မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်အဖွဲ့အား ပြည်နယ်ဝန်ကြီးချုပ် လက်ခံတွေ့ဆုံ

2-12-2019 1

2-12-2019 2

2-12-2019 3

(၂၀၁၉ ဒီဇင်ဘာ ၂)

ကယားပြည်နယ်အတွင်း မြန်မာ့ရိုးရာခြင်းလုံး အားကစား ရည်ရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ် ဖောင်းရှို သည် (၂.၁၂.၂၀၁၉) ရက်နေ့ (၁၀:၂၀)နာရီအချိန် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ ပြည်နယ်အစိုးရ အဖွဲ့ အတွင်းရေးမှူး၊ သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများ နှင့် အတူ မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အဖွဲ့တို့အား ၎င်း၏ ရုံးခန်း၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံရာတွင် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌတို့မှ မြန်မာနိုင်ငံရိုးရာခြင်းလုံး ကော်မတီ အား ပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ်များတွင် ဆပ်ကော်မတီများဖွဲ့စည်း ဆောင်ရွက်လိုပါကြောင်း၊ ကော်မတီပြင်ဆင်ပြီး နောက်ပိုင်း တစ်နိုင်ငံလုံးအတိုင်းအတာ အနေနှင့် ပြိုင်ပွဲ(၂)ခု ပြုလုပ်ခဲ့ပြီး အသင်းပေါင်း (၃၈)သင်း ယှဉ်ပြိုင်ခဲ့ပါ ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် လူငယ်များ မှ အစ စနစ်တကျဖြင့် ဆက်လက်ထိန်းသိမ်းနိုင်ရန် ဖြစ်ပြီး ပိုင်းလော့ပရောဂျက် အနေနှင့် တိုင်းဒေသကြီး/ပြည်နယ်(၄)ခုတွင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ပြိုင်ပွဲများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဒိုင်သင်တန်းများပေးသွားမည်ဖြစ်ပြီး၊ ရိုးရာခြင်းလုံးဆပ် ကော်မတီ ဖွဲ့စည်းနိုင်ရန်အတွက် အကြိုဆိုနွေးညှိနှိုင်း ထားပြီးဖြစ်ရာ ပြိုင်ပွဲများကျင်းပနိုင်ရေးအတွက် နည်းပညာများ၊ ဒိုင်များပံ့ပိုးခြင်းဖြင့် ကူညီ ဆောင်ရွက်ပေး နိုင်ပါကြောင်း၊ အဓိကအားဖြင့် ကျောင်းများတွင် ပိုမို ဆောင်ရွက်လိုပြီး ကျောင်းပြိုင်ပွဲများကို အဓိကထား ခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် (၆၈)နှစ်မြောက် ကယား ပြည်နယ်နေ့ပွဲတော်တွင် ရိုးရာခြင်းလုံး အလှခတ်ပြပွဲဖြင့် ထည့်သွင်း ဆောင်ရွက်လိုပါကြောင်း၊ မြန်မာ့ရိုးရာခြင်းလုံး အားကစား စနစ်တကျ ဖြင့်ရည်ရှည်တည်တံ့စေရန် ဖြစ်ပြီး လူငယ်များအနေနှင့် တစ်ဦးနှင့်တစ်ဦး ကူညီ ရိုင်းပင်းသည့် စိတ်များ ရှင်သန်ထက်မြက်စေရန်အတွက် ပြည်နယ်မှ ရိုးရာခြင်းလုံးဝါသနာရှင်များနှင့် အတူ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြ ဆွေးနွေးခဲ့ပါသည်။

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်မှ ပြည်နယ် အစိုးရအဖွဲ့အနေနှင့် လိုအပ်သည့်ကဏ္ဍများတွင် ပံ့ပိုး ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး၊ ဆပ်ကော် မတီဖွဲ့စည်းရာတွင် ပြည်နယ်တွင်းရှိ ရိုးရာခြင်းလုံး အားကစားဝါသနာရှင်များနှင့် ပါဝင်သင့်/ထိုက်သည့်သူ များ ဖြင့် ကော်မတီဖွဲ့စည်းဆောင်ရွက်ရန်နိုင်ရေး သက် ဆိုင်ရာတာဝန်ရှိသူများနှင့် ချိတ်ဆက်ဆောင်ရွက် သွားရန် ဖြစ်ကြောင်းဖြင့် ဖြည့်စွက်ဆွေးနွေးခဲ့ကာ (၁၁:၀၀) နာရီအချိန် တွင် တွေ့ဆုံပွဲအောင်မြင်စွာပြီးမြောက်ခဲ့ ပါသည်။