အားကစားနှင့် ကာယပညာသိပ္ပံ(လွိုင်ကော်)၏ မီတာ (၄၀၀) Synthetic ပြေးလမ်းဖွင့်လှစ်

9-1-2020 1

9-1-2020 2

9-1-2020 3

(၂၀၂၀ ဇန်နဝါရီ ၉)

ကယားပြည်နယ်တွင်းရှိ ပြည်သူများ၏ လူမှုစီးပွားဘဝ၊ ပညာရေး၊ ကျန်းမာရေး စသည့်ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေး နှင့် အခြေခံ အဆောက်အအုံများ၊ အခြေခံ လိုအပ်ချက်များ ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အထူးအလေးပေး ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့တွင် ကျရောက်သည့် (၆၈)နှစ်မြောက် ကယား ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစား နှင့် ကာယပညာသိပ္ပံ(လွိုင်ကော်)၏ မီတာ(၄၀၀) Syn thetic ပြေးလမ်း ဖွင့်လှစ်ပွဲအခမ်းအနားအား အားကစား နှင့် ကာယပညာသိပ္ပံ (လွိုင်ကော်)တွင် ကျင်းပပြုလုပ် ခဲ့ပါသည်။

အခမ်းအနားသို့ ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ စည်ပင်သာယာရေး နှင့် လူမှုရေးဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဖိတ်ကြားထားသူများမှ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ မီတာ(၄၀၀) Synthetic ပြေးလမ်းဖွင့်ပွဲသို့ ကြွရောက်လာသည့် အကြီးအကဲများ၊ ဖိတ်ကြားထားသူများ၊ ဌာနအကြီးအကဲများနှင့် အားကစားဝါသနာရှင် လူငယ်မောင်မယ်များအားလုံး ရွှင်လန်းချမ်းမြေ့ပါစေကြောင်း၊ ယခုလို ဖွင့်ပွဲအခမ်းအနားတွင် အားပေးအမှာစကား ပြောကြားရသည့်အတွက် ဂုဏ်ယူမိပါကြောင်း၊ မီတာ (၄၀၀) Synthetic ပြေးလမ်းကြီး ပုံဖော်ခဲ့ရသည့် အတွက် ပြည်ထောင်စုအကြီးအကဲများ၏ စေတနာ မေတ္တာများ၊ ပြည်နယ်အစိုးရဖွဲ့၏ ပူးပေါင်းပါဝင် ကြိုးပမ်းမှုများကြောင့် ဖြစ်ပါကြောင်း၊ ယခုလိုပြေးလမ်းအား တိုင်းဒေသကြီး/ပြည်နယ်များတွင် (၅)ခုမြောက်ဖြစ်သော ပြေးလမ်းကြီးဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာ (၁၆)ကွင်းရှိသည့် အနက် (၁)ခုအပါအဝင်ဖြစ်ပါကြောင်း၊ မိမိတို့ ပြည်နယ်ငယ်လေးတွင် ယခုကဲ့သို့ စံချိန်မီ ပြေးလမ်းကြီးအား ဖော်ဆောင်ခဲ့ရသည့်အတွက် သက်ဆိုင်ရာ စည်ပင်/လူမှုဝန်ကြီးနှင့် ပြည်နယ်အား/ကာ(သိပ္ပံ)မှ တာဝန်ရှိသူများ၏ အားစိုက်မှုကြောင့် ဖြစ်ပါကြောင်း၊ အခြားတိုင်းဒေသကြီး/ပြည်နယ်များနှင့် နှိုင်းယှဉ်လျှင် မိမိတို့ ပြည်နယ်အနေနှင့် အားကစားကဏ္ဍတွင် နိမ့်ကျမှုမရှိဟု ပြောလိုပါကြောင်း၊ ယင်းအတွက်ကြောင့် သက်ဆိုင်ရာ ဌာနအသီးသီးမှ ဝန်ထမ်းများနှင့် သင်တန်းသား/သူများအတွက် စိတ်ဓာတ်ခွန်အား တစ်ခုဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံသည် တစ်ချိန်က နိမ့်ကျခဲ့ပြီး မိမိတို့အရပ်သား အစိုးရလက်ထပ်မှစတင်၍ ယင်းအခြေအနေများကို ပြန်လည် မြှင့်တင်ကြရမည်ဖြစ်ပါကြောင်း၊ ကဏ္ဍ အသီးသီးတွင် အားနည်းချက်၊ အားသာချက်များရှိနေပြီး အားနည်းချက်များကို လျော့နည်းပပျောက်အောင် အားသာချက်ကို အားသာသည်ထက် အားသာအောင် ဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း၊ ပြောင်းလဲချိန်တန်ပြီဟူသော ဆောင်ပုဒ်နှင့်အညီ မိမိတို့အားလုံးမှ လိုက်ပါဆောင်ရွက်ကြရန်လိုပြီး မိမိတို့ကိုယ်တိုင် မိမိတို့၏ Mind Set များကို စတင်ပြောင်းလဲရမည်ဖြစ်ပါ ကြောင်း၊ တိုးတက်မှုအရွေ့ကိုသွားရာတွင် ယင်းသို့ပြုလုပ် ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ ယနေ့ အခမ်းအနားသို့ လူငယ်မောင်မယ်များစွာ တက်ရောက်သည်ကို တွေ့မြင်ရပြီး နိုင်ငံတော် တိုးတက်ရေးဆောင်ရွက်ရာတွင် အားလုံးမှ ပြုပြင်ပြောင်းလဲလိုက်ပါဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ ယခုမီတာ(၄၀၀) ပြေးလမ်းအား ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း (၇၄၅) သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုလိုပြေးလမ်းလေးတစ်ခုကို ရန်ပုံငွေများစွာ ခွင့်ပြု၍ ပြည်နယ်အကျိုးအတွက် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ပြည်နယ်မှ ထူးချွန်အားကစားသမားများ ပေါ်ထွန်းလာစေရန်ဖြစ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ကာယကံရှင် များကိုယ်တိုင်က ကြိုးပမ်းပေးကြရန် လိုပါကြောင်း၊ သို့ဖြစ်ရာ ယနေ့အခမ်းအနားသို့ တက်ရောက်လာသူများ အားလုံးမှ မိမိ၏ တင်ပြချက်များအနေနှင့် ပြည်နယ်၏ အားကစားကဏ္ဍ၌ တစ်ဆင့်ထက် တစ်ဆင့်ပိုမိုတိုးတက်လာအောင် ကြိုးပမ်းတင်ပြကြရန်ဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့မှလည်း လိုအပ်သည်များအား တတ်စွမ်းသမျှ စဉ်ဆက်မပြတ် ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ထို့နောက် အားကစားနှင့် ကာယပညာသိပ္ပံ (လွိုင်ကော်) ၏ မီတာ(၄၀၀)Synthetic ပြေးလမ်းအား ကယားပြည် နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး၊ လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် ပြေးလမ်းတာဝန်ယူဆောင်ရွက်ခဲ့သည့် REVA Co.,Ltd မှ ကိုယ်စားလှယ်တို့မှ ပြေးလမ်းအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ခဲ့ကြပါသည်။

ယင်းနောက် လွိုင်ကော်ပညာရေးကောလိပ်နှင့် အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)မှ သင်တန်းသား ၊ သင်တန်းသူများ၏ Fitness Dance ဖြင့် ကပြဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့ကြပါသည်။

ထို့နောက် ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် နှင့် ပြည်နယ် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး တို့မှ လွိုင်ကော်ပညာရေးကောလိပ် မှ သင်တန်းသား ၊ သင်တန်းသူများ နှင့် အားကစားနှင့် ကာယပညာသိပ္ပံ(လွိုင်ကော်)မှ သင်တန်းသား ၊ သင်တန်းသူများအတွက် ဂုဏ်ပြုဆုငွေကျပ် (၁၀) သိန်းအား ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

ဆက်လက်၍ အားကစားနှင့် ကာယပညာသိပ္ပံ (လွိုင်ကော်) သင်တန်းသား ၊ သင်တန်းသူများ၏ မီတာ(၁၀၀)၊ မီတာ (၂၀၀)၊ မီတာ(၄၀၀) အပြေးပြိုင်ပွဲ သရုပ်ပြသမှု များအား ကြည့်ရှုအားပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး အမှတ်တရ မှတ်တမ်း ဓာတ်ပုံရိုက်ကူးခြင်းနှင့် အားကစား သရုပ်ပြမှုများအား လှည့်လည် ကြည့်ရှု အားပေးခဲ့ပြီး (၁၀:၃၀) နာရီအချိန်တွင် အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။