ကွင်းဆင်းပေါင်းစပ် ဆောင်ရွက်နိုင်ရေး ထောက်ပံ့ငွေ ပေးအပ်

7-1-2020-6 1

7-1-2020-6 2

( ၂၀၂၀ ဇန်နဝါရီ ၇ )

ကယားပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အနေဖြင့် ပြည်နယ်အတွင်းရှိ ခရိုင်၊ မြို့နယ် ရွေးကောက် ပွဲ ကော်မရှင်အဖွဲ့ခွဲများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်(၂) ခုနှင့် မြို့နယ် များသို့ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ရာ လိုအပ်သည်များ ပေါင်းစပ်ကူညီဆောင်ရွက်ပေးနိုင်ပါရန် ကယား ပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌနှင့် အဖွဲ့ဝင်များမှ (၇.၁.၂၀၂၀) ရက်နေ့တွင် ပြည်နယ် ၀န်ကြီးချုပ် ထံ လာရောက်တွေ့ဆုံတင်ပြခဲ့မှုအပေါ် ပြည်နယ်အစိုးရ အဖွဲ့ အတွင်းရေးမှူးမှ လိုအပ်သည်များ ချိတ်ဆက် ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ပေးသွားရန် လမ်းညွန်မှာကြားခဲ့ပြီး လိုအပ်သည်များ ဆောင်ရွက်နိုင် ရန် အတွက် ငွေကျပ် (၅) သိန်းထောက်ပံ့ပေးအပ်ခဲ့ပါ သည်။