ပြည်နယ်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး

project-manager 
 အမည်     ဦးတော့ရယ်
အဘအမည်    ဦးဘူးရယ်
လူမျိုး/ဘာသာ    ကယား/ဗုဒ္ဓ
 မွေးသက္ကရာဇ်     ၁၅-၄-၁၉၅၅
မွေးဖွားရာဇာတိ    ဒေါလျားလီရွာ၊ ဒီးမော့ဆိုမြို့နယ်
 ပညာအရည်အချင်း     H.S.F အောင်
မဲဆန္ဒနယ်    ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၁)၊ ဒီးမော့ဆိုမြို့
ကိုယ်စားပြုပါတီ/တသီးပုဂ္ဂလ    ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
ပြည်နယ်အစိုးရအဖွဲ့တွင် ထမ်းဆောင်သည့်တာဝန်    ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန၊ ဝန်ကြီး
 စတင်တာဝန်ထမ်းဆောင်သည့်နေ့     ၃၀-၃-၂၀၁၁

 

ကိုယ်ရေးဖြစ်စဉ်အကျဉ်းချုပ်

  • အခြေခံပညာကို နန်းမယ်ခုံ အ-လ-က နှင့် အ-ထ-က(၁)၊ လွိုင်ကော်မြို့ တို့တွင် သင်ယူခဲ့ပါသည်။
  • ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် စာရေးအဆင့်ဖြင့် စတင်ထမ်းဆောင်ခဲ့ပါသည်။ ထို့နောက် ၁၉၈၁ခုနှစ်မှ ၂၀၁၀ခုနှစ်ထိ မြို့နယ်ဒုတိယဦးစီးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ကျွမ်းကျင်အရာရှိအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။
  • ထို့နောက် ၁၉၇၄ ခုနှစ်မှ ၁၉၇၈ ခုနှစ်အထိ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကောင်စီအတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့ပြီး ၁၉၇၈ ခုနှစ်မှ ၁၉၈၁ ခုနှစ်အထိ မြို့နယ်ပြည်သူ့ကောင်စီဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။
  • နိုင်ငံ့ဝန်ထမ်းတာဝန်ထမ်းဆောင်စဉ် မင်္ဂလာဒုံဗဟိုနိုင်ငံရေးတက္ကသိုလ်၊ အခြေခံနိုင်ငံရေးသင်တန်း၊ ဖောင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်၊ အခြေခံစာရေးဝန်ထမ်းသင်တန်း (ဗလ)၊ ပြည်သူ့ရေးရာစီမံခန့်ခွဲရေးသင်တန်း(အောင်ဆန်း)၊ အထူးမွမ်းမံသင်တန်း၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူး များစွမ်းရည်မြင့်သင်တန်းနှင့်အခြားသင်တန်းများ တက်ရောက်ခဲ့ပါသည်။ ၁၉၉၅-၉၆ခုနှစ်အတွင်း ကယားပြည်နယ်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌအဖြစ်တာဝန် ထမ်းဆောင်ခဲ့ပါသည်။ ၂၀၁၀ခုနှစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမှုဆောင်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါသည်။
  • ယင်းနောက် ၂၀၁၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဒီးမော့ဆိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ပါသည်။

 

တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဌာန/လုပ်ငန်း/အဖွဲ့အစည်းများ

၁။ ပြည်နယ်အစိုးရအဖွဲ့၊     အဖွဲ့ဝင်  
၂။ ပြည်နယ်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန လုပ်ငန်းတာဝန်များကို တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။