ပြည်နယ်လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး

electric-minister 
 အမည်     ဦးစောဟူးဟူး
အဘအမည်    ဦးစောဂရီး
လူမျိုး/ဘာသာ    ကရင်/ခရစ်ယာန်
 မွေးသက္ကရာဇ်     ၁၈-၁၁-၁၉၆၄
မွေးဖွားရာဇာတိ    ဒေါဗျာကူးကျေးရွာ၊ ဒီးမော့ဆိုမြို့နယ်
 ပညာအရည်အချင်း     ဖွံ့ဖြိုးရေးကျောင်းဆင်း
မဲဆန္ဒနယ်    ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၁)၊ ဖရူဆိုမြို့နယ်
ကိုယ်စားပြုပါတီ/တသီးပုဂ္ဂလ    ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
ပြည်နယ်အစိုးရအဖွဲ့တွင် ထမ်းဆောင်သည့်တာဝန်    ပြည်နယ်လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဌာန၊ ဝန်ကြီး
 စတင်တာဝန်ထမ်းဆောင်သည့်နေ့     ၃၀-၃-၂၀၁၁

 

ကိုယ်ရေးဖြစ်စဉ်အကျဉ်းချုပ်

  • အခြေခံပညာကို ဖရူဆို အ-လ-က တွင် ပညာသင်ယူခဲ့ပါသည်။
  • ၁၉၈၇ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ မူလတန်းကျောင်းအုပ်ဆရာအဖြစ် လုပ်ကိုင်ဆောင်ရွက်ခဲ့ပါသည်။
  • ထို့နောက် ၁၉၈၈ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ ဖရူဆိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။
  • ၂၀၀၄ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ဒီးမော့ဆိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။
  • ဆက်လက်ပြီး ၂၀၀၄ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ အမျိုးသားညီလာခံ တိုင်းရင်းသားကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ပါသည်။
  • ယင်းနောက် ၂၀၁၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဖရူဆိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ပါသည်။

 

တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဌာန/လုပ်ငန်း/အဖွဲ့အစည်းများ

၁။ ပြည်နယ်အစိုးရအဖွဲ့၊     အဖွဲ့ဝင်  
၂။ (လျှပ်စစ်၊ မဟာဓါတ်အားလိုင်းမှူးရုံး၊ ရေနံ၊ ဘီလူးချောင်း(၁)၊ ဘီလူးချောင်း(၂)၊ စက်မှုကြီးကြပ်) စသည့် လုပ်ငန်း၊ အဖွဲ့၊  ဦးစီးဌာနများကို တာဝန်ယူဆောင်ရွက်ပါသည်။