ရေယို-နိုးကိုး-ကုန်းသာ ကျေးရွာချင်းဆက် ကတ္တရာ လမ်းသစ်ဖွင့်လှစ်

8-1-2020-1 1

8-1-2020-1 2

8-1-2020-1 3

(၂၀၂၀ ဇန်နဝါရီ ၈)

၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေကျပ် (၆၄၄.၀၀) သန်းဖြင့် ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်ခဲ့သည့် လွိုင်ကော် မြို့နယ် ရေယို-နိုးကိုး-ကုန်းသာ ကျေးရွာချင်းဆက် ကတ္တရာလမ်းသစ်(၃/၂.၃၆)မိုင် ဖွင့်ပွဲ အခမ်းအနားအား (၈.၁.၂၀၂၀) ရက်နေ့ (၀၉၅၀)အချိန် လွိုင်ကော်မြို့နယ်၊ နိုးကိုးရွာမကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် နှင့် ဇနီး၊ ပြည်နယ်လွှတ်တော် ဥက္ကဋ ္ဌနှင့် ဇနီး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ် ရေးဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နှင့် ဇနီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ် နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး နှင့် ဇနီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံပြည်သူများနှင့် ဖိတ်ကြားထားသူများမှ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ ကျင်းပပြုလုပ်သည့် ရေယို-နိုးကိုး-ကုန်းသာ ကတ္တရာ လမ်းဖွင့်ပွဲအခမ်းအနားသို့ ကြွရောက်လာသည့် အကြီးအကဲများနှင့် ဖိတ်ကြားထားသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်အရာ အကြီးအကဲများအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး ပြည်သူများ၏ လိုလားချက်၊ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေသည့် မိမိတို့အစိုးရကို ဝန်းရံကြစေလိုပါကြောင်း၊ ယခုလိုဖွင့်ပွဲ ပြုလုပ်ခြင်းမှာ ပြည်သူများကိုယ်တိုင် လိုလားကျေနပ်စွာဖြင့် မိမိတို့ကိုယ်တိုင်ကြိုးပမ်းခဲ့သည့် ကဏ္ဍများကို အသိအမှတ်ပြု၍ ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ ယခုအခမ်း အနားတွင် တိုင်းရင်းသား မျာအနေနှင့် မိမိတို့၏ ရိုးရာဝတ်စုံများဝတ်ဆင်၍ တက်ရောက်လာမှု၊ ဘင်ခရာအဖွဲ့များ၊ ရိုးရာဗုံပလွေအဖွဲ့များအနေနှင့် တက်ရောက်လာမှုများကို ချီးကျူးဂုဏ်ပြုပါကြောင်း၊ တက်ရောက်လာသူများအနေနှင့် မိမိတို့အား စောင့်ကြိုနေရသည်ကို အချိန်ကုန် ပင်ပန်းသည်ဟုမမြင်ဘဲ ၎င်းတို့ကိုယ်တိုင် ကျေနပ် နေလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ယခုလို အောင်မြင်မှုသည် တိုင်းရင်းသားမိဘပြည်သူများ၏ အောင်မြင်မှုဖြစ်ပြီး လမ်းအားရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အားလုံးကဝိုင်းဝန်းထိမ်းသိမ်းရမည်ဖြစ်ပါကြောင်း၊ ယင်းအသိများကိုလည်း ပြည်သူများ၏ ရင်တွင်းကိန်းအောင်းနေရန် လိုပါကြောင်း၊ မိမိတို့တတ်စွမ်းသည့်ကဏ္ဍမှ မိမိတို့ရပ်ရွာသို့သွားသည့်လမ်းများကို ထိန်းသိမ်းရန်အတွက်လည်း သတိချပ်စေလိုပါကြောင်း၊ ယခုလိုပူးပေါင်းမှု ကဏ္ဍတွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူး ရာအိမ်မှူးများ၏ ကဏ္ဍသည် များစွာအရေးပါ ပါကြောင်း၊ သို့ဖြစ်ရာ အားလုံးကတက်ညီလက်ညီ ကြိုးပမ်းပေးစေ လိုပါကြောင်း၊ ယခုလမ်းသည် ကျေးရွာပေါင်း (၁၅)ရွာ အတွက် အကျိုးဖြစ်ထွန်းမည် ဖြစ်ပြီး ရေရှည်တည်တံ့ရန် လိုပါကြောင်း၊ သို့ဖြစ်ရာ (၆)မိုင် (၆)ဖာလုံရှိသော ယခု လမ်းကြီးကို ဝိုင်းဝန်း ထိမ်းသိမ်းကြစေလိုပါကြောင်း၊ ပျက်စီးမှုများ ဖြစ်ပွားလာပါကလည်း အချိန်မီတင်ပြပြီး အချိန်မီထိန်းသိမ်းနိုင်ရန်ဖြစ်ပါကြောင်း၊ လမ်းဆောင်ရွက်ရာတွင်လည်း ပထမဦးစွာ ကျောက်ချောလမ်းပိုင်းအား ငွေကျပ် (၄၄၃)သန်းကျော်ဖြင့် ဦးစွာဆောင်ရွက်ခဲ့ပြီး ကျောက်ချောလမ်း နှင့် တစ်ဆက်တည်း ယခု ကတ္တရာ လမ်းသစ်အား ငွေကျပ်(၆၄၄.၀၀)သန်းဖြင့် ဆောင်ရွက်ခဲ့ပြီး လမ်းလုပ်ငန်းနှစ်ရပ်ပေါင်း ငွေကျပ်သန်း(၁)ထောင် ကျော်ဖြင့် ကျေးရွာနေပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်စေရန်အတွက် ဆောင်ရွက်ပေး ခဲ့ခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ ကျေးရွာနေပြည်သူများအနေနှင့် ဒီမိုကရေစီစနစ်၏ သဘောဖြစ်သော စည်းမျဉ်း စည်းကမ်းနှင့်အညီ သွားရသည်ဖြစ်ရာ တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ပြီး အာဆီယံဒေသတွင်း မိမိတို့နိုင်ငံ၏ နိမ့်ကျခဲ့မှုများကို ယခုအချိန်တွင် မြှင့်တင်ရတော့မည်ဖြစ်ပါကြောင်း၊ အားနည်းချက်များ လျော့နည်းပြီး အားသာချက်များ များပြားလာအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နောင်လာနောက်သား များအတွက်လည်း အမွေကောင်းများ ပေးနိုင်ရန်ဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ ယခုလို ကျေးရွာ(၁၅)ရွာ၊ အိမ်ခြေ (၁၄၁၇)အိမ်နှင့် လူဦးရေ(၈၀၀၀)နီးပါးခန့်အတွက် အကျိုးပြုမည့် ယခုလမ်းကြီးအား ရေရှည်အတွက် ထိန်းသိမ်း ကြရန်လိုပြီး အားလုံး လိုလားတောင့်တနေသော စစ်မှန်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာစေရေးအတွက် မိမိတို့ကျရာကဏ္ဍများမှ ဝိုင်းဝန်း ကြိုးပမ်းဖော်ဆောင် နိုင်ကြစေလိုကြောင်းဖြင့် အဖွင့် အမှာစကားပြောကြားခဲ့ပါသည်။

ယင်းနောက် ကုန်းသာကျေးရွာနေ ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခြင်း၊ ပြည်နယ်ဝန်ကြီးချုပ် နှင့် အကြီးအကဲများအား ကတ္တရာလမ်းသစ်ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။

ဆက်လက်၍ ကတ္တရာလမ်းသစ်အား ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် နိုးကိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီး အမှတ်တရမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ (၁၀၃၀) နာရီအချိန်တွင် အခမ်းအနား အောင် မြင်စွာပြီးမြောက်ခဲ့ပါသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် နှင့် အကြီးအကဲများမှ ကတ္တရာလမ်းသစ်ဖောက်လုပ်ထားမှုများအား လှည့်လည် ကြည့်ရှုခဲ့ကြပါသည်။