ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး

finiance-minister 
 အမည်     ဦးသန်းကျော်စိုး
အဘအမည်    ဦးစိုးဝေ
လူမျိုး/ဘာသာ    အင်းသား/ဗုဒ္ဓ
 မွေးသက္ကရာဇ်     ၂၂-၁၂-၁၉၇၂
မွေးဖွားရာဇာတိ    လွိုင်ကော်မြို့နယ်
 ပညာအရည်အချင်း     B.A (History)
မဲဆန္ဒနယ်    ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၁)၊ ဖားဆောင်းမြို့နယ်
ကိုယ်စားပြုပါတီ/တသီးပုဂ္ဂလ    ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
ပြည်နယ်အစိုးရအဖွဲ့တွင် ထမ်းဆောင်သည့်တာဝန်    ပြည်နယ်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး
 စတင်တာဝန်ထမ်းဆောင်သည့်နေ့     ၃၀-၃-၂၀၁၁

 

ကိုယ်ရေးဖြစ်စဉ်အကျဉ်းချုပ်

  • အခြေခံပညာကို အ-လ-က(၃)၊ လွိုင်ကော်မြို့နှင့် ဖားဆောင်းမြို့နယ် အ-ထ-က ကျောင်းတို့တွင် ပညာသင်ယူခဲ့ပါသည်။
  • ဖွံ့ဖြိုးရေးတက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ (သမိုင်း) ရရှိခဲ့ပါသည်။
  • ဖားဆောင်းမြို့နယ်တွင် မူလတန်းပြနှင့် စာရင်းစစ်အဖြစ် လုပ်ကိုင်ခဲ့ပါသည်။
  • ၁၉၉၈ ခုနှစ်မှ ယနေ့ထိ ဖားဆောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းတွင် အလုပ်အမှုဆောင်အဖြစ် ဆောင်ရွက်လျက်ရှိပါသည်။
  • ယင်းနောက် ၂၀၁၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဖားဆောင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ပါသည်။

 

တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဌာန/လုပ်ငန်း/အဖွဲ့အစည်းများ

၁။ ပြည်နယ်အစိုးရအဖွဲ့၊     အဖွဲ့ဝင်  
၂။ ( ရသုံးမှန်းခြေငွေစာရင်း၊ ပြည်တွင်းအခွန်၊ အကောက်ခွန်၊ မြန်မာ့စီးပွားရေးဘဏ်၊ ရက်ကန်းကျောင်း၊ သမဝါယမ၊ အာမခံ၊ ပင်စင်၊ အသေးစားချေးငွေ ) စသည့်
လုပ်ငန်း၊ အဖွဲ့၊  ဦးစီးဌာနများကို တာဝန်ယူဆောင်ရွက်ပါသည်။