ကုန်းသာကျေးရွာတွင် ရင်သွေးရိပ်မြုံ မူကြိုကျောင်းဆောင်သစ် ဖွင့်လှစ်

29-11-2019 1

29-11-2019 2

29-11-2019 3

(၂၀၁၉ နိုဝင်ဘာ ၂၉)

မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို)နှင့် ကယားပြည်နယ် မိခင်နှင့် ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ တို့၏ ထောက်ပံ့ငွေဖြင့် ဆောက်လုပ်ပြီးစီးခဲ့သော ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာ ရင်သွေးရိပ်မြုံ မူကြိုကျောင်းဆောင်သစ် ဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲက အဆိုပါ မူကြိုကျောင်းဆောင်သစ် ရှေ့၌ ကျင်းပသည်။

ရှေးဦးစွာ မူကြိုကျောင်းဆောင်သစ်အား ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး ကော်မတီ နာယက ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်မြင့်မြင့်မော်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ၏ ဇနီး ဒေါ်နန်းစောခင်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ၏ ဇနီး ဒေါ်ခင်မမွှေး၊ ပြည်နယ်သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၏ ဇနီး ဒေါ်ငါးမြာနှင့် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၏ ဇနီး ဒေါ်လေးလေးထွန်း တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ထို့နောက် တာဝန်ရှိသူများက မူကြိုကျောင်း ကလေးငယ်များအတွက် လိုအပ်သော စောင်၊ ခြင်ထောင်၊ ခေါင်းအုံ၊ မူကြိုဆရာမအတွက် ဝတ်စုံနှင့် ကလေးငယ်များအတွက် အာဟာရထောက်ပံ့ငွေများကို ပေးအပ်ခဲ့ သည်။

အဆိုပါ မူကြိုကျောင်းဆောင်သစ်သည် မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို) နှင့် ကယားပြည်နယ် မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ တို့ ပူးပေါင်း၍ ကျောင်းဆောင်အတွက် ထောက်ပံ့ငွေကျပ် ၆၅ သိန်း၊ ခြံစည်းရိုးကာရံခြင်းနှင့် ယင်လုံအိမ်သာအတွက် ထောက်ပံ့ငွေကျပ် ၂၅ သိန်း စုစုပေါင်း ငွေကျပ် ၉၀ သိန်းဖြင့် ဆောက်လုပ်ခဲ့ကြောင်း သိရသည်။

မူကြိုကျောင်းဆောင်သစ် ဖွင့်ပွဲသို့ ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးကော်မတီ နာယက ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်မြင့်မြင့်မော်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ၏ ဇနီး ဒေါ်နန်းစောခင်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ၏ ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၏ ဇနီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ နှင့် အဖွဲ့ဝင်များ၊ ကျေးရွာပြည်သူလူထုများ တက်ရောက်ကြကြောင်း သိရသည်။