ဒေါစော်ဘီးကျေးရွာ၊ ရေစုပ်စက်ရုံအသစ် တည်ဆောက် နိုင်ရေး ထောက်ပံ့ပေးအပ်

11-2-2020-1 1

11-2-2020-1 2

11-2-2020-1 3

လွိုင်ကော်မြို့နယ်၊ ချိကယ်ကျေးရွာအုပ်စု၊ ဒေါစော်ဘီး ကျေးရွာသည် ရေတွင်းတူးဖော်ခြင်း၊ အဝီစိတွင်း တူးဖော် ခြင်းများမရသည့် ရေအခက်အခဲရှိသည့် ကျေးရွာဖြစ်ပြီး လူဦးရေတိုးပွားလာသဖြင့် ကျေးရွာပြည်သူ့လူထုများ သောက်သုံးရေအခက်အခဲပြဿာနာများ ကြုံတွေ့နေရ ခြင်း၊ နွေရာသီအချိန် ရေရှားပါးမှုကိုရင်ဆိုင်နေရခြင်း တို့ကြောင့် ကယားပြည်နယ်အစိုးရအဖွဲ့နှင့် တက်ကျွမ်း သည့် ရေအင်ဂျင်နီယာများတိုင်ပင်ညှိနှိုင်း၍ ကွင်းဆင်း လေ့လာခဲ့ပါသည်။

ကွင်းဆင်း စိစစ် တွေ့ရှိချက်များအရ ဒေါစော်ဘီးကျေးရွာ ရေစက်ရုံအသစ်(၁)ရုံနှင့် ရေပိုက်လိုင်းအသစ်(၁)လိုင်း တည်ဆောက်နိုင်ရန် အတွက် ကယားပြည်နယ်အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဉီးအယ်လ်ဖောင်းရှိုသည် (၁၁.၂.၂၀၂၀) ရက်နေ့၊(၁၃း၃၀) အချိန်တွင် ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး နှင့် အတူ ဒေါစော်ဘီး ကျေးရွာနေ ပြည်သူများအား ၎င်း၏ ရုံးခန်း၌ တွေ့ဆုံခဲ့ပြီး အကောင် အထည်ဖော် ဆောင်ရွက်ရန်အတွက် ထောက်ပံ့ငွေကျပ် (၁၀.၈၅၆) သန်း တိတိအား ပေးအပ်ဆောင်ရွက်ခဲ့ရာ ဒေါစော်ဘီး ကျေးရွာသူ/ ရွာသားများက လက်ခံဆောင် ရွက်ခဲ့ပါသည်။