ဘောလခဲမြို့နယ်၊ ဒေါလဲဒူကျေးရွာသစ် ဆိုင်းဘုတ်တင် အခမ်းအနားကျင်းပ

1-12-2019 1

1-12-2019 2

1-12-2019 3

(၂၀၁၉ ဒီဇင်ဘာ ၁)

ကယားပြည်နယ်၊ ဘောလခဲမြို့နယ်အတွင်းရှိ ကျေးရွာ နေပြည်သူများအတွက် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက် လာစေရန်နှင့် ပြည်သူများအနေဖြင့် ကိုယ်ပိုင်မြေနေရာ ပိုင်ဆိုင်မှုဖြင့် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်းရာ လုံခြုံမှုရရှိ စေရန် အတွက် ဒေါလဲဒူကျေးရွာသစ် ဆိုင်းဘုတ်တင် အခမ်းအနားအား (၁.၁၂.၂၀၁၉)ရက်နေ့ (၀၉၀၀)နာရီ အချိန် ဘောလခဲမြို့နယ်ရှိ အဆိုပါ ဒေါလဲဒူကျေးရွာသစ် အကောင်အထည်ဖော် ဆောင်ရွက်ဆဲ မြေနေရာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင် မိုးညို၊ ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ကယားပြည် နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများမှ တက်ရောက်ခဲ့ပါ သည်။

ရှေးဦးစွာ ဒေါလဲဒူကျေးရွာသစ် ဆိုင်းဘုတ်အား မကွေး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် နှင့် ကယားပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌနှင့် ဒေသခံပြည်သူတို့မှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ခဲ့ပါ သည်။

ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက အဖွင့်အမှာစကားပြောကြား ခြင်း၊ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ် လ်ဖောင်းရှိုက အဖွင့်အမှာ စကား ပြောကြားရာတွင် ယနေ့ အခမ်းအနားအား ဦးစီးဦးဆောင် ပြုလုပ် ဆောင်ရွက် ပေးသည့် ဒေါလဲဒူကျေးရွာမှ တာဝန်ခံများနှင့် ပူးပေါင်းဆောင်ရွက်သူများ အားလုံးကို ကျေးဇူးတင် ရှိပါကြောင်း၊ ယခုအခါ မိမိတို့ပါတီ၏ ဗဟိုအလုပ် အမှု ဆောင် အဖွဲ့များကိုယ်တိုင် တက်ရာက် ပေးသည့် အတွက် အင်အားတစ်ရပ်ဖြစ်စေပါကြောင်း၊ ယခု ဒေါလဲဒူ ကျေးရွာသစ်အား တိုးချဲ့ဆောင် ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ တစ်ချိန်က ရွာရှောင်သဘောမျိုးဖြစ်ခဲ့ပါ ကြောင်း၊ ရေမရရှိသေးသည့် အတွက် ရေရရှိရေးကဏ္ဍ များနှင့် ရွာတိုးချဲ့ ဆောင်ရွက်ခြင်းများကို မူဝါဒများနှင့် အညီ ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် လျှပ်စစ်မီးရရှိရေးအတွက်လည်း ရန်ပုံငွေများ ရရှိအောင် ကြိုးပမ်း ပေးသွားမည်ဖြစ်ပါကြောင်း၊ မကြာမီ ရေရရှိရေး လုပ်ငန်းများအတွက် ရန်ပုံငွေများ ချထား ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက လာရောက်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ စာသင် ကျောင်းဝန်းကျဉ်းနေသည်ကို သိရှိရပြီး ရွာသူသားများ အားလုံးက ညီညွတ်စွာဖြင့် ဆောင်ရွက် မည်ဆိုပါက အောင်မြင်နိုင်မည်ဖြစ်ရာ အားလုံးဖြည့်ဆည်း ပေးနိုင်ရေး အတွက်လည်း ကြိုးပမ်းပေး သွားမည်ဖြစ်ပါကြောင်း၊ ရွာသစ်မြို့တွင် ဆရာဝန်တစ်ဦးရရှိရေးအတွက် အမြန်ဆုံး ခန့် အပ်နိုင်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်း၊ မိမိအနေနှင့် ပြည်သူများ၏ တင်ပြချက်များကို အမြဲအလေး ထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သို့ဖြစ်ရာဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် အမြဲ ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပြီး စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးတည်ဆောက် နိုင်ရန်အတွက် တစ်ဦးနှင့်တစ်ဦးချစ်ခြင်း မေတ္တာများဖြင့် ပူးပေါင်းဆောင် ရွက်နိုင်ကြပါစေကြောင်း အားပေး အမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက် ဒေသခံပြည်သူတစ်ဦးမှ တင်ပြရာတွင် မိမိပိုင်မြေယာအား ပေးအပ်လှူဒါန်းခဲ့ပြီး မိမိကြိုက်နှစ် သက်ရာ မြေကွက်ပေးမည်ဟု ပြောကြားခဲ့သော်လည်း မြေပြင်အခြေအနေတွင် အကောင် အထည်ဖော်ပေးခြင်း မရှိသေးသဖြင့် ဆောင်ရွက်ပေးရန် တင်ပြခဲ့မှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်မှ ယခင်သဘောတူညီခဲ့သည့် အတိုင်း မြေယာပိုင်ရှင်နှစ်ဦးအား ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်ပေးသွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်ပြီး ရွာသစ်မြို့ သွားလမ်း တိုးချဲပြင်ဆင်ပေး ရန်၊ သစ်ပင်ခြုံနွယ်များ ထူထပ်လျက်ရှိသဖြင့် အန္တရာယ် များပြားခြင်း များကြောင့် ကူညီရှင်းလင်းဆောင်ရွက် ပေးသွားရန် ပြောကြားခဲ့မှုအပေါ် ကယားပြည်နယ် ၀န်ကြီးချုပ် မှ ရွာသစ်မြို့နယ်တွင် မြေငှားဂရန်ပေးအပ်ပွဲ နှင့်အတူ လူထုတွေဆုံပွဲနှင့် ကွင်းဆင်းစစ်ဆေးခြင်းများ အား မကြာမီလာရောက်ရန် ခရီးစဉ်ရေးဆွဲပြီးဖြစ် ကြောင်း ပြောကြားခဲ့ပြီး ကျေးရွာသစ် ဆိုင်းဘုတ် တင်အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။