(၆၂)နှစ်မြောက် ကယားပြည်နယ်နေ့လူထုအခမ်းအနား လွိုင်ကော်မြို့၌ ပြုလုပ်

လွိုင်ကော်    ဇန်နဝါရီ ၁၅

    ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတော်သစ် တည်ဆောက်ရေးနှင့်မိမိတို့ပြည်နယ်ကြီး အဖက်ဖက်မှ ဖွံ့ဖြိုးလာစေရန်အတွက် ဆောင်ရွက်ကြသည့်နေရာတွင် ပြည်နယ်အတွင်းမှာရှိသည့် ဌာနဆိုင်ရာများသာမက ဒေသခံတိုင်းရင်းသားမိဘပြည်သူများ အားလုံးတွင်လည်း တာ၀န်ရှိသည့်အတွက်ကြောင့် ပြည်ထောင်စုစိတ်ဓါတ်၊ မျိုးချစ်စိတ်ဓါတ်၊ အပြည့်အ၀နှင့် ပူးပေါင်းပါ၀င်ကြဖို့ အလေးအနက်ထားပြောကြားလိုကြောင်း၊  ကယားပြည်နယ်အတွင်း မှီတင်းနေ ထိုင်ကြသည့် တိုင်းရင်းသားမိဘပြည်သူများအားလုံး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးစိတ်ဓါတ် ၊ စစ်မှန်သည့်ပြည်ထောင်စုစိတ်ဓါတ်များကို လက်ကိုင်ထားပြီး ဒို့တာ၀န်အရေး(၃)ပါး ကို ဉီးလည်မသုန် ထိန်းသိမ်းစောင့်ရှောက်ကြစေလိုကြောင်း၊ ပြည်နယ်၏အဓိကစီးပွားရေးလုပ်ငန်းဖြစ် သည့် စိုက်ပျိုးရေးကဏ္ဍများ ပိုမိုတိုးတက်လာအောင် ဝိုင်း၀န်းကြိုးပမ်းအားထုတ်ခြင်းဖြင့် ဒေသ၀မ်းစာ ဖူလုံမှုကို အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ ကယားပြည်နယ်တစ်ခုလုံး အေးချမ်းသာယာပြီး ငြိမ်းချမ်းရေးခေါင်းလောင်းသံများ၊ ဖါးစည်သံများ ဝေစည်လာအောင် မိမိတို့အစိုးရအဖွဲ့ နှင့်အတူ လက်တွဲပြီး မိမိတို့တိုင်းရင်းသားညီအကိုမောင်နှမများအားလုံးက ဝိုင်းဝန်းကြိုးပမ်းပေးကြပါလို့ တိုက်တွန်းမှာကြားလိုကြောင်း ဇန်နဝါရီလ (၁၅)ရက်နေ့၊ နံနက်(၉)နာရီအချိန်က လွိုင်ကော်မြို့၊ ကန္ဒာဟေဝန်ပန်းခြံရှိ ကန္ဒရ၀တီကျောက်သားရင်ပြင်တွင် ပြုလုပ်သော  (၆၂)နှစ်မြောက် ကယားပြည်နယ်နေ့လူထုအခမ်းအနား၌ ကယားပြည်နယ် ၀န်ကြီးချုပ်  ဦးခင်မောင်ဦးက ပြောကြားသည်။
    အဆိုပါအခမ်းအနားတွင် သဘာပတိများအဖြစ် ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးကျော်ဆွေ၊ မြို့မိမြို့ဖများနှင့် ကယားပြည်နယ်အတွင်းရှိနိုင်ငံရေးပါတီများမှ တာ၀န်ရှိသူများက ပြုလုပ်ကြပြီး အခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့၀င် ၀န်ကြီးများ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားပြည်သူများ တက်ရောက်ကြကြောင်း သိရှိရသည်။
    ဆက်လက်ပြီး (၆၂)နှစ်မြောက် ကယားပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် အဝေးပြေးကုန် တင်ရပ်နားစခန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်၀န်ကြီးချုပ် ဦးခင်မောင်ဦး၊ ဧည့်သည်တော် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးထွဋ်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်စောမင်း၊ ပြည်နယ်အစိုးရအဖွဲ့၀င် ၀န်ကြီးများ တက်ရောက်ကြ သည်။ အခမ်းအနားတွင် ပြည်နယ်၀န်ကြီးချုပ် ဦးခင်မောင်ဦးနှင့် ပြည်နယ် ကုန်စည်သယ်ယူပို့ဆောင်ရေးယာဉ်ကြီးအသင်း ဥက္ကဌ ဦးသိန်းမြင့်တို့က အဝေးပြေး ကုန်တင်ရပ်နားစခန်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ဆက်လက်ပြီး ပြည်နယ်၀န်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ် ကုန်စည်သယ်ယူပို့ဆောင်ရေးယာဉ်ကြီးအသင်းမှ ပြည်နယ်၀န်ကြီးချုပ်နှင့်ဧည့်သည်တော်များအား ဖွင့်ပွဲအထိမ်းအမှတ်အလံများ ပေးအပ်သည်။ ထို့နောက် ပြည်နယ် ကုန်စည်သယ်ယူပို့ဆောင်ရေးယာဉ်ကြီးအသင်းဥက္ကဌ ဦးသိန်းမြင့်က ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
    ဆက်လက်၍ ပြည်နယ်၀န်ကြီးချုပ် ဦးခင်မောင်ဦးနှင့်ဧည့်သည်တော်များသည် (၆၂)နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် ထုပ်စီးတိုးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ကယားရိုးရာနဘမ်းပြိုင်ပွဲနှင့် ဘော်လီဘောပြိုင်ပွဲများသို့ သွားရောက်ကြည့်ရှုအားပေးကြသည်။
    ဆက်လက်ပြီး ညနေပိုင်းတွင် ပြည်နယ်၀န်ကြီးချုပ်နှင့်တာ၀န်ရှိသူများသည် (၆၂)နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် ကရာတေးဒိုပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ဆုရရှိသူများအား ဆုများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။