ဘောလခဲမြို့နယ်၊ ရွာသစ်မြို့၊ ဝမ်ဗလကျေးရွာမှ ဒေသခံ ပြည်သူများနှင့် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ကယားပြည်နယ်ဝန်ကြီးချုပ်တို့ တွေ့ဆုံ

1-12-2019-2 1

1-12-2019-2 2

1-12-2019-2 3

(၂၀၁၉ ဒီဇင်ဘာ ၁)

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးစေ လိုသည့် လုပ်ငန်းများအား တင်ပြဆောင်ရွက်နိုင်ရေးနှင့် တင်ပြချက်များအပေါ် လတ်တလော ဖြည့်ဆည်း ဆောင်ရွက်ပေး နိုင်ပါက ဆောင်ရွက်ပေးနိုင်ရေးနှင့် ဘဏ္ဍာရေးနှစ်အလိုက် လျာထားဆောင်ရွက်ပေးနိုင်ရေး အတွက် ကယားပြည်နယ်၊ ဘောလခဲမြို့နယ်အတွင်းရှိ ရွာသစ်မြို့၊ ဝမ်ဗလကျေးရွာနှင့် ဒေါလဲဒူကျေးရွာမှ ဒေသ ခံ ပြည်သူများနှင့် တွေ့ဆုံပွဲ အခမ်းအနားအား (၁.၁၂. ၂၁၀၉) ရက်နေ့ (၁၀၀၀) နာရီအချိန် ဘောလခဲမြို့နယ်၊ ဝမ်ဗလကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ် ခဲ့ပါသည်။

တွေ့ဆုံပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ ကယား ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး၊ သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး၊ ပြည်နယ်အစိုးရ အဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝမ်ဗလ ကျေးရွာမှ တိုင်းရင်းသားမိဘပြည်သူများ စုံလင်စွာ တက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက အဖွင့် အမှာစကားပြောကြား ခြင်း၊ ထို့နောက် ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို က အမှာစကား ပြောကြားရာတွင် ယနေ့တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်လာသူများ အားလုံး မင်္ဂလာ အပေါင်းနှင့် ပြည့်စုံပါစေကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ကို ယုံကြည်မှုရှိစွာဖြင့် ပူးပေါင်းစေ လိုကြောင်း၊ မိမိတို့တိုင်းရင်းသားပြည်သူများ ယုံကြည်စွာ ဖြင့် ပါဝင် လာပြီး ပူးပေါင်းစေလိုပါကြောင်း၊ အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်သည် ဗမာပါတီမဟုတ်ဘဲ တိုင်းရင်းသားများ အား ကိုယ်စားပြုပါတီ ဖြစ်ပါကြောင်း၊ မိမိတို့ပါတီအား ယုံကြည်စွာဖြင့် ဝင်ရောက် ပူးပေါင်းကြစေလိုပါကြောင်း၊ နိုင်ငံ့တာဝန် များကို ထမ်းဆောင်ရာတွင် စေတနာမေတ္တာ များ၊ ရိုးသားမှုများဖြင့် နောင်လာနောင်သားများအတွက် ပြုပြင်ပြောင်းလဲ ဆောင်ရွက်ကြစေလိုပါကြောင်း၊ မိမိတို့ အနေနှင့် ပါတီ၏ ကြိုးပမ်းမှုနှင့် စိတ်ရင်း စေတနာအမှန် ကို ချပြခြင်းဖြစ်ပြီး လက်ရှိကြိုးပမ်း မှုများကို သိရှိ ပူးပေါင်းနိုင်ရေးအတွက် ယခု တွေ့ဆုံပွဲအား ကျင်းပရ ခြင်း ဖြစ်ပါကြောင်း၊ မိမိတို့ပြည်သူ များအနေနှင့် မှန်ကန် ရဲဝံ့စွာ ပြောဆို ဆက်ဆံဆောင်ရွက်နိုင်သည့် အမွေ ကောင်းများကို ပေးစေလို၍ ဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ ပြည်သူများ အနေနှင့် မိမိတို့တင်ပြဆောင်ရွက်လိုသည် များကို တင်ပြ၍ ရပ်ရွာ၊ ပြည်နယ်မှတဆင့် နိုင်ငံတော် တိုးတက်အောင် ကြိုးပမ်းနိုင်ကြစေ လိုကြောင်းဖြင့် အဖွင့်အမှာ စကားပြောကြားခြင်း၊ ယင်းနောက် ကယား ပြည်နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌမှ အဖွင့်အမှာစကား ပြောကြားခြင်းများ ဆောင်ရွက် ခဲ့ပါသည်။

ဆက်လက်ပြီး ဘောလခဲမြို့နယ်အတွင်းရှိ ဝမ်ဗလ ကျေးရွာနှင့် ရွာသစ်မြို့မှ မိဘပြည်သူများမှ မိမိဒေသ အလိုက် လိုအပ်ချက်များအား တင်ပြခဲ့ရာ ဝမ်ဗလ ကျေးရွာမှ ဘုန်းတော် ကြီးကျောင်းအတွက် ကားတစ်စီး လှူဒါန်းပေးရန်၊ ကျေးရွာအတွက် ဆက်သွယ်ရေးဖုန်း တာဝါတိုင်၊ ကျေးရွာချင်းဆက်လမ်းအား ကတ္တရာ လမ်း သို့မဟုတ် ကွန်ကရစ်လမ်း ဆောင်ရွက်ပေးရန်၊ လျှပ်စစ် မီးတိုင်များ သွယ်တန်းပေးရန်၊ ဝမ်ဗလကျေးရွာ မူလတန်း ကျောင်းအတွက် မိတ္တူကူး စက်တစ်လုံး ဖြည့်ဆည်း ဆောင်ရွက်ပေးပါရန်၊ အမက (၀မ်လွဲ့) ကျောင်းအတွက် (၂) ခန်းတွဲ အိမ်သာ တစ်လုံး ဆောင်ရွက်ပေးနိုင်ပါရန်
တင်ပြချက်များအပေါ် ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တင်ပြ ချက်အပေါ် ကဏ္ဍအလိုက် ပံ့ပိုးဖြည့်ဆည်း အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မည့် အခြေ အနေများအား ရှင်းလင်း တင်ပြခဲ့ပြီးနောက် ကျေးရွာဘုန်းတော်ကြီးကျောင်း အုတ်တံတိုင်း (၂) ကန့် အတွက် ငွေကျပ် (၂) သိန်း၊ အမက (ဝမ်ဗလ) စာသင်ကျောင်းအတွက် ငွေကျပ် (၃) သိန်းထောက်ပံ့ ပေးအပ်ခဲ့ခြင်းများ ဆောင်ရွက်ခဲ့ပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်မှ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပြီး အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။