ကယားပြည်နယ်၌ ကျန်းမာရေးဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်သူများမျက်နှာစုံညီ အစည်းအဝေးကျင်းပ

20140812-8

20140812-9


လွိုင်ကော် ဇူလိုင် ၂၈
ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းနှင့် ကယားပြည်နယ် ကျန်းမာရေးဖွံ့ဖြိုးမှုပူးပေါင်း ဆောင်ရွက်သူများမျက်နှာစုံညီ အစည်းအဝေးကို ဇူလိုင် ၂၈ ရက်နေ့ နံနက် ၉ နာရီ အချိန်က လွိုင်ကော်မြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၀င် ၀န်ကြီးများ ပြည်နယ်လွှတ်တော် ဒုဥက္ကဌ၊ ပြည်နယ်တရားလွတ်တော် တရားသူကြီးချုပ်၊ ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းမှ အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာယဉ်သန္တာလွင်နှင့် ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း ဥက္ကဌဒေါက်တာသန်းစိန်မှ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားကာ ဆွေးနွေးပွဲ ပထမပိုင်းအစီအစဉ် ကိုခေတ်တရပ်နာလိုက်သည်။
ဆက်လက်ပြီး ဒုတိယပိုင်းအစီအစဉ်ဆက်လက်ကျင်းပရာ တက်ရောက်လာကြသော အဖွဲ့အစည်းအသီးသီးမှ တာ၀န်ရှိသူတို့ကက မိမိတို့နေဖြင့် ပြည်နယ်အတွင်း ကျန်းမာရေး ဆောင်ရွက်နေမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည်အစီအစဉ်များ၊ လိုအပ်ချက်များ၊ ဆွေးနွေးတင်ပြကြသည်။
ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းနှင့် ကယားပြည်နယ်ကျန်းမာရေးဖွံ့ဖြိုးမှု ပူးပေါင်းဆောင် ရွက်သူများ မျက်နှာစုံညီ အစည်းအဝေးကို ဇူလိုင် ၂၈ မှ ၂၉ ရက်နေ့အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်နယ် ပြန်/ဆက်