မြန်မာ့အာမခံလုပ်ငန်းအကြောင်း လွိုင်ကော်မြို့၌ ပညာပေးဟောပြော

02

လွိုင်ကော်    စက်တင်ဘာ ၁

    မြန်မာ့အာမခံလုပ်ငန်းအကြောင်း သိကောင်းစရာပညာပေးဟောပြောပွဲကို မြန်မာ့အာမခံ လုပ်ငန်း၊ ကယားပြည်နယ်ရုံး၌ စက်တင်ဘာလ ၁ ရက်နေ့၊ နံနက်(၉:၁၅)နာရီအချိန်က ပြုလုပ်ရာ မြန်မာ့အာမခံလုပ်ငန်း၊ ပြည်နယ်တာ၀န်ခံ ဒေါ်အေးအေးမြင့်က အာမခံအမျိုးအစားများ၊ သူတစ်ပါး ထိခိုက်မှုအာမခံနှင့် အထူးခရီးသွားအာမခံထားရှိခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးနှင့် လုပ်ထုံးလုပ်နည်းများကို ဟောပြောဆွေးနွေးပြီး အာမခံပရီမီယံကြေးလာရောက် ပေးသွင်းသူများ သိလိုသည့် မေးမြန်းချက်များအား ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
    အဆိုပါဟောပြောပွဲသို့ ကယားပြည်နယ်အတွင်းရှိ အာမခံပရီမီယံကြေးလာရောက် ပေးသွင်းသူ (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။