ကယားပြည်နယ်သတင်းများ

article thumbnailလွိုင်ကော် အောက်တိုဘာ ၂၁ မြန်မာနိုင်ငံရှိ အသက်(၅)နှစ်အောက်ကလေး သေဆုံးမှုကို ထပ်မံလျော့ချနိုင်ရန်နှင့် မြန်မာနိုင်ငံ၌ (၂၀၂၃) ခုနှစ်တွင် ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါကင်းဝေး၍ မွေးရာပါဂျိုက်သိုးရောဂါ ကင်းစင် ပပျောက်ရေး ရရှိစေရန် ရည်ရွယ်၍ နိုင်ငံတစ်ဝန်းဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အစုလိုက် ထိုးနှံခြင်း (၂၀၁၉) ပြည်နယ်အဆင့် အသိပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန...
article thumbnail(၂၀၁၉ အောက်တိုဘာ ၁၉) ကယားပြည်နယ် ၊ ဘောလခဲခရိုင် ၊ ဖားဆောင်းမြို့နယ် မော်ချီးဒေသတွင် သောက်သုံးရေ မလုံလောက်သော ကျေးရွာများသို့ ရေပေးရေးလုပ်ငန်းဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့နံနက်(၁၀)နာရီ အချိန်က မော်ချီး တောင်ပေါ်ကျေးရွာရှိ သတ္တုတွင်းစီမံကိန်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရန်နိုင်ဆွေမှ မိမိတို့ဒေသ သောက်သုံးရေလုံလောက်စွာ ရရှိရေးအတွက် သက်ဆိုင်ရာဌာနများက...
article thumbnail(၂၀၁၉ အောက်တိုဘာ ၁၈) ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ အကြောင်းအမျိုးမျိုးကြောင့် မသန်စွမ်းအခြေအနေသို့ ရောက်ရှိသွားသည့် မသန်စွမ်းသူများအား ထောက်ပံ့ငွေများ ပေးအပ်ဆောင်ရွက်လျက်ရှိရာ ဒီး​မော့ဆို မြို့နယ် အတွင်းရှိ မသန်စွမ်းသူများ အတွက် ​ထောက်ပံ့​​ငွေ ​ပေးအပ်ပွဲအား (၁၈-၁၀-၂၀၁၉)ရက်နေ့ (၀၉၀၀)နာရီအချိန် ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါး(၂)ရပ်၊ ငြိမ်းချမ်းခြင်း ဓမ္မာရုံခန်းမ...
article thumbnail(၂၀၁၉ အောက်တိုဘာ ၁၈) ကယားပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲများပြုလုပ်ပြီး ဝန်ထမ်းများ၏ လိုအပ်ချက်များ၊ ဖြည့်ဆည်းဆောင် ရွက်ပေးရန် ကိစ္စရပ်များအပေါ် တတ်စွမ်းသမျှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် (၁၈-၁၀- ၂၀၁၉)ရက်နေ့ (၀၉၄၀)နာရီအချိန် စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး၊...
article thumbnail(၂၀၁၉ အောက်တိုဘာ ၁၈) ကယားပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲများပြုလုပ်ပြီး ဝန်ထမ်းများ၏ လိုအပ်ချက်များ၊ ဖြည့်ဆည်းဆောင် ရွက်ပေးရန် ကိစ္စရပ်များအပေါ် တတ်စွမ်းသမျှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် (၁၈-၁၀- ၂၀၁၉)ရက်နေ့ (၀၉၄၀)နာရီအချိန် စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး၊...

သတင်းထုတ်ပြန်ချက်

article thumbnail၂၀၁၈ ခုနှစ်၊ ဧပြီလ (၂၆) ရက်နှင့် (၂၇) ရက်နေ့တို့တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမတွင် ကျင်းပခဲ့သည့် ငြိမ်းချမ်းရေး ကော်မရှင်နှင့် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP)တို့၏ ဆွေးနွေးပွဲ ရလာဒ်ဖြစ်သော ငြိမ်းချမ်းရေး ကော်မရှင်နှင့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ(KNPP) ၏ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေး ကော်မတီ ပူးတွဲထုတ်ပြန် ကြေညာ ချက်

သဝဏ်လွှာ

article thumbnailကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျားယနေ့ကျင်းပပြုလုပ်တဲ့ ဒုတိယအကြိမ် ကယားပြည်နယ် လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိ ယနေ့)သို့ တက်ရောက်လာကြသော ကယားပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ကြီးနှင့်တကွ ပြည်နယ်တရားလွှတ် တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်...
article thumbnailအားလုံးပဲ မင်္ဂလာအပေါင်းနှင့်ပြည်စုံသော နံနက်ခင်းဖြစ်ပါစေခင်ဗျာ ယနေ့ ကျရောက်သည့် ကယားပြည်နယ်ရဲ့ နေ့ထူးနေ့မြတ်ဖြစ်သော (၆၆)နှစ်မြောက် “ကယားပြည်နယ် နေ့” အထိမ်းအမှတ် လူထုအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ပေးကြပါ သော အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌ၊ ပြည်နယ်လွှတ်တော် ဥက္ကဌ၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ပြည်နယ် လွှတ်တော် ဒု ဥက္ကဌ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်...

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၂)ကြိမ် မြောက် ပုံမှန်အစည်းအဝေး(ဒုတိယနေ့) တွင် ကယား ပြည်နယ်၏ အခြေအနေအရပ်ရပ်နှင့်စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးချုပ်မှ ပြောကြားသည့်မိန့်ခွန်း

7-2-2019

ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
ယနေ့ကျင်းပပြုလုပ်တဲ့ ဒုတိယအကြိမ် ကယားပြည်နယ် လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိ ယနေ့)သို့ တက်ရောက်လာကြသော ကယားပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ကြီးနှင့်တကွ ပြည်နယ်တရားလွှတ် တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများနှင့်တကွ ဖိတ်ကြားထားသော ဧည့်သည်တော်များ အားလုံး နှလုံးစိတ်ဝမ်းအေးချမ်းကြပါစောလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါ တယ်ခင်ဗျား။
ကျွန်တော်အနေနဲ့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် အဖြစ် စတင်တာဝန်ထမ်းဆောင်တဲ့ အချိန်ကစပြီး ယနေ့အချိန်အထိ ပြည်နယ်အတွင်းရှိ တိုင်းရင်းသား ပြည်သူများရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးပမ်းတဲ့နေရာမှာ အားနည်း ချက်၊ အားသာချက်များ ရှိနေမှာဖြစ်ပါတယ်။ အဲဒီ အားနည်းချက်၊ အားသာချက်တွေကို ကျွန်တော် အမြဲပြုပြင် ပြောင်းလဲနေပါတယ်။ ဘယ်လိုပြုပြင် ပြောင်းလဲသလဲဆိုရင် ကျွန်တော် ကိုယ်တိုင် ကျွန်တော်ရဲ့ အားနည်းချက်ကို ပြုပြင်ရပါတယ်။
ဒီလိုပြုပြင်နိုင်အောင်လည်းပဲ ကျွန်တော်ကိုယ်တိုင် ကြိုးပမ်းနေပါတယ်။ ပြည်နယ်အကျိုး၊ နိုင်ငံအကျိုး၊ တိုင်းရင်းသား တွေရဲ့အကျိုးဖြစ်တဲ့ အားသာချက်တွေကို ကောင်းသထက်ကောင်းအောင် အားလုံးနဲ့အတူတကွ လက်တွဲ ပူးဆောင် ရွက်နိုင်အောင် ကျွန်တော် အမြဲကြိုး ပမ်းနေပါတယ်။ ဒီအခြေအနေ ဒီအကြောင်းအရာတွေကို သိစေချင်တဲ့အတွက်ကြောင့် ယနေ့ ပြည်နယ်လွှတ်တော် မှာ ကျွန်တော်အနေနဲ့ ချပြရှင်းလင်း ပူးပေါင်း ဆောင် ရွက် လိုတဲ့စိတ်ဆန္ဒတွေကြောင့် အသိပေးပြောကြား လိုတဲ့ မိန့်ခွန်းတွေ ပြောကြား ရခြင်းဖြစ်ပါတယ်။
ရှေးဦးစွာ နိုင်ငံတော်သမ္မတကြီးကနေပြီး မိန့်ခွန်းပြော ခဲ့တဲ့စကားလေးကို အနည်းအကျဉ်း ချပြလိုပါတယ်။ နိုင်ငံတော်သမ္မတကြီးအနေနဲ့လည်းပဲ လွှတ်တော် ကိုယ်စားလှယ်ဆိုတာ အများလေးစားအပ်တဲ့ ပုဂ္ဂိုလ်များ ဖြစ်ပြီး ဒီမိုကရေစီရဲ့ ဝိသေသလက္ခဏာများ ကို သဘော ပေါက်အောင် ကြိုးစားဖို့ တိုက်တွန်းထားတာကို တွေ့ရှိရ ပါတယ်။ အဲတော့ ကျွန်တော်တို့ ဒီမိုကရေစီရဲ့ ဝိသေသ လက္ခဏာတွေကို သိရှိအောင်လုပ်ဖို့ ဒီမိုကရေစီကြိုးပမ်း ဖော်ဆောင် ပြောင်းလဲတဲ့နေရာမှာ လွှတ်တော်ရဲ့အခန်းက ဏ္ဍဟာ အသက်ပဲဖြစ်ပါတယ်။
အဲ့ကြောင့် ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်များ ဟာ အများပြည်သူလေးစားအပ်တဲ့ ပုဂ္ဂိုလ်တွေဖြစ် အောင် ကျွန်တော်တို့ ဘာလုပ်ကြရမလဲဆိုရင် ကျွန်တော် အပါအဝင် ကျွန်တော်တို့လုပ်ရမယ့်တာဝန်တွေက ပြည်သူ တွေ အပေါ်မှာ တစ်ကယ်စေတနာမေတ္တာထားပြီး တာဝန်ကျေတဲ့ ကိုယ်စားလှယ်တွေဖြစ်အောင်လုပ်ဖို့ လိုတယ်ဆိုတဲ့ အသိတရားကျွန်တော်မှာရှိပါတယ်။
ထို့နည်းတူ ဒီလိုအသိတရားတွေကို လွှတ်တော် ကိုယ်စား လှယ်များအသီးသီးမှာလည်းပဲ ဒီလိုအသိတရားတွေ ဝင်ပြီး အပတ်တကုတ်ဖြင့် ပြည်သူ တွေရဲ့အကျိုးကို စေတနာမေတ္တာထားပြီး မှန်မှန်ကန်ကန် သတ္တိရှိရှိ ပြုပြင် ပြောင်းလဲဖို့၊ ကြိုးပမ်း ဖော်ဆောင်ပေးဖို့ ကျွန်တော့ အနေနဲ့ လေးလေးစားစား တိုက်တွန်းမေတ္တာရပ်ခံ အပ်ပါတယ်။
လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ဖို့ဆိုတဲ့နေရာမှာ ကျွန်တော်တို့ ချိန်ထိုးရပါမယ်။ ကျွန်တော်တို့ လွှတ်တော်ရယ်၊ အစိုးရ ရယ် အပြန်အလှန်ထိန်းကြောင်းပြီး အများပြည်သူရဲ့ အကျိုးကို လုပ်ဆောင် ကြရတာဖြစ်ပါတယ်။ လူမှု စီးပွား ဘဝဖွံ့ဖြိုးတိုးတက်အောင် ကျွန်တော်တို့ ပြည်နယ်ကြီးကို ဘယ်လိုလုပ်မလဲ၊ ကျွန်တော်တို့တာဝန်ယူရတာ ကယား ပြည်နယ်မှာ လတ်တလောမှာတာဝန်ယူ ရတယ်။ ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှ နိုင်ငံဖွံ့ဖြိုးတိုးတက်မယ်ဆိုတဲ့ အခြေအနေကြောင့် ကျွန်တော် တို့ ပြည်နယ်ဖွံ့ဖြိုး တိုးတက်ဖို့ အတွက် ပထမဦးဆုံး ကျွန်တော်တို့ ဘာလုပ် သင့် သလဲ၊ ကျွန်တော် တို့ ကိုယ်စီကိုယ်စီတွေးကြ ရပါမယ်။ တွေးပြီးရင်လဲပဲ အဲဒိတွေးတောချက် ထင်မြင်ယူဆချက် ဖော်ဆောင်လိုတဲ့ ကဏ္ဍတွေကို ကျွန်တော်တို့ မဖြစ်မနေ ပူးပေါင်းဆောင်ရွက်ရပါမယ်။ တစ်ဦး တစ်ယောက်ကောင်းနဲ့ တစ်ဦးတစ်ယောက်အစွဲနဲ့ အငြိုးအာဂါတတွေနဲ့ ကျွန်တော်တို့ ဘယ်တော့မှ ဆောင်ကျဉ်းလို့ရမှာမဟုတ်ဘူးဆိုတာလည်းပဲ ကျွန်တော်အနေနဲ့ ဒီအစည်းအဝေး မှာ ပြောကြားလိုပါတယ်။
ကျွန်တော်တို့ပြည်နယ်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ ကျွန်တော်တို့ ပြည်နယ်အနေအထားကို ပထမဦးဆုံး သုံးသပ်ကြည့်ဖို့လိုတယ်။ ဒီပြည်နယ်မှာ ဘာပဲလုပ်လို့ ရလဲ၊ ကျွန်တော်တို့ ပြည်နယ်ဖွံ့ဖြိုးတိုးတက်အောင် ဘာစလုပ်ရမှာလဲဆိုတာ သုံးသပ်ရပါမယ်။ ဒီပြည်နယ် ကြီးဖွံ့ဖြိုးတိုးတက်အောင် ကျွန်တော်တို့ တစ်ဖက်ပိတ် ကုန်းပိတ်ပြည်နယ်ကြီးဖြစ်တယ်။ ပြည်နယ်ရဲ့အခြေ အနေကိုလည်းပဲ တွေးကြည့်ရမယ်။ တစ်ဖက်ပိတ် ကုန်းပိတ်ပြည်နယ်တစ်ကယ် ဖြစ်လို့ ပိတ်နေတဲ့ပြည်နယ် ဖြစ်တဲ့အတွက် ဘယ်လိုဖွံ့ဖြိုးတိုးတက်မှာလဲ၊ ဒါဆိုအဲ့ လိုပိတ်နေတဲ့ လမ်းကြောင်းကို ဖွင့့်နိုင်အောင် ကြိုးပမ်းရ မယ်၊ ဖွင့်နိုင်အောင် ကြိုးပမ်းတဲ့နေရာမှာလည်းပဲ လွှတ် တော်ကိုယ်စားလှယ်ကြီးများရဲ့ အထောက်အပံ့တွေ အများကြီးပေးဖို့လိုအပ်လှပါတယ်။
ဒီလိုပေးနိုင်အောင်လည်းပဲ ဝိုင်းဝန်းကြိုးပမ်းပေးစေချင် ပါတယ်။ မကြိုးပမ်းပေးနေဘူးလို့ ဆိုလိုနေခြင်း မဟုတ် ပါ။ ဒိထက်မက ကောင်းသထက်ကောင်းအောင် တက်နိုင် တဲ့ကဏ္ဍကနေတွန်းအားပေးတာမျိုး၊ တိုက်တွန်းကြိုးပမ်း တာမျိုး ကျွန်တော်လိုချင်ပါတယ်။ ဖြစ်လည်းဖြစ်စေချင် ပါတယ်။ ဖြစ်စေချင်တဲ့အတွက်ကြောင့် ချပြတယ်။ ကျွန်တော်တို့ ပိတ်နေတဲ့ တစ်ဖက်ပိတ် ကုန်းပိတ်ပြည်နယ် ကြီး ကို ယခင်က တရားမဝင်ခဲ့တဲ့ ကုန်သွယ်မှုလမ်း ကြောင်း ကို ယခုတရားဝင် လမ်းကြောင်းဖြစ်အောင် နယ်စပ်ကုန်သွယ်ရေးစခန်းကို တရားဝင်ဖွင့်လှစ်ခဲ့တယ်။ တရားဝင် ဖွင့်လှစ်နိုင်အောင်၊ ကောင်းသထက်ကောင်း အောင်၊ မူဝါဒတွေနဲ့ ညီသထက်ညီအောင် တစ်ဆင့်ခြင်း သွားနိုင်အောင်လည်းပဲ ကြိုးပမ်းနေတယ်။
ယခင်က တရားမဝင်ခဲ့တဲ့ ကုန်စည် ကူးသန်းရောင်းဝယ် မှုများကြောင့် နိုင်ငံတော်အတွက် ဝင်ငွေများမရရှိခဲ့ဘူး၊ ယခုဝင်ငွေတွေရရှိလာပြီဆိုတော့ ဘယ်လောက်များ အနှစ်အရသာတွေကို ပြည်သူတွေခံစားနေရပြီလဲ၊ နိုင်ငံတော်ရော ဘယ်လောက်အထိ ဒီရရှိတဲ့ရလာဒ် တွေအပေါ်မှာ အကျိုးအမြတ်တွေ ဘယ်လောက်ထိ ရရှိနေလဲဆိုတာ သုံးသပ်ရပါမယ်။ ဒီလိုသုံးသပ်ပြီး ဒိထက် ကောင်းမွန်တဲ့နည်းလမ်းနဲ့များကိုလည်း ဆောင်ကျဉ်းပေးကြဖို့ တိုက်တွန်းအပ်ပါတယ်။ ကျွန်တော် တို့ ဒိကဏ္ဍလေးနဲ့ ရပ်မနေပါဘူး။
ကျွန်တော်တို့ International Border Check Point အဖြစ် တရားဝင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကြီး ပွင့်လာဖို့အထိ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင် မြို့နဲ့ ကယားပြည်နယ်၊ လွိုင်ကော်မြို့တို့ကို Sister Cities ညီအစ်မမြို့တော်အဖြစ် ကျွန်တော်တို့ ကြိုးပမ်းနေပါ တယ်။ ဒါဟာလည်းပဲ ကျွန်တော်တို့ အစိုးရတစ်ဖွဲ့ တည်းနဲ့ ကြိုးပမ်းလို့မရပါဘူး။ လွှတ်တော်ရဲ့အားကို လည်း အင်မတန်မှ လိုအပ်လှပါတယ်။ လွှတ်တော်ရဲ့ အားကို လည်း ကျွန်တော်တို့ ရရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ တစ်ကြိမ်နဲ့မရရင် နှစ်ကြိမ်၊ နှစ်ကြိမ်နဲ့ မရရင် သုံးကြိမ်ဖြင့် ကျွန်တော်တို့ ဝါယမစိုက်ထုတ်ပြီးမှ ကြိုးပမ်းပူးပေါင်းတင်ပြနေဖို့ လိုအပ်လှ ပါတယ်။ ဒီကဏ္ဍ လေးတွေ အားနည်းနေတဲ့အပေါ်မှာလည်းပဲ ကျွန်တော်ကို ကိုယ့်ရဲ့လွှတ်တော် သွေးချင်းတစ်ယောက် အနေနဲ့ သဘော ထားပြီး ပူးပေါင်းကြိုးပမ်းဖော်ဆောင် ပေးကြဖို့ လေးလေး စားစား တိုက်တွန်းမေတ္တာရပ်ခံလို ပါတယ်။
နောက်တစ်ချက်အနေဖြင့် ဒီလိုကြိုးပမ်းဆောင်ရွက်တဲ့ နေရာမှာ ပြည်ထောင်စုအစိုးရအဖွဲ့ ရယ်၊ ပြည်နယ်အစိုးရ အဖွဲ့ရယ်၊ သက်ဆိုင်ရာဝန်ကြီးဌာနများက မူဝါဒတွေနဲ့ အညီ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ဒီမူဝါဒ တွေနဲ့အညီဆိုတဲ့နေရာမှာ ကျွန်တော်တို့ စကားသွားပြော ပါတယ်။ နှေးခြင်း၊ မြန်ခြင်းသွားစကားပြောပါတယ်။ ဘယ်အကြောင်းအရာတွေ၊ ဘယ်အချက်တွေ ဘယ်လို မူဝါဒတွေက နှောင့်နှေးကြန့်ကြာနေသလဲ၊ ဒါကိုကျွန်တော် တို့ ထက်ဆင့်ထက်ဆင့် ကိုယ်စီကိုယ်စီအဖြေရှာရမယ်။ ဒီနှေးနေတာကို မြန်အောင်၊ လူကြီးတွေရဲ့နားထဲ ပေါက် မြောက် သွားအောင် နိုင်ငံတော်ရဲ့မူဝါဒနဲ့လည်း ညီသွား အောင် ကျွန်တော်တို့ တွန်းအားပေးနေရမယ်။
ဒါမှသာလျှင် ကျွန်တော်တို့ပြောတဲ့ ပြည်သူ့တာဝန်ကို ကျေမှာပေါ့။ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် ဖို့ အတွက် ကယားပြည်နယ်မှာ ဒီလမ်းကြောင်းကြီးက ပိတ်နေတယ်။ ဒါကြီးကို ဖွင့်ဖို့အတွက် ကျွန်တော်တို့ အမြန်ဆုံးတွန်း အားတွေပေးနေရမယ်။ ဒီကဏ္ဍလေးတွေကိုလည်းပဲ ဆက်လက်ကြိုးပမ်းဝန်းရံဖော်ဆောင်ပေးကြဖို့ ကျွန်တော် အနေနဲ့ ဒီနေ့ဒီအခမ်းအနားမှာ လေးလေး စားစား တိုက်တွန်း မေတ္တာရပ်ခံခြင်းဖြစ်ပါတယ်။ အမှန်အတိုင်း ပြောရမယ်ဆိုရင် International Border Check Point ကြီးတစ်ခု ပွင့်ဖို့အတွက်၊ ကယားပြည်နယ်ကြီး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒီလမ်းကြောင်းဟာ အဓိက သော့ချက်ဖြစ်တယ်ဆိုတဲ့ အချက်ကို သိရှိကြိုးပမ်းဖော် ဆောင်နိုင်အောင် ချပြခြင်းဖြစ်ပါတယ်။
နောက်တစ်ချက်အနေနဲ့ စီးပွားရေးဖွံ့ဖြိုးမှုနဲ့ ငြိမ်းချမ်း ရေး အခန်းကဏ္ဍကိုလည်းပဲ အနည်း အကျဉ်းပြောလို ပါတယ်။ ကျွန်တော်တို့လက်ရှိ ကြိုးပမ်းဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေး ၊ ဖွံ့ဖြိုး တိုးတက်ရေး ဒီနှစ်ချက်ဟာ တစ် ကဏ္ဍချင်းဖော်ဆောင်နေလို့မရဘူးဆိုတာမြင်ပါတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှ ငြိမ်းချမ်းမယ်၊ ငြိမ်းချမ်းမှ လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မယ်ဒါကို ကျွန်တော်တို့ တစ်ပြိုင်တည်း ဓွန်တွဲလုပ်ဆောင်နေပါတယ်။ အစိုးရ အဖွဲ့အနေနဲ့ ဒီလို ဒွန်တွဲ လုပ်ဆောင်နေတဲ့အတွက် ကြောင့်လည်းပဲ လက်ရှိပြည်နယ်ရဲ့ အနေအထားကို လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများ အားလုံးအနေ နဲ့ မျက်ဝါးထင်ထင်တွေ့မြင်နေရပါတယ်။ ဘယ်လို တွေ့မြင်နေရသလဲ၊ ဥပမာအနေနဲ့ ကျွန်တော်ပြောပြပါ မယ်။ ကယားပြည်နယ်နဲ့ ထိုင်းနိုင်ငံ နယ်စပ်ကုန်သွယ် ရေး လမ်းကြောင်း ဖွင့်လှစ်နိုင်အောင် ကြိုးပမ်းတဲ့ အနေ အထားတစ်ခုက ဒီ(၃)နှစ်တာကာလတစ်ခုမှာ ဘယ်လောက် ထိ ခရီးပေါက်မြောက်ခဲ့သလဲ၊ ဒီကုန်သွယ် ရေး စခန်းကြီး ဖွင့်လိုက်ပြီဆိုတာနဲ့ ကျွန်တော်တို့ အနည်း ဆုံး လမ်းဘေးတွေမှာ ပြည်သူတွေရဲ့ အဆောက် အဦ တွေ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာတာကို တွေ့ရပါတယ်။
ဒါစီးပွားရေးကို ဦးမော့ အောင်လုပ်တဲ့ကဏ္ဍတစ်ခုပဲ ရှိပါသေးတယ်။ ဂျောင်ဂျိုဂျောင်ကြားမှာ ယခင်က နေထိုင်ခဲ့ရတဲ့ တိုင်းရင်းသားတွေ လမ်းဘေးမှာရောက် ကုန်ပြီ၊ လမ်းဘေးမှာ မြေတွေကို ဈေးတက်လာပြီ၊ သူ့အလိုလို ဖွံ့ဖြိုး တိုးတက်လာတဲ့အနေအထား တစ်ခု ဖြစ်တယ်၊ BP-13 မယ်စဲ့မြို့ကနေ လွိုင်ကော်မြို့အထိ လမ်းဘေးတစ်လျှောက်ကြည့်သွားပါက ဘယ်လောက် အထိ တိုးတက် ပြောင်းလဲနေသလဲ၊ ဒါဆိုပြည်သူတွေ ကိုယ်တိုင်က ယခင်က ပိတ်ခဲ့တဲ့အတွက်ကြောင့် ယခုလို မနေနိုင်ခဲ့ဘူး၊ ယခု ဖွင့်ပေးလိုက်ပြီဆိုတဲ့အတွက်ကြောင့် နေထိုင်လာပြီ၊ ဖွံ့ဖြိုးမှုအရသာကို သူတို့ လိုချင်ကြတယ်။
လိုချင်ကြတော့အခု ဒါငြိမ်းချမ်းရေးပါဒွန်တွဲပြီးမှ ငြိမ်းချမ်းရေးအရသာကို သူတို့ ခံစားလာပြီ၊ ငါတို့တော ထဲမှာ ဒုက္ခခံနေမယ့်အစား တောထဲမှာ ပင်ပန်းဆင်းရဲ ချို့တဲ့စွာ နေမယ့်အစား ငါတို့ဒီလိုမျိုးတရားဝင် လုပ်ခွင့် ရတဲ့အရသာကို ငါတို့သိပြီ၊ ငါတို့ ကြိုးပမ်းကြမယ် ဆိုတော့ ဒါငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးရေး အခြေအနေကို မျက်ဝါးထင်ထင်ချပြခြင်းဖြစ် ပါတယ်။ ဒါလက်ရှိ အမှန် တရားကိုချပြခြင်းဖြစ်ပါတယ်။ ကျွန်တော် တစ်ယောက် တည်း ကြိုးပမ်းမှု ကြောင့် ဒီလိုအောင်မြင်နေတယ်လို့ ကျွန်တော်ပြောနေတာမဟုတ်ပါဘူး၊ အစိုးရရယ်၊ လွှတ်တော် ရယ် ပူးပေါင်းဆောင်ရွက်နေတဲ့အတွက် ဒီလိုအောင်မြင်မှုရတယ်ဆိုတာ၊ ဒီအသီးအပွင့်တွေကို ခံစားကြရတယ်ဆိုတာ သိစေချင်လို့ ချပြခြင်းသာ ဖြစ်ပါတယ်။ ဒိထက်အောင်မြင်အောင် ကျွန်တော်ကြိုး ပမ်းစေချင်ပါတယ်။ ကြိုးပမ်းပေးဖို့ကိုလည်း ကျွန်တော် လေးလေးစားစားဖြင့် ထပ်မံတိုက်တွန်း ပါတယ်။
နောက်တစ်ချက် ကျွန်တော်တို့ တရားဥပဒေစိုးမိုးရေး အခန်းကဏ္ဍကိုလည်း အနည်း အကျဉ်း ပြောပြပါရစေ၊ ပြည်နယ်တစ်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ဖို့အတွက် ၊ နောက်ဆုံး မြို့တစ်မြို့ တိုးတက်ဖို့အတွက် တရားဥပဒေစိုးမိုးရေး ကဏ္ဍ မရှိ လို့မရပါဘူး၊ မဖော်ဆောင်နိုင်လို့မရပါဘူး၊ တရားဥပဒေစိုးမိုးမှုမရှိဘဲနဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်မှုဟာလည်း ဘယ်တော့မှ အကောင်အထည် ဖော် လို့ရမှာမဟုတ်ပါဘူး၊ ဖော်မယ်ဆိုလည်း ထိုက်သင့် တဲ့ အောင်မြင်မှုကို ရမှာမဟုတ်ပါဘူး၊ ဒါကြောင့် တရား ဥပဒေစိုးမိုးရေးကဏ္ဍဟာလည်း ပဲ နိုင်ငံအတွက် ပြည်နယ် အတွက် အရေးပါလျက်ရှိပါတယ်၊ ဒီတရားဥပဒေ စိုးမိုးရေး ကဏ္ဍကို ပီပြင်စွာ ဆောင်ရွက်နိုင်ဖို့အတွက် အားလုံးအားလုံး ကိုယ်စီကိုယ်စီ အများပြည်သူရဲ့အကျိုး အတွက် မကောင်းတဲ့ Mind Set တွေရှိနေကြတယ် ဆိုရင် လည်း ပြောင်းကြရပါမယ်။ ဒါမှသာလျှင် တရား ဥပဒေစိုးမိုးမှု ပိုမိုတိကျစွာ ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။
အများပြည်သူအကျိုးအတွက် မှန်ကန်တဲ့လုပ်ဆောင် ချက်တွေ နောင်လာနောင်သားတွေအတွက် အကျိုးရှိမယ့် မူဝါဒတွေ၊ ဥပဒေတွေ ချမှတ်နိုင်အောင် ပြဋ္ဌာန်းပေးနိုင် အောင် ဝိုင်းဝန်းကြိုးပမ်းဖို့လည်း လိုအပ်ပါတယ်။ နောက်ပြီးသတင်းပေးမှုဆိုတဲ့ အခန်းကဏ္ဍဟာလည်းပဲ ဒီတရားဥပဒေစိုးမိုးရေးကဏ္ဍမှာ အင်မတန် မှ အရေး ပါပါတယ်။ ဒီအချက်လေးတွေကို အခြေခံပြီး ဟန်ချက် ညီညီ ချိတ်ဆက်ပူးပေါင်းဆောင် ရွက်ပေးဖို့အတွက် လေးလေးစားစားတိုက်တွန်းအပ်ပါတယ်။
ဒီလိုပူးပေါင်းဖော်ဆောင်နိုင်အောင် ကျွန်တော်တို့ ပြောနေတဲ့အရာတွေကို မည်သူမဆို လူတန်းစားမရွေး ကြိုးပမ်းဖော်ဆောင်မယ့် ကဏ္ဍတွေကို ကြိုးပမ်းဖော် ဆောင်မယ်ဆိုရင် မူဝါဒတွေနဲ့အညီ ဆောင်ရွက်ဖို့ အမြဲတမ်း ဖိတ်ခေါ်နေပါတယ်။ အမြဲတမ်းလက်တွဲ နေပါတယ်။ နေ့ညမရွေး ဒီကဏ္ဍတွေကြိုးပမ်းဖော် ဆောင် နိုင်ဖို့အတွက် လက်တွဲနိုင်ဖို့အတွက် ကြိုးပမ်း နေတယ်ဆိုတာကို လွှတ်တော်ကိုယ်စားလှယ် တော်ကြီး များအားလုံးကို သိရှိစေလိုတဲ့အတွက်ကြောင့် ချပြခြင်း ဖြစ်ပါတယ်။
ယခု ကယားပြည်နယ်အနေအထားအရ NCA လမ်း ကြောင်းပေါ် အမြန်ဆုံးရောက်ရှိနိုင်ရေး အတွက် အလေး ထားပူးပေါင်းဆောင်ရွက်ရမယ့်အနေအထားလေးတွေရှိတယ်၊ ကြိုးပမ်းတဲ့ နေရာမှာ နည်းမှန်လမ်းမှန်နဲ့ အနာ ဂတ်အကျိုး ပြည်နယ်ရဲ့အကျိုးကို အပြုသဘော ဆန်ဆန် ဝိုင်းဝန်းပူးပေါင်းပုံဖော်ပေးကြဖို့ တာဝန်လည်း ရှိတာကိုသတိချပ်စေလိုပါတယ်။ ကိုယ်စီကိုယ်စီ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ပြောင်းလဲကြဖို့ တိုက်တွန်းပါ ရစေ၊ နောက်တစ်ချက်က မူးယစ်ဆေးဝါးအခန်းကဏ္ဍ ဟာလည်း ပြည်နယ်သာမက တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဖိဖိဆီးဆီးဆောင်ရွက်နေပါတယ်။ဒါပေမယ့် ပြည်နယ် အတွက် ထိုက်သင့်တဲ့ခရီးပေါက်မှုမရရှိခဲ့ပါဘူး၊ မကြိုး ပမ်းလို့ မရောက်တာလဲ မဟုတ်ဘူး၊ ဒီနေရာမှာ ပူးပေါင်း မှုအားနည်းခြင်း၊ သတင်းပေးမှုအားနည်းခြင်းဆိုတဲ့ ကဏ္ဍ ကြောင့် သာလျှင် အတိုင်းအတာတစ်ခုအထိ မရောက် ခြင်းကို သတိချပ်စေချင်တဲ့အတွက် ချပြခြင်းဖြစ် ပါတယ်။ ယခုဆိုလျှင် ကျွန်တော်တို့ လက်ရှိ ပြည်နယ် အနေအထားအရ ၂၀၁၈ ခုနှစ်အတွင်း မူးယစ်ဆေးဝါး အသိပညာပေးဟောပြောပွဲ စုစုပေါင်း(၁၂၀)ကြိမ် ပြုလုပ်ခဲ့တယ်။ ဒါပေမယ့် အမှန် အတိုင်းပြောရရင် (၁၂၀)ကြိမ်ဆိုတာ မနည်းပါဘူး၊ ဒိထက်ပိုလုပ်ဖို့လည်း ကြိုးပမ်းဖို့တော့ လိုပါမယ်။
ဒီလိုအသိပညာပေးဟောပြောပွဲတွေ လုပ်နေယုံနဲ့ ထိရောက်နေပြီလား၊ မထိရောက်ဘူး ဆိုရင် မထိရောက် တဲ့အလျှောက် အကြံပြုသုံးသပ်ချက်တွေကို လွှတ်တော် ကဏ္ဍကနေ ဆောင်ကျဉ်းပေးကြဖို့၊ အကြံပြုပေးကြဖို့ တိုက်တွန်းပါရစေ၊ ဘာကြောင့်လည်းဆိုရင် အမျိုးသား ရေး တာဝန်တစ်ရပ်ဖြစ်တယ်လို့ ကျွန်တော်တို့ သတ်မှတ် ထားတာဖြစ်တဲ့အတွက်ကြောင့် အားနည်းချက်ရှိတယ် ဆိုလည်းပဲ ဘယ်လိုပုံစံနဲ့ ဘယ်လိုဖြည့်စွက်ပြီး ကြိုးပမ်း ဖော်ဆောင် သင့် သလဲဆိုတာကို အကြံဉာဏ်တွေပေး ကြဖို့ ကျွန်တော်အနေနဲ့ တိုက်တွန်းခြင်းသာဖြစ်ပါတယ်။ ဒီ(၁၂၀)ကြိမ် ပညာပေးမှုလုပ်တဲ့နေရာမှာ ပြည်နယ် လူဦး ရေ(၃)သိန်းကျော်ထဲမှ လူဦးရေ (၁)သောင်း(၃)ထောင် ကျော်ကိုပဲ အသိပညာပေးနိုင်ပါသေးတယ်။ အဲဒါကြောင့် မို့လည်း ထိရောက်တယ်လို့ သတ်မှတ်လို့မရသေးပါ။ ဒိထက်မက အသိပညာပေးဟောပြောမှုတွေ ပြုလုပ် လာနိုင်ဖို့၊ လိုအပ်တဲ့ကျေးရွာတွေမှာ အမှန်တကယ် လုပ်သင့် လုပ်ထိုက်တဲ့ကျေးရွာတွေမှာ လုပ်နိုင်အောင် လည်းပဲ လွှတ်တော်ကိုယ်စားလှယ်ကြီးများက အကြံပေး တင်ပြတောင်းဆိုမှုတွေ ဆောင်ရွက်ပေးစေလိုပါတယ်။
နောက်တစ်ချက်က ၂၀၁၈ ခုနှစ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီး ရရှိမှုအနေနဲ့ မူးယစ်ဆေးဝါးတားဆီး ကာကွယ် ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ် အနေဖြင့် အရှိန်အဟုန်နဲ့ဆောင်ရွက်တဲ့နေရာမှာ ၂၀၁၈ ခုနှစ် (၁)နှစ်လုံး မူးယစ်ဆေးဝါး ဖမ်းဆီး ရမိမှု အမှု ပေါင်း(၉၄)မှုဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဖမ်းဆီးနိုင်တဲ့အတွက် ကြောင့် ဂုဏ်ယူနေဖို့ ချပြခြင်း မဟုတ်ပါဘူး။ ဒီလိုဖမ်း ဆီး နိုင်တာဟာ ကောင်းတာမဟုတ်ပါဘူး၊ ပပျောက် အောင်လုပ်မှ ဂုဏ်ယူနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် မူးယစ်ဆေးဝါးပပျောက်ရေး ကြိုးပမ်းဖော်ဆောင် နေမှုကိုတော့ သိစေလို၍ ရဲရဲချပြခြင်းဖြစ်ပါ တယ်။ ဒီထက်မက ဆက်လက် ကြိုးပမ်းမယ်၊ ဒီထက်မက ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ အသွင်သဏ္ဍန်ဖြစ် စေချင်တဲ့ အတွက် ကြောင့် ချပြခြင်းဖြစ်ပါတယ်။ စိတ်ကြွရူးသွပ်ဆေးပြား(၂၉၇၂၃)ပြားကိုလည်း ဖမ်းဆီး ရ မိနိုင်ခဲ့ပါတယ်။ ဒါအနည်းအကျဉ်းလေးပဲ ဖမ်းမိခြင်း ဖြစ်ပါတယ်။ ရှိသေးတယ်လို့လည်း သိရပါတယ်။ ဂိုဏ်းကြီးကြီးတွေဖမ်းမိဖို့လိုအပ်ပါတယ်။ ခိုင်လုံတဲ့ အထောက်အထား မရရှိသေးတဲ့ အတွက် မလုပ်နိုင်တဲ့ အပေါ်မှာ ကိုယ်စားလှယ်တွေသိရှိပြီး Information လေးတွေနဲ့ ဘယ်လို ပူးပေါင်းမလဲဆိုတာ သိနိုင်စေဖို့ချ ပြခြင်းဖြစ်ပါတယ်။ နောက် ဘိန်းမဲက(၆၅၆၉.၇)ဂရမ် ဖမ်းဆီး နိုင်ခဲ့ပါတယ်။ ဘိန်းဆီခဲ(၁၅)ဂရမ်၊ ဘိန်းဖြူ (၁.၄) ဂရမ်၊ ဘိန်းစိမ်း(၁၉၄.၉၂)ဂရမ်၊ စုစုပေါင်းကာလ တန်ဖိုးကျပ်(၈၁.၈၂၅)သန်း ဖမ်းဆီးနိုင်ခဲ့ပြီး တရားခံ ပေါင်း (၁၆၁)ဦးကို ဖမ်းဆီးအရေးယူ နိုင်ခဲ့ပါတယ်။
အမှန်တော့ ဒီသတင်းတွေကို မချပြတဲ့အချက်တွေကို လွှတ်တော်ကိုယ်စားလှယ် ကြီးများ ပြန်သုံးသပ်ကြည့် မယ် ဆိုရင် ရင်ထဲကောင်းမှာမဟုတ်ပါဘူး။ ဒါတောင် မမိသေးတဲ့ အရာတွေရှိသေးတယ်။ ဒီအခြေအနေတစ်ရပ် ဟာလည်း ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုမှာ အဟန့်အတား တစ်ခုဖြစ်ပါတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ ဝိုင်းဝန်း ကြိုးစားပေးပါလို့ မေတ္တာရပ်ခံလိုပါတယ်။ ကျွန်တော်အနေနဲ့ ဒိထက်မက ကြိုးပမ်းဖော်ဆောင် သွားမှာလို့လည်း ချပြလိုပါတယ်။ (၃)နှစ်တာကာလ အတွင်း မှာ တရားဥပဒေစိုးမိုးရေးအတွက် အစိုးရအဖွဲ့ မှာ အားနည်းချက် မရှိဘူးလို ဘယ်တော့မှ မပြောဘူး၊ အဖွဲ့အစည်းအသီးသီးမှာ အားနည်းချက်၊ အားသာချက် ရှိတဲ့အတွက် ကျွန်တော်တို့ အစိုးရအဖွဲ့မှာ အားနည်း ချက် က ပူးပေါင်းပါဝင်မှုပဲဖြစ်ပါတယ်။
တစ်ကယ့်စိတ်ရင်းအမှန်ဖြင့် စေတနာမေတ္တာဖြင့် အားလုံးက ပူးပေါင်းမှသာ အောင်မြင်မှာ ဖြစ်ပါတယ်။ ဥပမာအနေဖြင့် အများပြည်သူတွေအတွက် ဝန်ထုပ် ဝန်ပိုးဖြစ်စေတဲ့ ဝါးတားဂိတ်တွေ ဖြုတ်ခဲ့ပါတယ်။ အဲဒိ လွတ်လပ်မှုကို အခွင့်အရေးယူနေတဲ့ ပုဂ္ဂိုလ်တွေရှိနေတာ တွေ့ရပါတယ်။ ကယားပြည်နယ်အနေအထားအရ လမ်းပေါင်းမြောက်များစွာ ရှိပြီး ကျေးရွာချင်းချိတ် ဆက်လမ်း တွေ၊ မြို့နယ်ချင်းချိတ်ဆက်လမ်းတွေ ပေါများပါတယ်။ ဒီလိုအနေအထားဟာလည်း လောဘ သားဆိုတဲ့ သဘောသဘာဝက နည်းလမ်းအမျိုးမျိုး အသုံးပြုဆောင်ရွက်နေတဲ့အတွက် တရားဥပဒေစိုးမိုးမှု အားနည်းချက် အချို့ရှိနေပါတယ်။ ပြည်နယ် အနေ အထားအရ ငြိမ်းချမ်းရေး အဖွဲ့အစည်း(၇)ဖွဲ့ ရှိနေတာ ကိုလည်း သတိချပ်ရပါမယ်။
တရားဥပဒေစိုးမိုးမှုကဏ္ဍမှာ မူးယစ်ဆေးဝါးရော၊ တရားမဝင်သတ္တုသယ်ဆောင်မှုကဏ္ဍရော၊ တရားမဝင် သစ်သယ်ဆောင်ခြင်း ကိစ္စတွေရော ကဏ္ဍတွေအားလုံးမှာ ပါဝင်ပတ်သက်သူတွေက လုပ်ရဲကိုင်ရဲပြောရဲဆိုရဲသူ တွေပဲ ဖြစ်တယ်ဆိုတာ မပြောပဲနဲ့သိနေပါတယ်။ ပြည်သူတွေကလည်း မပြောဘဲနဲ့ သိနေတဲ့ အနေအထား ရှိနေပါတယ်။ ဒါကြောင့်မို့လို့ အစိုးရအဖွဲ့အနေဖြင့် တာဝန်ရှိသူတွေနဲ့ ကြပ်မတ် ပူးပေါင်းသွားပါမယ်။ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများအနေဖြင့် ပြည်သူတွေနဲ့ ထဲထဲဝင်ဝင် ထိတွေ့တဲ့အချိန်မှာ အားနည်းချက်တွေရှိတယ်ဆိုရင် အချိန်နဲ့တပြေးညီ သတင်းပေးပြီး တရားဥပဒေစိုးမိုးမှု ပိုမိုခိုင်မြဲလာအောင် ဝိုင်းဝန်းကြိုးပမ်းပေးဖို့တိုက်တွန်းလိုပါတယ်။
ရင်းနှီးမြှုပ်နှံမှုနဲ့ ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍ ဆောင်ရွက်မှုများကိုလည်း ပြောကြား လိုပါတယ်။ ပြည်နယ်အတွင်းမှာ ရင်းနှီးမြှုပ်နှံမှုအခန်းကဏ္ဍ(၃၀)% တိုးတက်လာပြီဖြစ်ပါတယ်။ ဒီထက်မကတိုးတက်မယ့် ကဏ္ဍတွေ အများကြီးရှိနေပါတယ်။ ကျွန်တော်တို့ အတူတကွ ပူးပေါင်း ဆောင်ရွက်မယ်ဆိုရင် ဒိထက်မက တိုးတက်ဖို့အများကြီးရှိနေပါတယ်။ ဒိထက်နိမ့်ကျ သွားဖို့ဘယ်တော့မှမရှိဘူးဆိုတာကိုလည်း သိသာအောင် ချပြခြင်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဆိုရင် ဘောလခဲ မြို့နယ်မှာ ကနူးကယက်လှေစီးခြင်းလုပ်ငန်းကို ဖော်ဆောင်နိုင်ရေး ကြိုးပမ်းလျက်ရှိ ပါတယ်။ ဒီလိုနေရာ မှာ လာရောက်ရင်းနှီးမြှုပ်နှံသူတွေအတွက် အကျိုး အမြတ် ရ ရှိဖို့ သေချာမှုမရှိ ဘူးဆိုတာ လုပ်ငန်းရှင်များ၊ စီးပွားရေးသမားများ သိမြင်မှာပဲဖြစ်ပါတယ်။
လုပ်လုပ်ချင်း သူဌေးဖြစ်သွားမယ့် အနေအထားမဟုတ် ပါဘူး။ သို့ပေသော်လည်းပဲ ကျွန်တော်တို့ရဲ့ ဖိတ်ခေါ်ဆွဲ ဆောင်မှု၊ သူတို့ရဲ့ စိတ်အားထက်သန်မှုတွေကြောင့် ပြည်နယ်ကို စေတနာထားပြီး ကြိုးပမ်းဆောင်ရွက်တဲ့ နေရာမှာ လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်း ကဏ္ဍဟာ သိပ်အရေး ကြီးပါတယ်။ လုပ်ချင်တဲ့ဆန္ဒရှိမှ သာလျှင် ပြည်သူကို မျက်နှာမူရာကျပါမယ်။ တာဝန်ကျေ အောင် ပုံဖော်ပေးနိုင်မှသာလျှင် တာဝန်ကျေတဲ့ ကိုယ်စား လှယ်တော်ကြီးတွေဖြစ်ပါမယ်။ ဒီအချက်အလက် တွေကိုလည်းပဲ သိရှိပြီး ပူးပေါင်းဖော်ဆောင်ပေးဖို့ လေးလေးစားစား တိုက်တွန်းအပ်ပါတယ်။
ဖရူဆိုမှာဆိုလည်းပဲ ထိုနည်းလည်းကောင်းပါပဲ ၊ ကျွန်တော်တို့ ဖရူဆိုအနောက်ဘက် ခြမ်းရှိ ထီးပရူနူဂူသဘာဝလှိုဏ်ဂူ၊ ဆင်ဖြူတောင် ခရီးစဉ်တွေ ဖော်ဆောင်ဖို့ သစ်တောမြေအသုံးပြုခွင့် ရရှိရေး သယံဇာတနှင့်သဘာဝပန်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကို တင်ပြထားပြီးဖြစ်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့လည်း သိရှိပြီးမှ ကြိုးပမ်းမှရပါမယ်။ ဒီလိုကြိုးပမ်းဖို့ အတွက် အမြင်မတူကြဘူး၊ အသွင်မတူကြဘူး၊ အားမစိုက်ကြဘူး၊ အဆွဲလောက်နဲ့ပဲကြည့်မယ်၊ ရေရှည်အနာဂတ်တွေအတွက် မကြည့်ဘူးဆိုရင် ဒါဖော်ဆောင်တဲ့ကဏ္ဍတွေမှာ နှောင့်နှေးနေမှာပဲ ဖြစ်ပါတယ်။ ရတဲ့အချိန်လေးမှာ ကျွန်တော်တို့တွေ တာဝန်ရှိတဲ့အချိန်လေးမှာ တာဝန်ယူနေရတဲ့ အချိန်လေးမှာ အားစိုက်ပေးဖို့ တိုက်တွန်းပါရစေ၊ တစ်ခုခုလုပ်ရင် စီမံကိန်းတစ်ခုကို ဆောင်ရွက် မယ်ဆိုရင် အကောင်းနဲ့အဆိုး ဒွန်တွဲနေပါတယ်။ ကျွန်တော်တို့ အကောင်းကြီးပဲ ဘယ်တော့မှ ရမှာမဟုတ်ပါဘူး၊ အဆိုးကလည်းအနည်းအကျဉ်း ဒွန်တွဲလာမှာပဲ၊ အကောင်းများပြီးမှ အဆိုး နည်းမယ်ဆိုရင် ကျွန်တော်တို့ ဖော်ဆောင်သင့်တဲ့လုပ်ငန်းတွေကို ဖော်ဆောင်ဖို့လိုအပ်ပါတယ်။ ဒါကြောင့်မို့လို့ မှန်မှန်ကန်ကန်သတ္တိရှိရှိ ရဲရဲဝံ့ဝံ့လုပ်ဆောင်ကြဖို့၊ ယူထားတဲ့တာဝန်တွေကို အများပြည်သူအတွက် ထိထိရောက်ရောက် ပုံဖော်ပေးနိုင်ဖို့ ချပြခြင်းဖြစ်ပါတယ်။ ဒီလို သတ္တိ လည်းရှိဖို့လိုအပ်လှပါတယ်။ ဗျတ္တိလည်းရှိဖို့လိုအပ်လှပါတယ်။
နောက်တစ်ချက်အနေနဲ့ မြေယာကဏ္ဍနဲ့ပတ်သက်ပြီး အနည်းအကျဉ်းပြောကြားလို ပါတယ်။ ကယားပြည်နယ်အစိုးရအဖွဲ့အနေနဲ့ တာဝန်ယူတဲ့အချိန်ကစပြီး (၃)နှစ်တာကာလ အတွင်းမှာ ပြည်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုတွေရရှိစေဖို့အတွက် မြေငှါးဂရန်တွေ ထုတ်ပေးလျက်ရှိပါတယ်။ မြေငှါးဂရန်တွေထုတ်ပေးတဲ့နေရာမှာ ယခုဆိုလျှင် မြေငှါးဂရန်ပေါင်း(၁၃၂၈)ခု ထုတ်ပေးနိုင်ခဲ့ပါတယ်။ ယခင်ထုတ်ပေးပြီးစီးမှုတွေနဲ့ ပြန်ချိန်ထိုး ကြည့်မယ်ဆိုရင် (၃)နှစ်တာကာလအတွင်းမှာ ယခင်ထက် ကျော်လွန်စွာ ထုတ်ပေးနိုင်ခဲ့တဲ့ အနေအထားတစ်ခုဖြစ်ပါတယ်။ ဘာကြောင့် ဒီဟာကို ချပြသလဲဆိုရင် ကျွန်တော်တို့ ပူးပေါင်းကြိုးပမ်းဆောင်ရွက်တဲ့အနေအထားလေးတစ်ခု၊ ချိန်ထိုးပြီးမှ နှိုင်းယှဉ်လာနိုင်မယ့် အနေအထား လေးတစ်ခုရောက်အောင်ချပြခြင်းဖြစ်ပါတယ်။ ချိန်းထိုးပြီး တွေးမြင်တတ်မှလည်း အစိုးရနဲ့ လွှတ်တော်ပူးပေါင်းပြီး အများပြည်သူအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာလုံခြုံမှုကို ဘယ်လောက်အတိုင်းအတာအထိ ပေးနေသလဲဆိုတာ ချိန်ထိုးပြီးမှ ဆက်လက်ကြိုးပမ်းနိုင်အောင်လို့သာ ချပြခြင်းဖြစ်ပါတယ်။ လက်ရှိပကတိအခြေအနေအတိုင်း ချပြခြင်းဖြစ်ပါတယ်။ ဘယ်အကြောင်းအရာတွေကိုမှ အပေါ်ယံသဘောပြောကြားနေခြင်းမဟုတ် ပါဘူး၊ ဘာကြောင့် မြေငှါးဂရန်တွေထုတ်ပေးနေသလဲ၊ ပုံစံ(၇)တွေ ဘာကြောင့် ထုတ်ပေးနေသလဲ၊ ကျွန်တော့ပြည်နယ်ဟာ စိုက်ပျိုး၊မွေးမြူရေးကို အဓိကလုပ်ကိုင်တဲ့ပြည်နယ်ဖြစ်ရာ ပုံစံ(၇)မရှိဘဲ နဲ့ ဘဏ်တွေမှာ ချေးငှါးလို့မရသလို ပိုင်ဆိုင်မှုမရှိဘဲနဲ့ ဘဏ်တွေမှာ ချေးငှါးလို့ရမှာမဟုတ်ပါဘူး၊
ဂရန်တွေမရှိဘဲနဲ့ပဲ ကုမ္ပဏီထောင်ပြီးမှ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လို့ရမှာမဟုတ်ပါ။ ဖွံ့ဖြိုးတိုးတက် စေချင်တဲ့အတွက်ကြောင့် ပုံစံ(၇)ရော မြေငှါးဂရန်တွေရော ထုတ်ပေးခြင်းဖြစ်ပါတယ်။
အစိုးရနဲ့ လွှတ်တော် ပူးပေါင်းပြီး ပြည်သူတွေအတွက် ဆောင်ရွက်ပေးလျက်ရှိတာတွေကို ပြန်လည်ချပြ နိုင်ရေးအတွက် ရှင်းလင်းချပြခြင်းဖြစ်ပါတယ်။ ဒိထက်မက ပူးပေါင်းနိုင်တဲ့ အရွေ့တစ်ခုကို ကျွန်တော်သွားချင်ပါတယ်။ ဒီလိုသွားနိုင်တဲ့ အနေအထားလေးတစ်ခုရောက်အောင် ဝိုင်းဝန်း ကြိုးပမ်းပေးဖို့အတွက် လေးလေးစားစား တိုက်တွန်းလိုပါတယ်။
သိမ်းဆည်းလယ်ယာမြေများနှင့်ပတ်သက်ပြီး ပြောရမယ်ဆိုရင် သိမ်းဆည်းလယ်ယာမြေ ဆိုတာ အခြားတိုင်းဒေကြီးနဲ့ ပြည်နယ်များနဲ့ နှိုင်းယှဉ်ပါက အမှုတွဲ အနည်းအကျဉ်းသားရှိနေပါ တယ်။ ဒါပေမယ့် ရှိနေတဲ့ အမှုတွဲအနည်းအကျဉ်းအပေါ်မှာ ကြိုးပမ်းဆောင်ရွက်ပေးနေတဲ့ အနေအထားတစ်ခု ချပြလိုပါတယ်။ သိမ်းဆည်းလယ်ယာမြေများနဲ့ ပတ်သက်ပြီး တောင်သူများ နစ်နာမှုမရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ လွိုင်ကော်မြို့နယ်၊ လွယ်တမူကျေးရွာ အုပ်စု၊ အမှတ်(၂၅၀)တပ်ရင်းမှ ပြန်လည်စွန့်လွှတ်မြေ(၁၉၄)ဧကရှိခဲ့ပါတယ်၊ အဲဒိ(၁၉၄)ဧကကို လုပ်ကိုင် ခဲ့ဖူးသူ တောင်သူ(၇၂)ဦးထံကို ပြန်လည်ပေးအပ်နိုင်ခဲ့ပါတယ်။
ထို့နည်းတူ မထောခူကျေးရွာ အုပ်စုရှိ အမှတ်(၇)ကုတင် (၁၀ဝ)ဆံ့ တပ်မတော်စစ်ဆေးရုံမှ စွန့်လွှတ်မြေ(၁၅)ဧက ကို လည်းပဲ တောင်သူ(၆)ဦးထံကို ပြန်လည်ပေးအပ်နိုင်ခဲ့ပါတယ်။ ဒါတွေ ကျွန်တော်တို့ ကိုယ်စားလှယ်တွေ သိရပါမယ်။ သိလည်းသိနေတယ်လို့ ယုံကြည်ပါတယ်။ နောက်ပြီး လောပိတကျေးရွာအုပ်စု၊ လောပိတကျောက်တောင် ဧက(၁၃၂၅.၅)ဧကထဲမှ ပြန်လည်စွန့်လွှတ်သောမြေ(၄၅.၃၇)ဧကကို တောင်သူ(၁၇)ဦးအတွက် ပြန်လည်စွန့်လွှတ်ပေးနိုင်ခဲ့ပါတယ်။ ဒီလိုပြန်လည်ပေးအပ်ရာမှာလည်း ပေးသင့်ပေးထိုက်တဲ့သူတွေကို နိုင်ငံတော်ကချမှတ်ထားတဲ့ မူဝါဒတွေနဲ့အညီ ပေးအပ်ခဲ့တယ် ဆိုတာလည်းပဲ သိစေလိုပါတယ်။ ကျန်ရှိနေတဲ့မြေတွေ၊ အထောက်အထားများနှင့်တကွ တင်ပြ တောင်းဆိုနိုင်ခြင်းမရှိတဲ့မြေတွေကိုတော့ အစိုးရအနေဖြင့် စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့မြေအဖြစ် ဆက်လက် ထားရှိတယ်ဆိုတဲ့ အနေအထားကိုပြောပါရစေ၊ အဲဒိနေရာမှာလည်းပဲ အစိုးရအဖွဲ့တွေအနေနဲ့ စီမံနိုင်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးတွေလည်း ဒါကိုသိရှိပြီး ရင်းနှီး မြှုပ်နှံလိုသူတွေကို လွှတ်တော်ကိုယ်စားလှယ်တော်ကြီးတွေကိုယ်တိုင်သိပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တော်ကြီးတွေမှာ မိတ်ဆွေတွေများစွာရှိပါတယ်။ ကိုယ့်ပြည်နယ်ကြီးဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်မယ်ဆိုရင် လောပိတကျောက်တောင်ဘက်မှာ ပေးနိုင်တဲ့အနေအထားတစ်ခု ရှိပါတယ်။
ဘာတွေလုပ်ချင်သလဲ အခြားသော နေရာတွေလည်း မြို့နယ်အလိုက်ရှိနေပါတယ်။ ပြည်နယ်ကြီးဖွံ့ဖြိုးတိုးတက်အောင် လွှတ်တော်ကိုယ်စားလှယ်တော်ကြီးတွေရော ဘယ်လိုရင်းနှီး မြှုပ်နှံလိုသူတွေနဲ့ ပူးပေါင်းပြီး ပြည်နယ်အကျိုးအတွက် ဘယ်လောက်အထိ မူဝါဒနဲ့အညီ ပူးပေါင်းဖော်ဆောင်နိုင်မလဲဆိုတဲ့အချက်ဟာလည်း သိပ်အရေးကြီးပါတယ်။ ပူးပေါင်းပေးပါ။ ဖိတ်ခေါ်ပေးပါ။ ဒီလိုပူးပေါင်း ဖိတ်ခေါ်ပြီး လာတွေ့မယ်၊ မူဝါဒနဲ့အညီလုပ်ကိုင်သွားကြမယ်ဆိုရင် ပြည်နယ်အတွက် လုပ်တာဖြစ်တဲ့အတွက် သတ္တိရှိရှိလုပ်ကိုင်ပေးကြဖို့ လေးလေးနက်နက်ပြောကြားလိုပါတယ်။
နောက်တစ်ချက်အနေဖြင့် လျောကြေးငွေ ပြန်လည်ပေးအပ်တဲ့ကဏ္ဍကိုလည်း ပြောပါရစေ၊ မီးရထားဘူတာမြေ(၄၃.၂၄)ဧကအတွက် လျော်ကြေးငွေကျပ်(၂၁၄.၇၅)သန်းကို ခွင့်ပြုပေးခဲ့ပါတယ်။ ဒီလိုခွင့်ပြုပေးခဲ့တဲ့အခါမှာ မြေဧရိယာ(၁၅.၃၆)ဧကကို တောင်သူ(၂)ဦး အတွက် ငွေကျပ်(၇၆၈)သိန်း လျော်ကြေးပေးခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် ရှားတောမြို့နယ်၊ စုစည်း ကျေးရွာမှာ မြေ(၁၈.၃၄)ဧကအတွက် မကြာမီမှာ လွှတ်တော်နဲ့ ညှိနှိုင်းပြီး လျော်ကြေးငွေ (၂၇၄.၈)သိန်းပေးလျော်နိုင်ဖို့အတွက် ကြိုးပမ်းစီစဉ်နေပါတယ်။ မီးရထားမြေကိစ္စဆိုလျှင် နိုင်ငံတော်က ပြန်လည်စွန့်လွှတ်ပေးရန်မရှိဘဲ လျော်ကြေးပေးခဲ့မှုအပေါ် ယူတဲ့သူရှိသလို မယူတဲ့ သူလည်းရှိနေပါတယ်။ အဲဒိမယူတဲ့သူအတွက် ပြဋ္ဌာန်းထားတဲ့မူဝါဒနဲ့အညီသာ ဆက်လက်စီမံပေးဖို့ရှိနေတာကိုလည်းပဲ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများကို သိစေလိုတာကြောင့် ချပြခြင်းဖြစ်ပါတယ်။
နောက်တစ်ချက်အနေဖြင့် ၂၀၁၈ ခုနှစ်မှာ ကယားပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ သံလွင်မြစ်ရေ မြင့်တက်ခဲ့ပြီး သီးနှံ စိုက်ဧက(၉၈)ဧက ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ဆုံးရှုံးသွားသော တောင်သူများအတွက် ကွန်ပေါင်း ဓာတ်မြေသြဇာများ၊ စပ်မျိုးစပါးများ၊ အစေ့ထုတ်ပြောင်းများ၊ ပဲပုပ်၊ နေကြာများအား စုစုပေါင်း တန်ဘိုးငွေကျပ်(၆၃.၂၇၄)သိန်း ထောက်ပံ့ပေးခဲ့ပါတယ်။ သဘာဝဘေးနှင့်ပတ်သက်လို့ ဖော်ဆောင်ပေးခဲ့တဲ့အနေအထားတစ်ခု သိရှိအောင် ချပြခြင်းဖြစ်ပါတယ်။
ပြည်နယ်အတွင်း လျှပ်စစ်မီးရရှိရေးအနေဖြင့် ဆောင်ရွက်လျက်ရှိရာ ပြည်နယ်အတွင်းရှိ ရပ်ကွက်(၄၄)ရပ်ကွက်၊ ကျေးရွာ(၅၇၇)ရွာရှိတဲ့အနက် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလအထိ ရပ်ကွက် (၄၄)ရပ်ကွက်၊ ကျေးရွာ(၃၁၇)ရွာတို့ကို မီးလင်းရေး ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ကျန်ရှိ တဲ့ ကျေးရွာ(၁၄၀)ရွာမှာလည်း ဆိုလာလျှပ်စစ် စနစ်နဲ့(၇၅)ရွာ၊ ဒီဇယ်/ဓာတ်ဆီ စနစ်ဖြင့် (၂)ရွာမီးလင်းရေး ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ကျန်ရှိတဲ့ကျေးရွာ(၆၃)ရွာအတွက် လျှပ်စစ်မီးရရှိရေး ကြိုးပမ်းရမယ့်အနေအထားတစ်ခုရှိပါတယ်။ ကယားပြည်နယ်အနေနဲ့ လျှပ်စစ်မီးကဏ္ဍနဲ့ ပြောရမယ်ဆိုရင် တစ်ခြားတိုင်းဒေကြီးနဲ့ ပြည်နယ်များနဲ့ယှဉ်ပါက အပေးနိုင်ဆုံးလို့ပြောရမှာဖြစ်ပါတယ်။ (၇၀)%ကျော် လျှပ်စစ်မီးရရှိရေး ဆောင်ကျဉ်းပေးခဲ့တဲ့ အတွက် ဘယ်တိုင်း၊ ဘယ်ပြည်နယ်မှ အဲလောက်ထိ မပေးနိုင်သေးပါ။ ဒါဟာလည်း ကယားပြည်နယ်မှာ လောပိတရေအားလျှပ်စစ်စက်ရုံရှိနေတဲ့အတွက် ကြိုးပမ်းဖော်ဆောင်ပေး နိုင်ခြင်းဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ကျေးရွာများကိုလည်း တစ်ဆင့်ချင်း ဖော်ဆောင်ပေးရမယ့် ကဏ္ဍတွေရှိသလို အားချင်းဖော်ဆောင်ပေးနိုင်မယ့်ကဏ္ဍတွေရှိပါတယ်။ ဒါတွေကို အကောင် အထည်ဖော်ဖို့ ဘတ်ဂျက်များလျာထားတဲ့နေရာမှာ လွှတ်တော်နဲ့ချိတ်ဆက်ညှိနှိုင်းပြီး အကောင်းဆုံး လျာထားစီမံဆောင်ရွက်သွားမယ်ဆိုတဲ့ အနေအထားကိုလည်း ချပြလိုပါတယ်။
နောက်တစ်ချက်အနေဖြင့် ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တာဝန်ထမ်းဆောင်နေတဲ့ အချိန်မှစပြီး ပြည်နယ်လွှတ်တော်မှ မေးမြန်းထားတဲ့ အဆို(၈)ခုအနက် (၃)ခုကို ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ကျန်ရှိနေတဲ့ (၅)ခုအား ကြိုးပမ်းဖော်ဆောင်နိုင်ပေးဖို့ ကြါိ်ုပမ်းနေပါတယ်။ ဆောင်ရွက်ဆဲက(၄)ခုဖြစ်ပြီး ဆောင်ရွက်ရန်ကျန်(၁)ခုဖြစ်ပါတယ်။ ကြယ်ပွင့်ပြမေးခွန်း(၈၇)ခုရှိပြီး (၄၈)ခု ဆောင်ရွက်ပြီးစီးခဲ့ပြီး ဆောင်ရွက်ဆဲ(၂၅)ခုဖြစ်ပါတယ်။ ဆောင်ရွက်ရန်ကျန်တာကတော့(၁၄)ခုဖြစ်ပါတယ်။ ကြယ်ပွင့်မပြမေးခွန်း(၁၆)ခုအနက် ဆောင်ရွက်ပြီး(၈)ခု၊ ဆောင်ရွက်ဆဲ(၆)ခု၊ ဆောင်ရွက်ရန်ကျန်(၂)ခုဖြစ်ပါတယ်။ ဒါတွေကို ပြီးစီး ဆောင်ရွက်နိုင်အောင် ဌာနတွေနဲ့ချိတ်ဆက်ပြီး လေးလေးနက်နက်ဖော်ဆောင်ပေးနေပါတယ်။ ဒီအပေါ်မှာ ကျွန်တော်တို့ လွှတ်တော်အနေနဲ့ ဒီထက်မက အားစိုက်ပေးရမယ့် ကဏ္ဍတွေရှိတယ်ဆိုလည်းပဲ ကျွန်တော်တို့အစိုးရအဖွဲ့ကို ထပ်မံညှိနှိုင်းဆောင်ရွက်လို့ရတယ် ဆိုတဲ့အနေအထားတစ်ခုကို ပြောလိုပါတယ်။
အများအားဖြင့် ကျွန်တော်ကွင်းဆင်းတဲ့နေရာမှာ ကြုံတွေ့ခဲ့တဲ့ အနေအထားအခက်အခဲလေးတစ်ခုကိုပြောပြပါရစေ၊ ကျွန်တော်တို့ အစိုးရအဖွဲ့ အနေနဲ့ ပြည်သူနဲ့တွေ့ဆုံတဲ့နေရာမှာ လွယ်လွယ်ကူကူဘယ်တော့မှကတိမပေးပါဘူး။ ကိုယ်စားလှယ်တော်ကြီးတွေလည်းသိစေလိုပါတယ်။ အစိုးရတစ်ရပ်ဟာ ကတိပေးပြီးသွားပြီးရင် ကတိကို တည်ရပါတယ်။ ဘယ်တွေ့ဆုံပွဲမှာမှ ဘယ်လုပ်ငန်း၊ ဘယ်စီမံကိန်းကိုမှ ကတိမပေးခဲ့ပါ။ ကျွန်တော်ဘာပြောသလဲဆိုရင် စီမံဖော်ဆောင်ပေးနိုင်အောင် လျာထားပေးပါ့မယ့်။ ကျွန်တော် ကြိုးစားပေးမယ်။ လုပ်စရာတွေက အများကြီးရှိတယ်။ တစ်ခါတည်းနဲ့လုပ်လို့ရတဲ့ ကဏ္ဍတွေရှိ တယ် လုပ်လို့မရတဲ့ကဏ္ဍတွေရှိပါတယ်။ ပြည်သူတွေအနေနဲ့ ဒေသလိုအပ်ချက်များကို တင်ပြကြမှာပဲဖြစ်ပါတယ်။ တင်ပြမှုများအပေါ် ဆောင်ရွက်ပေးနိုင်မယ့် အတိုင်းအတာကို ကိုယ်စားလှယ် တော်ကြီးတွေ နားလည်တယ်ဆိုတာ ယုံကြည်ပါတယ်။ ကျွန်တော်တို့ အစိုးရကလည်း ဘယ်တော့မှ ကတိမပေးဘူး။ (၁၀)မိုင်လောက်ရှိတဲ့ လမ်း(၁)လမ်းကို ဒီနှစ်အပြီးလုပ် ပေးစေချင်တာမှာ ကျွန်တော်ကြိုးစားပေးမယ်၊ ဒါပေမယ့် တစ်ကန့်ချင်းသွားလို့ရရင် တစ်ကန့်ချင်း သွားမှာပေါ့။ (၁၀)မိုင်လောက်ရှိတဲ့ လမ်းကို (၁)နှစ်တည်းလုပ်ပေးလို့ရချင်မှရမှာပေါ့။ ဒီလို တစ်ဆင့်ခြင်းသွားရမယ့်အနေအထားလေးတွေကိုလည်း ကိုယ်စားလှယ်တော်ကြီးများက ပြည်သူ တွေကို ချပြရှင်းလင်းပေးစေလိုပါတယ်။ လွှတ်တော်ရယ် အစိုးရရယ်ဆိုတာ ပြည်သူအတွက် အင်မတန်မှ အားကိုးရတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ လွှတ်တော်က အလေးထားသလို ကျွန်တော် တို့အစိုးရအဖွဲ့ကလည်း အလေးထားပါတယ်။ ရည်မှန်းချက်ချင်းတူညီတဲ့ အဖွဲ့(၂)ခုဟာ အများပြည်သူအကျိုးအတွက် နောင်များမှာ ဒိထက်မက ဟန်ချက်ညီညီနဲ့ ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်မယ်ဆိုရင် ကျွန်တော်တို့တွေ လိုလားတဲ့ ပြောင်းလဲမှုတစ်ခုကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
နိဂုံးချုပ်အနေဖြင့် အနာဂတ်အတွက် မှန်ကန်တဲ့ပြုပြင်ပြောင်းလဲမှုတွေကို လုပ်နိုင်ဖို့ဆိုရာမှာ ဘယ်လိုပုံစံမျိုးနဲ့လုပ်မလဲဆိုရင် ကျွန်တော်တို့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အေးချမ်း လုံခြုံစွာနဲ့ လက်တွဲနေထိုင်နိုင်ရေးအတွက် အဓိက ဦးတည်ချက် ထားရပါမယ်။ ဒီလိုဦးတည်ချက် ထားတဲ့နေရာမှာ နိုင်ငံသူ၊ နိုင်ငံသားများရဲ့ အကျိုးကို အမြင်ကျယ်ကျယ် မှန်မှန်ကန်ကန်ကန် ရဲရဲရင့်ရင့် သတ္တိရှိရှိ စေတနာမေတ္တာထားပြီး လုပ်ကို လုပ်ကြရပါမယ်။ ဒီလိုလုပ်ဆောင်နိုင်ဖို့အတွက် ကျွန်တော်အပါအဝင် ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများအားလုံးက နိုင်ငံအကျိုးအတွက် အစိုးရ၊ လွှတ်တော် ၊ ဌာနများက ကောင်းမွန်သထက်ကောင်းမွန်အောင် ဝိုင်းဝန်းကြိုးပမ်းဖော်ဆောင်ပေးကြဖို့ တိုက်တွန်းရင်းနိဂုံးချုပ်အပ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်