(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင် အခမ်း အနားနှင့် သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနား ကျောက်သားရင်ပြင်တွင် ကျင်းပ

12-2-2020-1 1

12-2-2020-1 2

12-2-2020-1 3

(၂၀၂၀ ဖေဖော်ဝါရီ ၁၂ )

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက် သည့် (၇၃) နှစ်မြောက် ပြည်ထောင်စု‌နေ့ အခမ်းအနားအား လွိုင်ကော်မြို့၊ ကန္တာဟေဝန်ပန်းခြံရှိ ကျောက်သားရင်ပြင်တွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်း အနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်တရားလွှတ်တော် တရားသူ ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ၊ လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ် ဝန်ကြီး၊ စိုက်ပျိုး မွေးမြူရေး နှင့်ဆည်မြောင်း ဝန်ကြီး၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်း ရေးမှူးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ လွိုင်ကော်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုအသီးမှ တိုင်းရင်းသား မိဘပြည်သူ ညီအစ်ကို မောင်နှမများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ အလံတင် အခမ်းအနားအား နံနက်(၅)နာရီ (၃၀)မိနစ်အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ စစ်ရေးပြအဖွဲ့မှ ရောက်ရှိနေရာယူခြင်းနှင့် အကြီးအကဲများ၊ တာဝန်ရှိသူ များမှ ရောက်ရှိနေရာယူခြင်းများ ဆောင်ရွက်ခဲ့ကြပြီး စစ်ရေးပြမှူးမှ အလံတင် အခမ်းအနားအား အစီအစဉ် များ အတိုင်း ဆက်လက် ဆောင်ရွက်ခဲ့ပါသည်။

ယင်းနောက် (၇၃) နှစ်မြောက် ပြည်ထောင်စု သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနားအား နံနက်(၀၇၀၀)နာရီ အချိန်တွင် ဆက်လက် ဆောင်ရွက်ခဲ့ရာ ကယားပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် အကြီးအကဲများမှ သတ်မှတ် နေရာများတွင် ရောက်ရှိနေရာယူခြင်း၊ ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်အား အလေးပြုခြင်း၊ နိုင်ငံတော် အလံအား အလေးပြုခြင်းနှင့် ကျဆုံးလေပြီးသော အာဇာ နည်ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းတို့အား အလေးပြုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့လာသည့် (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာအား ကယား ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ဖတ်ကြားခြင်းနှင့် စစ်ရေးပြမှူးမှ အစီအစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်ခဲ့ပြီး အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။