ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စုပေါင်းသွေးလှူဒါန်းပွဲ ပြုလုပ်

5-11-2019 1

5-11-2019 2

5-11-2019 3

(၂၀၁၉ နိုဝင်ဘာ ၅)

ကယားပြည်နယ် ၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့ နံနက်(၉)နာရီက လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံ၌ ပြုလုပ်ခဲ့သည်။

အဆိုပါသွေးလှူဒါန်းပွဲတွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အတွင်းရေးမှူး ဦးအံ့မောင်၊ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးသိန်းဇော် တို့၏ ကြီးကြပ်မှုဖြင့် ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသ ခံယူသည့် လူနာများအား သွေးလိုအပ်ပါက အချိန်မီ သွေးသွင်းနိုင်ရေးအတွက် ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်း (၂၀) ဦးက စုပေါင်းသွေးလှူဒါန်းခဲ့ကြရာ တာဝန်ရှိသူများက သွေးအလှူရှင်များအား ကျန်းမာရေး ပြန်လည်ပြည့်ဝလာရေး အတွက် အာဟာရပြည့်အစားအသောက်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။