လောဓလေး ကျေးရွာခန်းမဆောင် ဆောက်လုပ်နိုင်ရေး သက်ဆိုင်ရာဌာန တာဝန်ရှိသူများ၊ ကျေးရွာမှတာဝန်ခံ များအား ပြည်နယ်ဝန်ကြီးချုပ် တွေ့ဆုံဆွေးနွေး

2-12-2019-1 1

2-12-2019-1 2

2-12-2019-1 3

(၂၀၁၉ ဒီဇင်ဘာ ၂ )

လွိုင်ကော်မြို့နယ်၊ လောပိတကျေးရွာအုပ်စု၊ လောဓလေးကျေးရွာတွင် ပြည်သူ့အကျိုးပြု ကျေးရွာခန်းမဆောင် တည်ဆောက်နိုင်ရေး မြေနေရာရရှိရန်အတွက် ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ် ဖောင်းရှိုသည် (၂.၁၂.၂၀၁၉)ရက်နေ့ (၁၁:၂၀)နာရီအချိန် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ လောဓလေးကျေးရွာ ခန်းမဆောင် ဆောက်လုပ်မည့် ကော်မတီဝင်များအား တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံရာတွင် လောပိတလျှပ်စစ်ဓာတ်အားပေးစက်ရုံ အခမဲ့မြေလွှဲ ရရှိထား မြေနေရာတွင် လျာထားဆောင် ရွက်လျက်ရှိသည့် အခြေအနေများ၊ စက်ရုံဧရိယာအတွင်း ဆောင်ရွက်မည် ဆိုပါက ပြည်ထောင်စုအဆင့်အနေဖြင့် သဘောထားမှတ်ချက်ပြုထားမှုများ ရှိနေ၍ ဆောင်ရွက်ရန် ခက်ခဲလျက်ရှိသည့် အခြေအနေများအား ရှင်းလင်း တင်ပြခဲ့ပါသည်။

ထို့နောက် တက်ရောက်လာသည့် လောဓလေးကျေးရွာ ခန်းမဆောင် ဖြစ်မြောက်ရေးတာဝန်ရှိသူများက စက်ရုံ ဧရိယာအတွင်း လွတ်ကင်းသည့် အခြားသင့်လျော်သည့် မြေနေရာများတွင် လျာထားဆောင်ရွက်နိုင်ကြောင်း တင်ပြဆွေးနွေးခဲ့ပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်မှ အများပြည်သူအကျိုးအတွက် ဆောင်ရွက်ခြင်းဖြစ်၍ စနစ်တကျ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အခမဲ့ မြေလွှဲ ခွင့်ပြုချက် ရရှိထားသည့် မြေနေရာတွင် ဆောင်ရွက်ရန် မသင့်လျော်ပါကြောင်း၊ ယင်းမြေခွင့်ပြုချက် ထုတ်ပြန်ထားသည့် မူဝါဒ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များကို လေးစားလိုက်နာရမည်ဖြစ်သဖြင့် သက်ဆိုင် ရာတာဝန်ရှိသူများအနေနှင့် အခြား ဖော်ဆောင်ပေးနိုင်မည့် မြေနေရာများအား ကွင်းဆင်း စိစစ်၍ ပြန်လည် တင်ပြဆောင်ရွက်ပေးရန်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပြီး (၁၁:၅၅)နာရီအချိန်တွင် တွေ့ဆုံ ဆွေးနွေးပွဲ အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။