၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ကယန်းတိုင်းရင်းသား ရေးရာဝန်ကြီး တစ်ဦး ရရှိရေးကိစ္စနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကျင်းပ

30-11-2019 1

30-11-2019 230-11-2019 3

(၂၀၁၉ နိုဝင်ဘာ ၃၀)

၂၀၂၀ ပြည့်နှစ်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲ တွင် ကယားပြည်နယ် အနေနှင့် ကယန်းတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး တစ်ဦး ရရှိနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်း အစည်း အဝေး အား (၃၀.၁၁.၂၀၁၉)ရက်နေ့ (၁၃၀၀)နာရီအချိန် ပြည်နယ်အစိုးရ အဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး ချုပ်၊ လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ စိုက် ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ စည်ပင်သာယာ ရေးနှင့်လူမှုရေး ဝန်ကြီး၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ကယန်း တိုင်းရင်းသား ရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ လွှတ်တော်ကိုယ် စားလှယ်များ၊ ပြည်နယ်အဆင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ကယန်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ အဖွဲ့ဝင်များနှင့် ဖိတ်ကြားထား သူများ စုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦ:အယ်လ်ဖောင်းရှိုက အဖွင့်အမှာ စကား ပြောကြားရာ တွင် ယနေ့အစည်းအဝေးသို့တက်ရောက်လာသည့် တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေကြောင်း၊ ယနေ့ အစည်းအဝေးသည် မိမိတို့ပြည်နယ်၏ လူဦးရေ အများဆုံး ကယန်းတိုင်းရင်းသား ရေးရာဝန်ကြီးတစ်ဦး ရရရှိရေးအတွက် ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်များအရ နိုင်ငံလူဦးရေ၏ (၀.၁) ရာခိုင်နှုန်း ကျော်လွန်ပါက တိုင်းရင်းသားရေးရာဝန်ကြီး ခန့်အပ်နိုင် သည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ သို့ဖြစ်ရာ တိုင်းရင်းသား ရေးရာ ဝန်ကြီးတစ်ဦးရရှိရေးအတွက် တင်ပြထားရှိပြီး ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စား လှယ်များကလည်း အလားတူ တင်ပြထားရှိပြီး လူဦးရေ စာရင်းများအရ မိမိတို့ပြည်နယ်တွင် ကယန်းတိုင်းရင်း သားလူဦးရေ (၇)သောင်းခန့် ရှိနေပြီဖြစ်ရာ ယင်းအတွက် ဖော်ဆောင်နိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ မေးမြန်း ချက်များအရ မိမိတို့ပြည်နယ်တွင် လူမျိုးအလိုက် လူဦး ရေစာရင်းများကို သတ်မှတ်ရမည်ဖြစ်ရာ သက်ဆိုင်ရာ တာဝန်ရှိ ဌာနများ အနေနှင့် ပြန်လည်ဖြေကြား ဆောင်ရွက် ပေးရမည်ဖြစ်ပါကြောင်း၊ ယင်းသို့ သတ်မှတ်ပြီးမှသာ ကယန်းတိုင်းရင်းသားလူဦးရေ အနေ နှင့် နိုင်ငံလူဦးရေ၏ (၀.၁) ရာခိုင်နှုန်းနှင့် အထက်ရှိမှသာ လျှင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ယင်းကိစ္စရပ်နှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်မှလည်း ဆောင် ရွက်နိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ဖြေကြား ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ယခုအစည်းအဝေး၌ မိမိအနေနှင့် တည်ဆဲ စည်းမျဉ်း စည်းကမ်းများနှင့် ညီညွတ်မည်ဆိုပါက အစည်းအဝေးဆုံး ဖြတ်ချက်များနှင့် အတူ အဆင့်ဆင့် ဆက်လက်တင်ပြ ဆောင်ရွက်ရမည် ဖြစ်သဖြင့် မူဝါဒများ၊ ဥပဒေပြဋ္ဌာန်းချက်များနှင့် အညီ ဆောင်ရွက်နိုင်ရေး ဆွေးနွေးပေးကြစေလိုကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက် ကယန်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးပေါလူချမ်းမှ ကယန်းတိုင်းရင်းသားရေးရာ ဝန်ကြီးတစ်ဦး ရရှိရေးကိစ္စနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြရာ ပြည်နယ်အတွင်း ကယန်းတိုင်းရင်းသားဦးရေ စိစစ်ထားရှိမှု အခြေအနေများ၊ အခြားတိုင်း ဒေသကြီး၊ ပြည်နယ်များတွင် ဌာနေတိုင်းရင်းသားများအနေနှင့် တိုင်းရင်းသားရေးရာ ဝန်ကြီး တာဝန်ထမ်းဆောင်နေမှု အခြေအနေများအား ရှင်းလင်း တင်ပြဆောင်ရွက်ခဲ့ ပါသည်။

ယင်းနောက် ကယားပြည်နယ်အစိုးရအဖွဲ့ လမ်းပန်း ဆက်သွယ်ရေးနှင့်လျှပ်စစ် ဝန်ကြီးမှ ကယန်းတိုင်းရင်း သားရေးရာဝန်ကြီးတစ်ဦး ရရှိရေးနှင့်စပ်လျဉ်း၍ လိုအပ် သည်များ အကြံပြုဖြည့်စွက် ဆွေးနွေးခြင်း၊ တက် ရောက်လာသော အမျိုးသားလွှတ်တော်ကိုယ်စားလှယ် များက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးရာတွင် ကယန်းတိုင်းရင်းသားရေးရာ ဝန်ကြီးရ ရှိရေးအတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှု ရှိပါက ဖော်ဆောင်နိုင်ရေး ကြိုးပမ်း ပေးစေလိုကြောင်းဖြင့် ဖြည့်စွက်ဆွေးနွေးပါသည်။

ယင်းနောက် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌမှ ကယန်းတိုင်းရင်းသား ရေးရာ ဝန်ကြီးရရှိနိုင်ရေး ကိစ္စနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း၊ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ပြည်နယ်ကော်မရှင် အရာရှိမှ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ယခင် ဆောင် ရွက်ခဲ့သည့် လုပ်ငန်းစဉ်များအား ပြန်လည်ရှင်းလင်း တင်ပြခြင်းနှင့် စီမံဆောင်ရွက်နိုင် သည့် အခြေအနေ များအား တင်ပြခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးများ ခန့်အပ်တာဝန် ပေးအပ်ထားသည့် အခြေအနေများ ရှင်းလင်းတင်ပြ ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ထို့နောက် ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာရုံးမှ ပြည်နယ် အတွင်း ကယန်းတိုင်းရင်း သားရေးရာဝန်ကြီး ရရှိရေးကိစ္စနှင့်စပ်လျဉ်း၍ မြို့နယ် အလိုက် လူဦးရေစာရင်း စိစစ်ကောက်ယူဆောင်ရွက်ပြီး တင်ပြထားရှိမှု အခြေအနေများအား ရှင်းလင်း တင်ပြ ခဲ့ပါသည်။

ထို့နောက် တက်ရောက်လာသူများမှ ကယန်းတိုင်းရင်း သားရေးရာဝန်ကြီးတစ်ဦး ရရှိရေးအတွက် အကြံပြု ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး (၁၃၅၀)နာရီအချိန်တွင် အစည်းအဝေး အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။