်းများ လွင်ပြင်များပါဝင်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် (၉၈၅)ပေမှ ပေ(၆၀၀၀)အတွင်း တည်ရှိပါသည်။


ရေဆင်း

၆။ လွိုင်ကော်ခရိုင်တွင် တည်ရှိသောမြစ်ချောင်းများမှာ ရှားတော မြို့နယ်တွင် သံလွင်မြစ်၊ ပွန်ချောင်း၊ ဖရူဆိုမြို့နယ်တွင် ထူးချောင်း နှင့် လွိုင်ကော်မြို့နယ်တွင် ဘီးလူးချောင်းတို့ဖြစ်ပါသည်။ မြစ်ချောင်း များအားလုံးသည် မြောက်မှတောင်သို့ စီးဆင်းပြီး ရေချိုမြစ်ချောင်း များဖြစ်ပါသည်။ စိုက်ပျိုးရေးနှင့်သောက်သုံးရေ အတွက်အသုံးပြုပြီး ရေကြောင်းဆက်သွယ်ရေးအတွက် အသုံးပြုနိုင်ခြင်းမရှိပါ။


ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်

၇။ လွိုင်ကော်ခရိုင်၏ ပျမ်းမျှပင်လယ်ရေမျက်နှာပြင် အထက် အမြင့်မှာ တစ်ဖက်ပါအတိုင်း ဖြစ်ပါသည်-

စဉ် မြို့နယ် ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်(ပေ)
လွိုင်ကော် ၂၉၅၀
လွိုင်လင်လေး ၂၅၅၅
ဒီးမော့ဆို ၂၉၈၂
နန်းမယ်ခုံ ၂၉၁၉
ဖရူဆို ၂၉၈၂
ရှားတော ၉၃၆

၂၀၁၇ ခုနှစ်၊ ဧပြီလမှ ၂၀၁၈ ခုနှစ်၊ မတ်လအထိ သတင်းအချက်အလက် အပြည့်အစုံဖတ်ရှု့ရန်

၂၀၁၈ ခုနှစ်၊ ဧပြီလမှ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလအထိ သတင်းအချက်အလက် အပြည့်အစုံဖတ်ရှု့ရန်

၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ သတင်းအချက်အလက်များ အပြည့်အစုံဖတ်ရှု့ရန်