၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း e-Government ဆိုင်ရာ လုပ်ငန်းများ စတင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

14-2-2020-1 1

14-2-2020-1 2

14-2-2020-1 3

( ၂၀၂၀ ဖေဖော်ဝါရီ ၁၄ )

ကယားပြည်နယ်အစိုးရအဖွဲ့အဖွဲ့တွင် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း e – Government Project များ ဖြစ်သည့် လုပ်ငန်းများနှင့်ပတ်သက်ပြီး စတင် အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား (၁၄.၂.၂၀၂၀) ရက်နေ့ (၁၄၀၀) နာရီ အချိန်တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ Cabinet အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ကယား ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ လမ်းပန်းဘဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ စည်ပင် သာယာရေးနှင့် လူမှုရေး ဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ e – Government အကြံပေးပညာရှင်များ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူမှ e – Government အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးခြင်း၊ e – Government အကြံပေးပညာရှင် ဦးမြင့်ဆွေနှင့် ဦးဝင်းအောင်တို့မှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ် များနှင့် ပတ်သက်ပြီး အသေးစိတ်ရှင်းလင်းတင်ပြခြင်း များ ဆောင်ရွက်ခဲ့ပါသည်။

တင်ပြချက်များနှင့်ပတ်သက်ပြီး ကကယားပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်မှ e – Government Training Center သင်တန်းများအား ဖွင့်လှစ်ပို့ချလျှက်ရှိရာ နောင် သင်တန်းများတွင် သင်တန်းဆင်းပွဲနှင့် သင်တန်းဖွင့်ပွဲ များအား စနစ်တကျပြုလုပ်ရန်နှင့် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး တက်ရောက် လာသည့် ဝန်ကြီး များနှင့် ဌာနဆိုင်ရာများမှ သိရှိလိုသည့် အချက်အလက် များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး လုပ်ငန်းညှိနှိုင်းအစည်း အဝေး အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။