“မငြိမ်းချမ်းလို့မဖြစ်ဘူး” တေးသီချင်းဖျော်ဖြေရေး အဖွဲ့နှင့် ဝန်းရံခဲ့သူများအား ညစာဖြင့် တည်ခင်းဧည့်ခံ

8-11-2019-1 1

8-11-2019-1 2

8-11-2019-1 3

(၂၀၁၉ နိုဝင်ဘာ ၈)

ကယားပြည်နယ်မှ တိုင်းရင်းသားလူငယ်များ၏ အနု ပညာဖြင့် စုပေါင်းပုံဖော် ဖန်တီးထားသော “မငြိမ်းချမ်း လို့ မဖြစ်ဘူး” တေးသီချင်း ဖျော်ဖြေရေးအဖွဲ့နှင့် ဝန်းရံ ခဲ့ကြ သူများအား ကယားပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြု ညစာဖြင့် တည်ခင်းဧည့်ခံခြင်း အခမ်းအနားအား (၈.၁၁. ၂၀၁၉)ရက်နေ့ (၁၈၀၀)နာရီအချိန် လွိုင်ကော်မြို့၊ ပြည် နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ ကယားပြည်နယ် အစိုးရ အဖွဲ့ ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်၊ အင်္ဂလီ ကန် အသင်းတော် ဂိုဏ်းချုပ် ဆရာတော်၊ ခရစ္စတူးဘုရင် ဘုရားရှိခိုး ကျောင်း (ဗဟို)ဘုန်းတော်ကြီး၊ ပြည်နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မငြိမ်းချမ်းလို့ မဖြစ်ဘူး တေးသီချင်းအား စုပေါင်း ပုံဖော်ဖန်တီးခဲ့ ကြသော တိုင်းရင်းသားလူငယ် မောင်မယ်များနှင့် ဝန်းရံခဲ့ကြသူ များနှင့် ဖိတ်ကြားထား သူများ စုံလင်စွာ တက်ရောက်ခဲ့ ကြပါသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ကြွရောက်လာသူများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံ ကြပါစေကြောင်း၊ ယနေ့ ဂုဏ်ပြုညစာစားပွဲသို့ တက် ရောက်လာသည့် ဆရာတော်ကြီးများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ “မငြိမ်းချမ်းလို့မဖြစ်ဘူး” တေးသီချင်းပုံဖော်ဖန်တီးခဲ့ကြသည့် တိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံး ကိုယ်ရော စိတ်ပါ ကျန်းမာ ချမ်းသာပါစေကြောင်း၊ ယနေ့သည် ပြည်နယ် အတွက် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့် ညနေခင်း တစ်ခုဖြစ်ပါကြောင်း၊ ခေတ်အဆက်ဆက် သမိုင်းများ၊ စနစ်များကို ပြန်ကြည့်မည်ဆိုပါက မိမိတို့ပြည်နယ်သည် အကြောက်တရားများဖြင့် ကြီးစိုးခဲ့ပါကြောင်း၊ မိမိတို့ ပြည်နယ်သည် အသေးငယ်ဆုံး၊ လူဦးရေအနည်းဆုံးဟု မှတ်ယူသော်လည်း စည်းလုံး ညီညွတ်မှု အရှိဆုံးပြည်နယ် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးအတွက် အမှန်တကယ်လိုအပ်သည့် သီချင်း ခေါင်းစဉ်နှင့် သီချင်းကောင်းတစ်ပုဒ်ဖြစ်ပြီး လူတိုင်း၏ နှလုံးသားတွင် ရောက်ရှိသွားအောင် လုပ်ဆောင်နိုင်ခဲ့ပါ ကြောင်း၊ မိမိတို့ပြည်နယ်တွင်းရှိ တိုင်းရင်းသားများ၏ စုစည်းမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် တေးသီချင်းအတွက် ဂုဏ်ယူစရာ တစ်ရပ်ဖြစ်ပါကြောင်း၊ သီချင်းအား ရေးစပ် သီကုံးခဲ့သည့် တေးရေးဆရာများ၊ သီဆိုပေးခဲ့သည့် အနု ပညာရှင်များကိုလည်း များစွာ ကျေးဇူးတင်ပါကြောင်း၊ ယခုသီချင်းတွင်ပါဝင်သည့် ခေါင်းစဉ်နှင့် စာသားများ၏ အဓိပ္ပါယ်သည် များစွာသာလွန်ကောင်းမွန်ပါကြောင်း၊ မိမိတို့ ပြည်နယ်အနေနှင့် ငြိမ်းချမ်းရေးကဏ္ဍအတွက် ယင်းတေးသီချင်းအား ပါဝင်လှူဒါန်းနိုင်ခဲ့ပြီး တစ်နိုင်ငံ လုံးသိရှိအောင် ချပြနိုင်ခဲ့ပါကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ မိမိတို့ပြည်နယ်မှ ဦးဆောင်ဦးရွက်ပြု၍ ဝန်းရံခဲ့သည်ကို အားလုံး၏ အလယ်တွင် ချပြနိုင်ခဲ့သည့် အတွက်လည်း များစွာဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ ဖြစ်ပါကြောင်း၊ ယနေ့ ဂုဏ်ပြုညစာစားပွဲ အခမ်းအနား သည် ယင်းသို့ ဖော်ဆောင်ခဲ့သူများကို ဂုဏ်ပြုခြင်းဖြစ်ပါ ကြောင်း၊ “ပုခက်တွင်းက ဆင်းတာနှင့် စစ်တလင်းက ဆီးကြိုနေသလား” စာသားသည် လွန်စွာထိရောက် ပါကြောင်း၊ ယင်းသီချင်းကို ဖန်တီးရာတွင် ခံစားချက် များစွာ ထည့်သွင်း ရေးစပ်သီကုံးထားသည်ကို တွေ့မြင် ရပါကြောင်း၊ မိမိတို့ပြည်နယ်တွင်းရှိ မျိုးဆက်သစ်လူငယ် များကို လက်တွဲခေါ် ပုံဖော်နိုင်ခဲ့ပါကြောင်း၊ ပြည်နယ် တစ်ဝှမ်းလုံးရှိ တိုင်းရင်းသားညီအစ်ကိုများစွာ ပါဝင်ပါ ကြောင်း၊ ငြိမ်းချမ်း ရေးနှင့် ပတ်သက်၍ လူတိုင်းတွင် တာဝန်ရှိသည်ဖြစ်ရာ မရ ရအောင် ကြိုးစားအားထုတ် ဆောင်ရွက်နိုင်ရန် အသိတရားများ ပေးနိုင်ခဲ့ပါကြောင်း၊ ထို့အပြင် အငြိုး၊ အမုန်း၊ အာဃာတများ၊ မတူကွဲပြားမှု များနှင့်ပတ်သက်သည့် သီချင်းစာသားများနှင့် ပတ်သက် ၍ လည်း ပြောလိုပါကြောင်း၊ ယင်းသီချင်းလေးကြောင့် အားလုံးကို စုစည်းစေပြီး စည်းလုံးညီညွတ်မှု ဖြစ်စေပါ ကြောင်း၊ နိုင်ငံတော်အကြီးအကဲများ ကိုယ်တိုင်က သီချင်း ပုံဖော်ဖန်တီးသူများကို ဂုဏ်ပြုချီးမွမ်း ပြော ဆိုခဲ့ပါကြောင်း၊ သို့ဖြစ်ရာ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မိမိတို့အားလုံးတွင် တာဝန်ရှိသည့်အလျောက် အငြိုး၊ အမုန်း၊ အာဃာတများကိုထားခဲ့ပြီး စစ်မှန်သော ဒီမိုကရေ စီဖက်ဒရယ် ပြည်ထောင်စုကို ရောက်ရှိအောင် မိမိတို့၏ အသိစိတ်ဓာတ်များဖြင့် ဝန်းရံ ဆောင်ရွက်ကြစေလို ကြောင်းဖြင့် ဂုဏ်ပြုအဖွင့် အမှာစကား ပြောကြားခဲ့ပါ သည်။

ထို့နောက် အင်္ဂလီကန်အသင်းတော် ဂိုဏ်းချုပ်ဆရာ တော် စတိုင်လိုမှငြိမ်းချမ်းရေး အတွက် အားပေးအမှာ စကားပြောကြားခြင်း၊ ခရစ္စတူးဘုရင် ဘုရားရှိခိုးကျောင်း (ဗဟို)ဘုန်းတော်ကြီး ဖိလစ်အောင်ငဲမှ အားပေး အမှာ စကား ပြောကြားခြင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တစ် တပ်ဦးမှ ရဲဘော်ဆန်နီ မှ ဂုဏ်ပြုအားပေးစကား ပြောကြားခြင်းများ ဆောင်ရွက် ခဲ့ပါသည်။

ဆက်လက်၍ မငြိမ်းချမ်းလို့မဖြစ်ဘူး တေးသီချင်းရေး စပ်ပုံဖော်သူ ဒါရိုက်တာ ကိုမင်းသိုက်မှ တေးသီချင်းပုံဖော် ဖန်တီးခဲ့မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ မငြိမ်း ချမ်းလို့မဖြစ်ဘူး တေးသီချင်းရိုက်ကူးခဲ့မှုနှင့်ပတ်သက်၍ ဦးဝင်းမော်မှ ဂုဏ်ပြုစကားပြောကြားခြင်းများ ဆောင်ရွက် ခဲ့ပါသည်။

ယင်းနောက် NCA (၄)နှစ်ပြည့် အထိမ်းအမှတ် အခမ်း အနား တွင် ဖျော်ဖြေတင်ဆက်ခဲ့မှု Video Clip အား ပြသခြင်းများ ဆောင်ရွက်ခဲ့ပြီး ဦးသက်နောင်ထွန်း (သစ်လွင်အောင်-လွိုင်ကော်)မှ ကျေးဇူးတင်စကား ပြောကြားခြင်း၊ ကယားတိုင်းရင်းသားများ၏ ရိုးရာ ကေ့ထျိုးဘိုး ဂေါပကအဖွဲ့ချုပ် နာယကကြီး ဦးလိရယ် မောင်သိန်းမှ ဆုတောင်းမေတ္တာပို့ သခြင်းများ ဆောင်ရွက် ခဲ့ပြီး ဂုဏ်ပြုညစာဖြင့် တည်ခင်း ဧည့်ခံခဲ့ ပါသည်။

ဆက်လက်၍ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အက အဖွဲ့များက ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်မှ ရိုးရာအကအဖွဲ့များအား ဂုဏ်ပြု ပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ဂုဏ်ပြုခဲ့ပါသည်။

ယင်းနောက် အခမ်းအနားကို “ မငြိမ်းချမ်းလို့ မဖြစ်ဘူး” တေးသီချင်းအား တက်ရောက်လာသူများအားလုံးက စုပေါင်းဂုဏ်ပြုသီဆို၍ ဂုဏ်ပြုညစာစားပွဲအား ပိတ်သိမ်း ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အခမ်း အနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။