၂၀၁၉ ခုနှစ်၊ ဘောလခဲမြို့နယ် စည်းလုံးခြင်းလူငယ် ဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ

1-12-2019-1 1

1-12-2019-1 2

1-12-2019-1 3

(၂၀၁၉ ဒီဇင်ဘာ ၁)

ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အနေဖြင့် ၂၀၁၉ ခုနှစ်၊ ဘောလခဲမြို့နယ် စည်းလုံးခြင်းလူငယ်ဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား အား (၁.၁၂.၂၀၁၉) ရက်နေ့ (၁၅၁၅)နာရီအချိန် ဘောလခဲမြို့နယ်၊ ချိကွဲ့ ကျေးရွာအုပ်စု၊ စောင်းလော့ ကျေးရွာတွင် ကျင်းပပြုလုပ် ခဲ့ပါသည်။

ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ မကွေးတိုင်း ဒေသ ကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ် ဖောင်းရှို၊ စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဘောလခဲမြို့နယ် အတွင်းရှိ အားကစားဝါသနာ ရှင် မိဘပြည်သူများနှင့် ဘောလုံးအားကစားပြိုင်ပွဲဝင်အသင်းများ စုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက အားပေး အဖွင့် အမှာစကား ပြောကြားရာတွင် ကယားပြည်နယ် ဘောလုံးအသုံး အနေနှင့် တိုင်းဒေသကြီး/ပြည်နယ် ဘောလုံးပြိုင်ပွဲများ တွင် အောင်မြင်သည့် အသင်းတစ်သင်းဖြစ်အောင် ကြိုးပမ်းကြစေလိုကြောင်း၊ ဘောလုံးယှဉ်ပြိုင်ရာတွင် လည်း အားကစားသမား စိတ်ဓာတ်အပြည့် အဝထားရှိပြီး ယှဉ်ပြိုင်ခြင်းသာ အဓိကကျပါကြောင်း၊ လာမည့် မျိုးဆက် အားကစားသမားများအနေနှင့် ပြည်နယ်ဂုဏ်၊ နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်သည့် အားကစားသမားများ ဖြစ်အောင် ကြိုးပမ်းကြစေလိုကြောင်း အဖွင့်အမှာ စကား ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူးက အားကစားပစ္စည်းများ ပေးအပ် ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ခံဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်၍ အစီအစဉ်အရ ဘောလုံးအားကစား ပြိုင်ပွဲ ဝင် အသင်းများမှ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာပြီး ဘောလုံးပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ဒို့ခေတ်၊ (လွိုင် ဆမ်ဆစ်) ကုမ္ပဏီမှ (၁၅)သိန်းနှင့် အင်္ကျီ အထည်(၅၀၀) အား လည်းကောင်း၊ ကယားတောင်တန်း၊ ကယား ငွေသဇင်နှင့် ရွှေစကားဝါထွန်း ကုမ္ပဏတို့မှ (၅)သိန်း စီဖြင့် စုစုပေါင်း ငွေကျပ်(၁၅)သိန်းအား လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး ကူညီထောက်ပံ့ပေးသည့် ကုမ္ပဏီ များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းများ ဆောင် ရွက်ခဲ့ပါသည်။

ယင်းနောက် အထက(ဘောလခဲ) ကျောင်းသူလေးများ အဖွဲ့မှ fitness dance ဖြင့် ကပြဖျော်ဖြေဆောင်ရွက်ခဲ့ပြီး အစီအစဉ်အရ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ၂၀၁၉ ခုနှစ်၊ ဘောလခဲမြို့နယ် စည်းလုံးခြင်းလူငယ်ဖလား ဘောလုံးပြိုင်ပွဲအား ကွင်း အတွင်းသို့ ဘောလုံးကန်သွင်း၍ ဖွင့်လှစ်ပေးခဲ့ပြီး ဖွင့်ပွဲ အခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့ ပါသည်။