ပြန်လည်စွန့်ခြင်းမရှိသည့် လွိုင်လင်လေးမြို့၊ ကက်သလစ်သာသနာ့မြေနေရာအတွက် မြေနေရာ အစားထိုးဝယ်ယူနိုင်ရေး လှူဒါန်း‌ငွေပေးအပ်

12-2-2020 1

12-2-2020 2

12-2-2020 3

(၂၀၂၀ ဖေဖော်ဝါရီ ၁၁ )

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ (၂၉.၁၂.၂၀၁၇)ရက်နေ့ ခရီးစဉ်တွင် ဆောင် ရွက် ခဲ့သည့် ငြိမ်းချမ်းရေးစကားဝိုင်း၌ တက်ရောက် ဆွေးနွေးသူ လူငယ်(၈)ဦးအနက်၊ လွိုင်လင်လေးကျေးရွာ အုပ်စုမှ လူငယ်တစ်ဦးဖြစ်သာ ဦးမာရီးယိုသည် လွိုင်လင် လေးကျေးရွာအုပ်စု တပ်သိမ်း မြေအတွင်း ဘုရားကျောင်း မြေ ပါဝင်နေမှုကိစ္စအား ဆွေးနွေးတင်ပြခဲ့မှုအပေါ် ခမရ (၅၃၀)အရာရှိ/အရာခံ များနှင့် (သန့်ရှင်းသော ကားတိုင် တော်ဘုရားရှိခိုးကျောင်း (RC) ကက်သလစ် ဘုန်းတော် ကြီးကျောင်း၊ လွိုင်လင် လေး)မှ ကျောင်းထိုင်ဘုန်း တော်ကြီး၊ ဘုရားကျောင်း အကျိုးဆောင်အဖွဲ့တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး တပ်မြေ နှင့် ဆက်စပ်နေသော နေရာအား ကွင်းဆင်း ကြည့်ရှုခဲ့ပါ ကြောင်း၊ အဆိုပါ ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်များအား လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်ခြင်း ခံရမှုများ ပြန်လည်စိစစ် ရေး ဗဟိုကော်မတီသို့ စွန့်လွှတ်ပေးနိုင်ရေး တင်ပြ တောင်းခံခဲ့သော်လည်း ကာကွယ်ရေးဝန်ကြီးဌာနမှ စွန့်လွှတ်ပေးနိုင်ခြင်း မရှိသည့်အတွက် တပ်ပိုင်မြေ အတွင်း ကျရောက်နေသည့် ဘုရားကျောင်းမြေနေရာအား မြေအစားထိုးလှူဒါန်းပေးသည့် အခမ်းအနားအား (၁၁.၂. ၂၀၂၀) ရက်နေ့ (၁၅၃၀) နာရီအချိန်တွင် လွိုင်လင်လေး မြို့၊ ကက်သလစ်သာသနာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ကယားပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေး ဝန်ကြီးဌာနဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး ချုပ်မှ အဖွင့်အမှာ စကား ပြောကြားရာတွင် ကယား ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြေယာလုပ်ငန်း ကိစ္စရပ် များကို လုပ်ကိုင်ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ မူဝါဒ နှင့်အညီ ပြည်နယ်/ ခရိုင်/ မြို့နယ် / မြို့အဆင့်ဆင့် ရှိ ကော်မတီများမှ ကွင်းဆင်း စိစစ်ပြီး ကြိုးပမ်း ဆောင် ရွက်ပေးလျက်ရှိပါကြောင်း၊ ပိုင်ဆိုင်မှုအထောက်အထား ရှိပြီး သိမ်းဆည်းခံရသည့် မြေများအား နိုင်ငံတော်အစိုးရ မှ မြေယာလျော်ကြေးများ ပေးအပ်လျက်ရှိပါ ကြောင်း၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရန် အတွက် လူမျိုး/ဘာသာ/သာသနာမခွဲခြားဘဲ ပြည်သူလူထု တင်ပြတောင်းဆိုချက် များအား ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လွိုင်လင်လေးမြို့၊ သိမ်းဆည်းခံရသည့် ကက်သလစ် သာသနာ့မြေနေရာအတွက် မြေအစားထိုးလှူဒါန်းသည့် လှူဒါန်းငွေကျပ်(၅၀၀)သိန်းအား ကက်သလစ် သာသနာ ပြု ဆရာတော် ကျောင်းထိုင်ဘုန်းတော်ကြီး (Fr Francis Ko Latt) နှင့် ကျောင်းအကျိုးတော်ဆောင်များမှ မိမိ၏ သာသနာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အမြင်ကျယ်ကျယ် ဖြင့် အားစိုက် ကြိုးပမ်းဆောင်ရွက်ပေးစေလိုကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏စေတနာအပေါ် အသိအမှတ် ပြုပြီး ပူးပေါင်းကူညီ ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ မြေအစားထိုးလှူဒါန်းသည့် လှူဒါန်းငွေကျပ် သိန်း(၅၀၀) အား ထောက်ပံ့ပေးအပ်ခဲ့ရာ ကက်သလစ်သာသနာပြု ဆရာတော် ကျောင်းထိုင်ဘုန်းတော်ကြီး (Fr Francis Ko Latt)နှင့်ကျောင်းအကျိုးတော်ဆောင်မှ လက်ခံဆောင် ရွက်ခဲ့ပါသည်။

ယင်းနောက် အခမ်းအနားတက်ရောက်လာသည့် ပြည်သူ လူထုများမှ မိမိဒေသအတွက် တင်ပြဆောင်ရွက် လိုသည် များအား တင်ပြ‌စေခဲ့ရာ တင်ပြချက်များအပေါ် တာဝန်ရှိ သူများမှ ရှင်းလင်းဖြေကြားခဲ့ပြီး အခမ်းအနား အောင်မြင် စွာ ပြီးမြောက်ခဲ့ပါသည်။