လောပိတ(ရှမ်း) ရွာ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ စေတီတော် ရွှေဆေးကပ်လှူ ပူဇော်နိုင်ရေး အလှူငွေ ပေးအပ်

8-1-2020-2 1

8-1-2020-2 2

8-1-2020-2 3

(၂၀၂၀ ဇန်နဝါရီ ၈)

လွိုင်ကော်မြို့နယ်၊ လောပိတကျေးရွာအုပ်စု၊ လောပိတ (ရှမ်း) ရွာ သာသနာ့ဂုဏ်ရည် ကျောင်းတိုက် အတွင်း၌ တည်ထားကိုးကွယ်လျက်ရှိသော စေတီတော်မြတ်အား ရွှေဆေးကပ်လှူပူဇော် နိုင်ရေးအတွက် ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လောပိတကျေးရွာခရီးစဉ်တွင် ဒေသခံပြည်သူများ၏ တင်ပြချက်များအရ လိုအပ်သော ရန်ပုံငွေများအား သက်ဆိုင်ရာ တာဝန်ရှိသူများထံ တင်ပြစေခဲ့ပြီး စိစစ်တင်ပြချက်များအရ စေတီတော် ရွှေဆေးကပ်လှူပူဇော်နိုင်ရန်အတွက် ကယားပြည်နယ်အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် (၈.၁.၂၀၂၀) ရက်နေ့ (၁၅၁၀)နာရီအချိန် ပြည်နယ်အစိုးရအဖွဲ့ အတွင်း ရေးမှူး၊ ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန ညွှန်ကြားရေး မှူးတို့နှင့်အတူ ၎င်း၏ရုံးခန်း၌ ရန်ပုံငွေကျပ်(၁၇)သိန်း တိတိအားပေး အပ်ဆောင်ရွက်ခဲ့ရာ လောပိတ (ရှမ်း) ရွာမှ တာဝန်ရှိသူများက လက်ခံဆောင်ရွက် ခဲ့ကြပါသည်။