လွိုင်ကော်မြို့ မြို့ဦးဘုန်းတော်ကြီးကျောင်းရှေ့ လုံခြုံရေး၊ မီးပွိုင့်တပ်ဆင်ထားမှုများ နှင့် အထက (၁) ကျောင်း အဝင်လမ်းတိုးချဲ့မှုလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

9-1-2020-1 1

9-1-2020-1 2

9-1-2020-1 3

(၂၀၂၀ ဇန်နဝါရီ ၉)

လွိုင်ကော်မြို့၊ မြို့ဦးဘုန်းတော်ကြီးကျောင်းရှေ့တွင် ဆောင်ရွက်လျက်ရှိသည့် ယာဉ်ထိန်း နှင့် လုံခြုံရေးစောင့်ကြည့်ရေး ရဲတပ်ဖွဲ့ဂိတ် တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ လွိုင်ကော်ပြည်သူ့ ဆေးရုံကြီးအထိ လမ်းတိုးချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများ စနစ်တကျဆောင် ရွက်နိုင်ရန်အတွက် ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို သည် (၉.၁.၂၀၂၀) ရက်နေ့ (၁၀၃၀)နာရီအချိန် လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး နှင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှု စစ်ဆေး ခဲ့ပါသည်။

ကြည့်ရှုစစ်ဆေးစဉ် မြို့ဦးအဝင်တွင် ယာဉ်ထိန်းနှင့် ရဲလုံခြုံရေးဂိတ် ဆောက်လုပ်ဆောင် ရွက်ထားမှုနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ကုမ္ပဏီမှ လုပ်ငန်းများဆောင်ရွက်ခြင်းအား သတ်မှတ်အချိန်အတွင်း အချိန်မီပြီးစီးရေး ဆောင်ရွက်ရန်နှင့် ရဲတပ်ဖွဲ့များ တာဝန်ထမ်းဆောင်စဉ် စနစ်တကျ ဆောင်ရွက်ကြရန်၊ အဆောက်အအုံအား ရေရှည်အသုံးပြုနိုင်ရေး ထိန်းသိမ်းကြရန်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် နှင့် အဖွဲ့သည် အထက (၁) ကျောင်းအဝင်လမ်း တိုးချဲ့နေမှုအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းအဝင် မြို့မရဲစခန်းတစ်ဝိုက် လမ်းနေရာအား မူလထက် ပိုမိုတိုးချဲ့ဆောင်ရွက်ရန်နှင့် လမ်းနဘေးရေမြောင်းများ စနစ်တကျ ဖြစ်စေရေး၊ ကျောင်းရှေ့ မျက်နှာစာတွင် မော်တော်ကားများ စနစ်တကျ ရပ်နားနိုင်ရန်အတွက် လမ်းအမြင့်နှင့် သင့်လျော်သည့် မြေပြင်လမ်းပုခုံးရရှိအောင် စီမံဆောင်ရွက်ပေးရေး၊ နောင်အနာဂတ်တွင် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများနှင့် လမ်းပလက်ဖောင်းများ စီမံဆောင်ရွက်မည် ဆိုပါကလည်း ပိုမိုကောင်းမွန်စေရေးအတွက် ရေရှည်မျှော်မှန်း၍ စနစ်တကျ စီမံဆောင်ရွက်သွားရန် သက်ဆိုင်ရာဌာနများနှင့် သက်ဆိုင်ရာကုမ္ပဏီတို့မှ ပူးပေါင်း ချိတ်ဆက်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါ သည်။